Connect with us

Economy

တရုတ်နိုင်ငံမှ နိုင်ငံတကာနှင့် ကုန်ထုတ်လုပ်မှုပူးပေါင်းဆောင်ရွက်ခြင်းသည် အချိန်အခါသင့်လှသည်

တရုတ် နိုင်ငံ မှ ထုတ်လုပ်သည့် ကျည်ဆံ ရထားအား မြင်တွေ့ရစဉ်

၂၀၁၅ခုနှစ် ဇွန်လ၁၈ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာစီးပွားရေးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Zhang Jun က People Daily သတင်းစာ“International Forum”တွင် “တရုတ်နိုင်ငံမှ နိုင်ငံတကာနှင့် ကုန်ထုတ်လုပ်မှုပူးပေါင်း ဆောင်ရွက်ခြင်း (International cooperation in production capacity) သည် အချိန်အခါ သင့်လှသည်” ဟူသောဆောင်းပါးအား ထည့်သွင်းဖော်ပြသည်။ ဆောင်းပါးအကြောင်းအရာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

တရုတ်နိုင်ငံမှ နိုင်ငံတကာနှင့် ကုန်ထုတ်လုပ်မှုပူးပေါင်းဆောင်ရွက်ခြင်းသည် အချိန်အခါသင့်လှသည်
စာရေးသူ- Mr. Zhang Jun

ယခုလတ်တလောကာလအတွင်း တရုတ်နိုင်ငံသည် ဘရာဇီး၊ ကိုလံဘီယာ၊ ပီရူး၊ ချီလီ၊ ကာဇက်စတန်၊ အင်ဒိုနီးရှား၊ အီသီယိုးပီးယား၊ အီဂျစ် စသောနိုင်ငံများနှင့်အတူ ကုန်ထုတ်လုပ်ငန်း ကဏ္ဍပူးပေါင်းဆောင်ရွက်ရာ သိသာစွာဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ကုန်ထုတ်လုပ်မှု ပူးပေါင်းဆောင်ရွက်ခြင်း သည် လက်ရှိတရုတ်နိုင်ငံနှင့် တခြားနိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသောကဏ္ဍ တစ်ရပ်ဖြစ်သည်။

တရုတ်နိုင်ငံသည် နိုင်ငံတကာနှင့် ကုန်ထုတ်လုပ်မှုပူးပေါင်းဆောင်ရွက်မှုကို စတင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ကဏ္ဍသစ်၏အားသာချက်အသစ်သို့ဝင်ရောက်လာခြင်းကို ပြသနိုင်ခဲ့ သည်။ ကမ္ဘာ့စီးပွားရေးသမိုင်းတွင် နိုင်ငံတကာကုန်ထုတ်လုပ်မှု အကူးအပြောင်းသည် အတက်အကျ များသည်။ပြင်သစ်၊ ဂျာမနီ၊ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတို့သည် တစ်ချိန်တုန်းက ကုန်ထုတ်လုပ်မှုအကူးအပြောင်း၏ တင်သွင်းတင်ပို့နိုင်ငံများဖြစ်ခဲ့သည်။ ၁၉၈၀နောက်ပိုင်းကာလ များမှစ၍ တရုတ်နိုင်ငံသည် ဖွံ့ဖြိုးပြီးနိုင်ငံများမှ ကုန်ပစ္စည်းအများအပြားကို တင်သွင်းရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်နိုင်ရေးအတွက် များစွာအရေးပါအရာရောက်ခဲ့သည်။ ဆယ်စုနှစ်များစွာဖွံ့ဖြိုး တိုးတက်လာပြီးနောက် တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်ထုတ်လုပ်မှုနိုင်ငံကြီးတစ်နိုင်ငံဖြစ်လာပြီး အားသာချက်မှာ Global Industrial Chain အလယ်တွင်ရှိ၍ အဆင့်မြင့်နည်းပညာနှင့် လုပ်ခစရိတ် အားသာချက် တို့စုစည်းရာဖြစ်ကာ ကုန်ပစ္စည်းကုန်ကျစရိတ်သင့်တင့်ခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လိုအပ်ချက်၊ တင်သွင်းနိုင်မှုတို့နှင့်လည်း ကိုက်ညီသည်။ အမြန်ရထား၊ Nuclear စွမ်းအင်စသော ကုန်ထုတ်လုပ်ငန်းများသည် တရုတ်၏တမူထူးခြားချက်ပေါ်လွင်ရုံမျှမက ကမ္ဘာ့အားသာချက်လည်း ပေါ်လွင်ပြီး အားလုံး ကကြိုဆိုကြသည်။

