Connect with us

Politics

တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲမှတဆင့် ပို့ကုန်များ တိုးမြှင့်လာစေရန် မြန်မာနိုင်ငံမှ မျှော်လင့်

ရှန်ဟိုင်းမြို့ ၌ ပထမဆုံး အကြိမ် ကျင်းပမည့် တရုတ် နိုင်ငံတကာ သွင်းကုန် ပြပွဲ ပြင်ဆင်ထားမှုအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ရှန်ဟိုင်းမြို့၌ ပထမဆုံး အကြိမ် ကျင်းပမည့် တရုတ် နိုင်ငံတကာ သွင်းကုန် ပြပွဲ (China International Import Expo= CIIE) မှတဆင့် ပို့ကုန်များ တိုးမြှင့်လာစေရန် မြန်မာနိုင်ငံမှ မျှော်လင့် ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့မှ စီးပွားရေး သံမှူး ဒေါက်တာ သက်လွင်ဦးက ဆင်ဟွာသို့ပြောကြားခဲ့သည်။

“ကျွန်တော်တို့ယူဆတာတော့ တရုတ်ပြည်က တကယ့် သွင်းကုန် လုပ်ငန်းရှင်တွေ လာမယ့် ပွဲပဲ။ သွင်းကုန် လုပ်ငန်းရှင်တွေ လာပြီးတော့ ကျွန်တော်တို့ပစ္စည်းတွေကို လာဝယ်ကြမှာပေါ့။သွင်းကုန် လုပ်ငန်းရှင်တွေက အဓိက လာမှာ ဖြစ်တဲ့ အတွက် ပို့ကုန် လုပ်နိုင်တဲ့ ပစ္စည်းတွေ သွားပြလို့ရှိရင် အခွင့်အလမ်း ရှိမယ်လို့မျှော်လင့်တာပေါ့။”ဟု စီးပွားရေး သံမှူး ဒေါက်တာ သက်လွင်ဦးက ပြောကြားခဲ့သည်။

ထိုပြပွဲတွင် မြန်မာနိုင်ငံမှ ပါဝင် ပြသရခြင်းသည် ပို့ကုန် မြှင့်တင်စေလို ခြင်း အတွက် ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် နိုင်ငံတကာ သွင်းကုန်များ ဖိတ်ခေါ်နေပြီး မြန်မာနိုင်ငံ အနေဖြင့် ပို့ကုန်များ တိုးမြှင့်ချင်သည့် အတွက် အံဝင်ခွင်ကျ ဖြစ်သဖြင့် များစွာ အကျိုးရှိမည်ဟု ယုံကြည်ကြောင်း စီးပွားရေး သံမှူး ဒေါက်တာ သက်လွင်ဦးက ပြောကြားခဲ့သည်။

စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့မှ စီးပွားရေး သံမှူး ဒေါက်တာ သက်လွင်ဦးက ပြပွဲ အကြောင်း ဖြေကြားနေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံတကာ သွင်းကုန် ပြပွဲတွင် မြန်မာနိုင်ငံမှ စုစုပေါင်း ပြခန်း ၂၆ ခန်း ပါဝင် ပြသ သွားမည် ဖြစ်ပြီး ကျောက်မျက် ပြခန်းမှာ ၁၅ ခန်း ပါဝင်မည် ဖြစ်ပြီး လယ်ယာ ထွက်ကုန်များ ၊ ခရီးသွား ၊ ဝန်ဆောင်မှု လုပ်ငန်း ပြခန်းများမှာ ၁၁ ခန်း ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် နောင်နှစ်များတွင် ကျင်းပမည့် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲတွင်လည်း ပါဝင် သွားရန် အစီအစဉ်များ ရှိပြီး ယခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်ရေး ကုန်စည်ပြပွဲအား မူဆယ်မြို့၌ ယခုနှစ် ဒီဇင်ဘာလတွင် ကျင်းပ သွားရန် ရှိကြောင်း သိရသည်။

တရုတ် နိုင်ငံတကာ သွင်းကုန် ပြပွဲ(CIIE) အား နိုဝင်ဘာလ ၅ ရက်မှ ၁၀ ရက်အထိ တရုတ်နိုင်ငံ ၊ ရှန်ဟိုင်းမြို့၌ ကျင်းပရန် စီစဉ်ထားပြီး ထိုပြပွဲတွင် ပါဝင်ရန် နိုင်ငံနှင့် ဒေသပေါင်း ၁၃၀ ကျော်နှင့် ကုမ္ပဏီပေါင်း ၂,၈၀၀ ကျော် တက်ရောက်မည် ဖြစ်ပြီး ပြည်တွင်းနှင့် ပြည်ပ ဝယ်ယူသူ ၁၅၀,၀၀၀ ကျော် တက်ရောက်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.