Connect with us

Culture & Entertainment

ကွမ်ရှီး ကျောက်တုံး ပန်းချီများ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းဝင်ဖြစ်လာ

ကွမ်ရှီးကျွမ်းဒေသရှိ Zuojiang မြစ်၏ ကီလိုမီတာ ၂၀၀ ရှည်သည့် မြစ်ကမ်း တလျှောက်ရှိ မြေပြင်ရှုခင်း အား တွေ့ရစဉ် (ဆင်ဟွာ)

အစ္စတန်ဘူလ်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်ရှီးကျွမ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှ ကျောက်တုံး ပန်းချီများအား ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ်အဖြစ် ဇူလိုင်လ ၁၅ ရက်က အစ္စတန်ဘူလ်တွင် ပြုလုပ်သည့် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် ကော်မတီ၏ ၄၀ ကြိမ်မြောက် အစည်းအဝေး၌ ကြေညာခဲ့သည်။

အဆိုပါ ကျောက်တုံး ပန်းချီများတွင် ရုပ်ပုံကားပေါင်း ၁,၉၀၀ ကျော် ပါဝင်ပြီး ကမ္ဘာပေါ်တွင် အကြီးဆုံးနှင့် အကောင်းဆုံး ကာကွယ်ထားနိုင်သည့် ကျောက်တုံး ပန်းချီများ ဖြစ်ကြောင်း သိရသည်။
ယင်း ကျောက်တုံး ပန်းချီများသည် Zuojiang မြစ်၏ ကီလိုမီတာ ၂၀၀ ရှည်သည့် မြစ်ကမ်း တလျှောက် တည်ရှိ သည်။
၁၁ ရက်ကြာ ပြုလုပ်သည့် ရှေးဟောင်း အမွေအနှစ် ကော်မတီ နှစ်ပတ်လည် အစည်းအဝေးတွင် ကမ္ဘာတစ်ဝန်းမှ လူပေါင်း ၂,၅၀၀ ခန့် ပါဝင် တက်ရောက်ခဲ့သည်။ ယင်း ကော်မတီသည် ၁၉၇၇ ခုနှစ် ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် သဘောတူညီချက်ဖြင့် ဖွဲ့စည်းခဲ့ပြီး အဆိုပါ သဘောတူညီချက်အား အခြေခံကာ ရှေးဟောင်း အမွေအနှစ် စာရင်းအား ပြုစုခဲ့သည်။
ဇူလိုင်လ ၁၃ ရက်နှင့် ၁၄ ရက်အတွင်း ပြုလုပ်ခဲ့သည့် ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် ကော်မတီ ကျင်းပနေစဉ် အတွင်း ရှေးမူမပျက် ထိန်းသိမ်းထားသည့် အမွေအနှစ် တည်နေရာ ၁၀၈ ခုအား စမ်းသပ် စစ်ဆေးပြီးနောက် ဂုဏ်သတင်းကြီးသည့် ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် စာရင်းသို့ ထည့်သွင်းခဲ့သည်။
လက်ရှိတွင် နိုင်ငံပေါင်း ၁၆၀ ကျော်တွင် ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ်စာရင်းဝင် နေရာ ၁,၀၃၁ ခု ရှိနေပြီ ဖြစ်သည်။
သဘာဝဘေးအန ္တရာယ်များနှင့် လူများ ဝင်ရောက်နှောင့်ယှက်ခြင်း များကြောင့် ထိုအမွေအနှစ် စာရင်းဝင်နေရာ များအား ခြိမ်းခြောက်လျက် ရှိသောကြောင့် ၎င်းကို ကာကွယ်ရန် လုပ်ဆောင်သင့်ကြောင်း ကော်မတီအား အကြံပေး အဖွဲ့က တိုက်တွန်းထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.