Connect with us

Economy

တရုတ်နိုင်ငံ နှင့် ပါကစ္စတန်နိုင်ငံတို့ ကျောက်မီးသွေး ဓါတ်အားပေး စီမံကိန်း ငွေကြေး ဆိုင်ရာ သဘော တူညီချက်အား လက်မှတ်ရေးထိုး

ပါကစ္စတန်နိုင်ငံ ဆင်းဒ် ပြည်နယ် ရှိThar ကျောက်မီးသွေးထွက်ရှိရာ နယ်မြေ အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာလ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် ပါကစ္စတန်နိုင်ငံ တို့သည် ပါကစ္စတန်နိုင်ငံ ဆင်းဒ် ပြည်နယ် Thar ကျောက်မီးသွေး ထွက်ရှိရာ နယ်မြေ အတွင်း တည်ရှိသည့် ကျောက်မီးသွေး သုံး ဓါတ်အားပေး စီမံကိန်း အတွက် ငွေကြေး ဆိုင်ရာ သဘောတူညီချက် အား ဒီဇင်ဘာလ ၂၁ ရက်နေ့က လက်မှတ်ရေး ထိုးခဲ့ကြောင်း သိရသည်။

စီမံကိန်း အကောင်အထည်ဖော်ရန် အတွက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ကုန်ကျနိုင်မည်ဟု ခန့်မှန်းထားပြီး ကျောက်မီးသွေး တန်ချိန်ပေါင်း ၃.၈ သန်းတန် တည်ရှိနေသည့် ကျောက်မီးသွေး တွင်းအား တူးဖော်ခြင်းတို့ အပါအဝင် မိုင်းတွင်းအနီး ကီလိုဝပ် ၆၆၀,၀၀၀ ထုတ်လုပ်ပေးနိုင်သည့် လျှပ်စစ်ဓါတ်အားပေး စက်ရုံ တည်ဆောက်ခြင်း တို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်း အတွင်း ရင်းနှီးမြှုပ်နှံမှု အနေဖြင့် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ဘဏ် မှ အမေရိကန်ဒေါ်လာ သန်း ၈၀၀ နှင့် ပါကစ္စတန်နိုင်ငံ Habib ဘဏ် မှ အမေရိကန်ဒေါ်လာ သန်း ၅၀၀ အသီးသီး စိုက်ထုတ် သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်း စီမံကိန်းအား ၂၀၁၇ ခုနှစ် အကုန်ပိုင်းလောက် အပြီးသတ် ဆောင်ရွက်နိုင်မည်ဟု ခန့်မှန်းထားပြီး တရုတ်-ပါကစ္စတန် စီးပွားရေး စြင်္ကံ တွင်း ပထမဆုံး စီမံကိန်းတစ်ခု ဖြစ်လာကြောင်း သိရသည်။

အဆိုပါ စီးပွားရေး စြင်္ကံ တွင် ပါကစ္စတန်နိုင်ငံ၏ ဂွာဒါ ဆိပ်ကမ်းမြို့နှင့် တရုတ်နိုင်ငံ ရှင်းကျန်းပြည် ကက်ရှ်ဂါ ဆိပ်ကမ်းမြို့တို့ အကြား ကီလိုမီတာ ၃၀၀၀ ရှည်လျားသည့် ကားလမ်းကွန်ရက် များ၊ ရထားလမ်းများ နှင့် စွမ်းအင် ဆိုင်ရာ အခြေခံအဆောက်အအုံများ ပါဝင်ပြီး ပါကစ္စတန်နိုင်ငံ၏ စီးပွားရေး မြှင့်တင်ရန် နှင့် တရုတ်နိုင်ငံ နယ်စပ် စီးပွားရေး အခြေအနေ တိုးတက်လာစေရန် ရည်ရွယ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.