တရုတ်နိုင်ငံသည် နိုင်ငံတကာနှင့် ကုန်ထုတ်လုပ်မှုပူးပေါင်းဆောင်ရွက်ရေးသည် ကမ္ဘာ့ စီးပွားရေးတိုးတက်မှုတွန်းအားဖော်ထုတ်ရေးအတွက် အရေးတကြီးလိုအပ်ချက်နှင့်လည်း ကိုက်ညီ သည်။ လက်ရှိကမ္ဘာ့စီးပွားရေးသည် နိုင်ငံတကာငွေကြေးအကြပ်အတည်း ဖြစ်ပေါ်လာပြီး နောက်ပိုင်း အရေးပါပြုပြင်ရေးကာလကိုရောက်ရှိနေရာ ပြန်လည်ဦးမော့လာရန် နုနယ်လွန်းသည်။ နိုင်ငံတကာ ကုန်ထုတ်လုပ်မှုပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်ခြင်းသည် ကမ္ဘာ့စီးပွားရေးကျဆင်းမှုဖိအားကို ရင်ဆိုင်ဖြေရှင်းနိုင်သော အရာရောက်နည်းလမ်းဖြစ်သည်။ ပြည်တွင်းကုန်ထုတ်လုပ်ငန်းအစုအဖွဲ့ကို ပျိူးထောင်ခြင်းဖြင့် စီးပွားရေးတိုးတက်မှုနယ်မြေသစ်ကို ဖန်တီးနိုင်သည်။ ပမာဏကြီးမားသော၊ အကျိုးအမြတ်ကြီးမားသော ကုန်ထုတ်လုပ်မှုစီမံကိန်းကို တည်ဆောက်ခြင်းဖြင့် အိမ်ရှင်နိုင်ငံမှ ရင်းနှီးမြှပ်နှံမှုဖိတ်ခေါ်ခြင်းကိုမြှင့်တင်နိုင်ကာ လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ပြီး လုပ်ပိုင်ခွင့်ဖန်တီးနိုင် သည်။ ဒေသတွင်းအခြေခံအဆောက်အအုံတည်ဆောက်ရေးကို မြှင့်တင်ခြင်းဖြင့် အပြန်အလှန် ဆက်သွယ်ခြင်းအခြေအနေကို ကောင်းမွန်လာစေပြီး လမ်းပန်းဆက်သွယ်ရေး၊ စွမ်းအင်၊ ဆက်သွယ် ရေးစသည့်နယ်ပယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရင်ဆိုင်နေရသောအခက်အခဲများကို ပြေလျော့စေ သည်။

တစ်ချိန်တည်းတွင် နိုင်ငံတကာကုန်ထုတ်လုပ်မှုပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်ခြင်းဖြင့် သက်ဆိုင်ရာနိုင်ငံများ၏ သိပ္ပံနည်းပညာသစ်တီထွင်မှု ကိုလည်း တိုးမြှင့်နိုင်မည်ဖြစ်ပြီး အဖွဲ့အစည်း ပြုပြင်ပြောင်းလဲရေးကို မြန်ဆန်စေကာ ကမ္ဘာ့စီးပွားရေးတိုးတက်စေရန်နှင့် တစ်ကမ္ဘာလုံး ကုန်သွယ် ရေးရင်းနှီးမြှုပ်နှံမှုတိုးပွားစေရန် အတွက်အားသစ်လောင်းပေးမည်။

တရုတ်နိုင်ငံသည် နိုင်ငံတကာနှင့် ကုန်ထုတ်လုပ်မှုပူးပေါင်းဆောင်ရွက်ရေးသည် တချို့နိုင်ငံ၏ စက်မှုှလုပ်ငန်းပုံစံသစ်၏ လက်တွေ့လိုအပ်ချက်နှင့်ကိုက်ညီသည်။ နိုင်ငံတကာငွေကြေး အကြပ် အတည်းသည် အတုအယောင်စီးပွားရေး လွန်ကဲစွာဖွံ့ဖြိုးတိုးတက်မှု၏ အန္တရာယ်ကို အပြည့်အဝ ထုတ်ဖော်ပြလိုက်ပြီး နိုင်ငံအသီးသီးမှ အစစ်အမှန်စီးပွားရေးကိုအာရုံစိုက်ကာ ဆက်စပ် ဖွံ့ဖြိုး တိုးတက်မှုနည်းဗျူဟာနှင့်အစီအစဉ်များကို ထုတ်ဖော်လိုက်သည်။

ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး တိုးမြှင့်ရန် ကြိုးပမ်းလျက်ရှိသော ဖွံ့ဖြိုးဆဲနိုင်ငံများအနေနှင့် နိုင်ငံတကာကုန်ထုတ်လုပ်မှု ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အထူးလိုအပ်ချက်ဖြစ်သော Production Line ကိုတည်ဆောက်ခြင်း (သို့) ဒေသတွင်းကုန်ထုတ်လုပ်ရေးဇုန်တည်ဆောက်ခြင်းဖြင့် အရင်းအမြစ်များအချောကိုင်ခြင်း၊ Industrial Chain နှင့် Value Chain တို့ကို တိုးမြှင့်ကာ နှစ်ဘက်အသေးစား၊ အလတ်စားလုပ်ငန်းနှင့် သက်ဆိုင်ရာကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်တွန်းအားပေးခြင်း သည် တစ်ချက်ခုတ်နှစ်ချက်ပြတ်သော ကောင်းမွန်သောကိစ္စတစ်ရပ်ဖြစ်သည်။ လက်တင်အမေရိက၊ အာဖရိကတို့မှမိတ်ဆွေများပြောသကဲ့သို့ ကုန်ထုတ်လုပ်မှု ပူးပေါင်းဆောင်ရွက်ရေးစတင်ခြင်းသည် သက်ဆိုင်ရာနိုင်ငံများမှ တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများအတွက် အခွင့်အလမ်းသစ် များသယ်ဆောင်လာသည်။

နှစ်ဘက်အတူလက်တွဲကာ အခြေခံအဆောက်အအုံ၊ စက်မှုလုပ်ငန်း စသောနယ်ပယ်များ ပူးပေါင်းဆောင်ရွက်ခြင်းသည် ဒေသတွင်းအလုံးစုံစည်ပင်ဝပြောနိုင်ရေးကို တွန်းအားပေးကာ အတူတကွဖွံ့ဖြိုးတိုးတက်ရေးကို ဖြစ်ပေါ်စေသည်။
သို့သော်တစ်ခါတစ်လေ ကောင်းသောကိစ္စပြုနေသော်လည်း သူများ၏ကဲ့ရဲ့မှု ကိုခံရသည်။ အထူးသဖြင့် ယခုနှစ်ပိုင်းတွင် တရုတ်နိုင်ငံလုပ်သမျှအပြုအမူကို တချို့လူတို့က ကဲ့ရဲ့ဝေဖန် နေပါသည်။ တချို့က တရုတ်နိုင်ငံမှတင်ပို့ခြင်းသည် Deflation ကိုဖြစ်စေသည် ၊ တရုတ်က သူ့နိုင်ငံ တွင် မလိုအပ်သော၊ ပိုနေသောကုန်ပစ္စည်းကို တခြားနိုင်ငံသို့တင်ပို့သည် ဟု ထုတ်ဖော်လေ့ရှိသည်။ တကယ့်စဉ်းစားကြည့်လိုက်ရင် အဲဒါတွေက မဖြစ်နိုင်ပါဘူး။ ယခုတစ်ချို့နိုင်ငံနှင့် ဒေသသည် Deflation ၏အကျိုးသက်ရောက်မှုကိုရင်ဆိုင်နေရသည်၊ အဲဒီသက်ရောက်မှုဖြစ်ရသည့် အကြောင်း အရင်းမှာ ဖွံ့ဖြိုးပြီးနိုင်ငံ၏ ငွေကြေးအကြပ်အတည်းမှ စတင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ထိုငွေကြေး အကြပ်အတည်းပြီးဆုံးခဲ့ချိန်တွင် တချို့ဖွံ့ဖြိုးပြီးနိုင်ငံသည် သာမန်မဟုတ်သည့် ငွေကြေးမူဝါဒကို အလွန်မှီခိုပြီး ငွေကြေးအကြပ်အတည်းဖြစ်ရခြင်း၏ အကြောင်းအရင်းကိုလည်း လိုက်လံမရှာဖွေ သောကြောင့် မှန်ကန်သောဖွဲ့စည်းပုံသို့ မပြောင်းလဲနိုင်ပါ။ တချို့နိုင်ငံသည် မိမိ၏ကိုယ်ကျိုးကိုသာ အလေးထားပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှပ်နှံရေး Protectionism ကိုလက်ဆွဲကာ နောက်ဆုံး မိမိကိုယ်ကိုယ်သာမက သူတစ်ပါး ကိုပါထိခိုက်ခဲ့သည်။

