Connect with us

Economy

အမေရိကန်ဒေါ်လာ သန်း ၁၄၀ ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု နီပေါခွင့်ပြု

ဟွာရှင်း ဘိလပ်မြေ ကုမ္ပဏီကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ခတ္တမန္ဒူ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟွာရှင်း ဘိလပ်မြေ ကုမ္ပဏီက နီပေါနိုင်ငံ၌ နာရာယန်နီ ဘိလပ်မြေ ကုမ္ပဏီနှင့် ပူးပေါင်း၍ အမေရိ ကန်ဒေါ်လာ သန်း ၁၄၀ ရင်းနှီးမြှုပ်နှံပြီး ဘိလပ်မြေစက်ရုံ တစ်ခု တည်ထောင်မည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှု တစ်ခုအား နီပေါနိုင်ငံက ခွင့်ပြုလိုက်သည်။

ဒီဇင်ဘာလ ၂၀ ရက်ညနေပိုင်းက ခတ္တမန္ဒူတွင် ပြုလုပ်သော နီပေါနိုင်ငံ ဝန်ကြီးချုပ် Khadga Prasad Sharma Oli ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် နီပေါနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့၏ အဆင့်မြင့် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ ကြောင်း IBN အတွင်းရေးမှူးရုံးက ကြေညာသည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းသည် ယခု နှစ်အတွက် တရုတ်နိုင်ငံမှ ဒုတိယမြောက် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဖြစ်သည်။

ယခုနှစ် ဇူလိုင်လတွင် တရုတ် ဟုန်ရှင်း ဟိုးလ်ဒင်း လီမိတက် နှင့် နီပေါနိုင်ငံ Shivam ဘိလပ်မြေ တို့ပူးပေါင်း၍ အမေရိကန်ဒေါ်လာ ၃၆၀ သန်း ရှိသည့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာအား ခွင့်ပြုခဲ့သည်။

ယင်းသည် တရုတ်နိုင်ငံက အကြီးဆုံးနိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုလည်း ဖြစ်သည်။ ထိုကုမ္ပဏီနှစ်ခုသည် နီပေါတွင် ဘိလပ်မြေ စက်ရုံတည်ဆောင်ရန် မတ်လက သဘောတူ လက်မှတ်ရေးထိုးထားခဲ့သည်။

နီပေါ ဘိလပ်မြေ ထုတ်လုပ်သူများအသင်း အဆိုအရ နိုင်ငံအတွင်း ဘိလပ်မြေ စက်ရုံပေါင်း ၄၀ ကျော်ရှိပြီး ပြည်တွင်းသုံးစွဲအား၏ ၈၅ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.