Connect with us

Economy

တရုတ်နိုင်ငံ ဗဟိုဘဏ်က ဈေးကွက်အတွင်းသို့ ငွေကြေးအရင်းအနှီးများ ဖြည့်တင်းပေး

တရုတ်နိုင်ငံတော်ဗဟိုဘဏ်နှင့် တရုတ်ယွမ်ငွေများ (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတော် ဗဟိုဘဏ်က ငွေကြေးစီးဆင်းမှု လွယ်ကူချောမွေ့စေရန် ငွေကြေး အရင်းအနှီးများစွာ ကို ဈေးကွက်အတွင်းသို့ ကြာသပတေးနေ့က ဖြည့်တင်းပေးခဲ့ပါသည်။

ဗဟိုဘဏ်သည် ယွမ် ၁၅၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၃.၄ ဘီလီယံ) တန်ဖိုးရှိ seven-day reverse repurchase agreements (repo) အစီအစဉ်အားဆောင်ရွက်ခဲ့ပြီး ယင်းအစီအစဉ်အရ အာမခံ ငွေချေးစာချုပ်များအား တစ်ချိန်တွင် ပြန်လည်ရောင်းချမည်ဟူသော သဘောတူညီချက်ဖြင့် ဘဏ်များထံမှ ဗဟိုဘဏ်က ဝယ်ယူပေးလိုက်ခြင်း ဖြစ်သည်။

ထိုသို့ ကြာသပတေးနေ့က ငွေကြေးဖြည့်တင်းပေးခဲ့ သည့် repo မှပြန်လည်ရရှိမည့် တန်ဖိုးသည် ၂.၃၅ ရာခိုင်နှုန်းသို့ရောက်ရှိခဲ့ပြီး ယင်းမှာပြီးခဲ့သည့်အင်္ဂါနေ့က ဖြည့်တင်းခဲ့သည့် repo တန်ဖိုး ၂.၅ ရာခိုင်နှုန်းမှ ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

တရုတ်ယွမ်ငွေတန်ဖိုးလျော့ကျခြင်း နှင့် နိုင်ငံခြားငွေကြေး လဲလှယ်နှုန်း ဆိုင်ရာ ယွမ်ငွေ ရန်ပုံငွေ သစ် များလျော့ကျခြင်းများသည် ငွေကြေးဈေးကွက်ရှိ ငွေပေါ်လွယ်မှု (Liquidity)အား ကြပ်တည်းသွားစေခဲ့ သည်။

ကြာသပတေးနေ့တွင် ဘဏ်အချင်းချင်းအကြား ဈေးကွက်တွင် ငွေကြေးထောက်ပံ့မှု ဖြည့်တင်းပေးခဲ့ပြီးနောက် မှာ ရှန်ဟိုင်း ဘဏ်အချင်းချင်း ရည်ညွှန်းနှုန်းထား (Shanghai Interbank Offered Rate= Shibor) ကျဆင်းလာကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.