ယခုခေတ်တွင် နိုင်ငံတကာစီးပွားရေးသည်အချင်းချင်းမှီခိုနေသောကြောင့် အချင်းချင်း အပြန်အလှန်ဆက်သွယ်ပူးပေါင်းခြင်း၊ အချင်းချင်းလိုအပ်ချက်ကို ဖြည့်စွက်ချင်းဖြင့်သာ နိုင်ငံတကာ စီးပွားရေးကိုအသက်ဝင်စေနိုင်သည်။ တရုတ်နိုင်ငံသည် နိုင်ငံတကာနှင့် ကုန်ထုတ်လုပ်မှုပူးပေါင်း ဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်မှာ အကျိုးတူပူးပေါင်းကိုတိုက်တွန်းပြီး မိမိဆန္ဒ၊ တန်းတူညီမျှ၊ အကျိုးတူသည့် အခြေခံပေါ်မူတည်ပြီး နှစ်ဦးနှစ်ဖက်ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာနှင့် ကုန်ထုတ် လုပ်ငန်းစီစဉ်ခြင်းကို စနစ်တကျစီမံကာ တစ်ဖက်သက်အကျိုးဖြစ်ထွန်းခြင်းကိုမတောင်းဆိုဘဲ နှစ်ဖက်၊ အများ၊ ဘက်စုံအကျိုးဖြစ်ထွန်းရေးကို အတူတကွလက်တွေ့အကောင်အထည် ဖော်ဆောင်ရန် တိုက်တွန်းသည်။ ပူးပေါင်းခြင်းစနစ်မှာလည်း ပွင့်လင်းမြင်သာပြီး တစ်စုံတစ်ယောက်ကို ချန်ထားခြင်း မပြုဘဲ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်နှင့်အညီ လုပ်ဆောင်ခြင်းသည် နိုင်ငံအသီးသီး ၏ အားသာချက်နှင့်စွမ်းရည်ကို ဖော်ထုတ်ခြင်းဖြစ်သည်။ ထိုအပြင်ကုန်ထုတ်လုပ်မှုကို အတူတကွ အကျိုးတူပူးပေါင်းခြင်းဖြင့် တရုတ်ကုန်ထုတ်လုပ်ငန်း၏ကောင်းရာအကျိုး၊ ဖွံ့ဖြိုးပြီးနိုင်ငံ၏ အဆင့်မြင့် နည်းပညာနှင့်ဖွံ့ဖြိုးဆဲနိုင်ငံ၏လိုအပ်ချက် စသည့် သုံးဖက်ပူးပေါင်းခြင်းပုံစံသစ် ကိုတည်ဆောက်ကာ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်း၊ နိုင်ငံတကာဈေးကွက်ထဲသို့ ခေတ်နောက်ကျ (သို့) စွန့်ပစ်ပစ္စည်း ထုတ်ကုန်အဖြစ်ဝင်ရောက်ခြင်းမျိုးမဟုတ်ဘဲ အခြားဖွံ့ဖြိုးဆဲနိုင်ငံ၏ စက်မှုလုပ်ငန်းလိုအပ်ချက်နှင့်အညီ အကောင်းဆုံးကုန်ထုတ်ပစ္စည်း၊ ခေတ်မှီကုန်ထုတ်ပစ္စည်းနှင့် အစိမ်းရောင်ကုန်ထုတ်ပစ္စည်း ထုတ်လုပ် မည်။

သို့ဖြစ်၍ တရုတ်နိုင်ငံမှ နိုင်ငံတကာနှင့်ကုန်ထုတ်လုပ်မှုပူးပေါင်းဆောင်ရွက်ခြင်းသည် အချိန်အခါသင့်ပြီး လုပ်ဆောင်ရန်များစွာသင့်လျော်ပါသည်။