Connect with us

Culture & Entertainment

တရုတ်နိုင်ငံ မြောက်ပိုင်းတွင် ရှေးဟောင်း ကျောက်ဆင်ရုပ်တု တွေ့ရှိ

တရုတ်နိုင်ငံရှိ ကျောက်ဆင်ရုပ်တုများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရှီးကျားကျွမ်း၊ မေ ၃၁ ရက် (ဆင်ဟွာ)

အစောပိုင်း ချင်မင်းဆက် (၁၆၄၄-၁၉၁၁) ခေတ်က ကျောက်ဆင်ရုပ်တုအား တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲဘေးပြည်နယ်တွင် မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုပါ ရုပ်တုသည် ၅၅ စင်တီမီတာရှည်ကာ အလေးချိန်အားဖြင့် ၁၅၀ ကီလိုဂရမ်ရှိပြီး Cixian နယ်မြေက အိမ်တစ်အိမ်ရှိ အဆောက်အအုံမှ ရွာသားများက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ရုပ်တု၏ ဦးခေါင်းပိုင်းမှာ ပျက်စီးနေသော်လည်း ခန္ဓာကိုယ်ပိုင်းက လက်ရာမြောက်သော ပန်းပုနည်းပညာများဖြင့် ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

“ဆင်” ကို တရုတ်နိုင်ငံတွင် “အလွန်မြင့်မြတ်ကောင်းမွန်မှု” အဖြစ် ယူဆတတ်ကြပြီး ဆင်ပုံများကို နန်းတော်များ၊ ဘုရားကျောင်းများ၊ ဥယျာဉ်များနှင့် သင်္ချ ိုင်းများတွင် မကြာခဏတွေ့ရလေ့ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.