Connect with us

Culture & Entertainment

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် နှစ်ပေါင်း ၈၀၀ သက်တမ်းရှိနေသော မြို့ဟောင်းနံရံများ တွေ့ရှိ

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်ရှိ ရှေးဟောင်း သုတေသနလုပ်ငန်းခွင် တစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

ချုံချင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင်းနယ်မြေရှိ လုပ်ငန်းခွင်၌ သက်တမ်း ၈၀၀ ရှိပြီဖြစ်သော မြို့နံရံများနှင့် ဂိတ်များအား ရှေးဟောင်းသုတေသနပညာရှင်များက မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

Fengjie နယ်မြေ Baidi မြို့နယ်သည် တစ်ချိန်က အလွန်အရေးပါသော စစ်တပ် ခံတပ်ကြီး တစ်ခု ဖြစ်ခဲ့သည်။ ယင်းနေရာအား ဖေဖော်ဝါရီလက ချုံချင်း ယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်း အမွေအနှစ် သုတေသနနှင့် Fengjie နယ်မြေ ယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်းပစ္စည်း စီမံခန့်ခွဲမှုရုံးတို့ ပူးပေါင်းလုပ်ဆောင်ခဲ့သော ရှေးဟောင်း သုတေသန တူးဖော်မှုအတွင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ပထမ ခြောက်လအတွင်း ထို တူးဖော်မှု လုပ်ငန်းခွင်အတွင်း မြို့နံရံ၊ ဂိတ်များ၊ ကာကွယ်ရေး မျှော်စင်များနှင့် လက်နက်တိုက်များ စသည့် အခန်း ၂၀ ခန်းအား တွေ့ရှိခဲ့သည်။ အဆိုပါ နံရံများနှင့် ဂိတ်များမှာ တောင်ပိုင်း ဆုံမင်းဆက် (၁၁၂၇-၁၂၇၉) မှ ချင်မင်းဆက် (၁၆၄၄-၁၉၁၂) အထိ တည်ရှိခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်။

တူးဖော်တွေ့ရှိရသော ရှေးဟောင်းပစ္စည်းများတွင် သံဖြင့် ပြုလုပ်ထားသော လက်နက်များ အဓိကပါဝင်ပြီး ကြွေထည်မြေထည်များ၊ ကြေးနီနှင့် ကျောက်ပန်းချီများ အပါအဝင် ရှေးဟောင်းပစ္စည်း ၃၀၀ ကျော်ရှိကြောင်း ချုံချင်း ယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်း အမွေအနှစ် သုတေသန တက္ကသိုလ်က ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.