Connect with us

Economy

တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်းပြပွဲ ပြီးစီး

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ၂၀၂၀ ပြည့်နှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ (CIFTIS) ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် COVID-19 ဖြစ်ပွားပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် အွန်လိုင်းရော လူကိုယ်တိုင်ပါ တက်ရောက်နိုင်သည့် အဓိက နိုင်ငံတကာ စီးပွားရေးနှင့် ကုန်သွယ်ရေးပြပွဲဖြစ်သော ၂၀၂၀ ပြည့်နှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ (CIFTIS) ကို စက်တင်ဘာ ၉ ရက်တွင် ပိတ်သိမ်းခဲ့ကြောင်း သိရသည်။ 

အဆိုပါ ပြပွဲတွင် ဒီဂျစ်တယ် ကုန်သွယ်ရေး၊ 5G ဆက်သွယ်ရေးများ၊ စက်မှုလုပ်ငန်းဆိုင်ရာ အင်တာနက်၊ smart office နှင့် တီထွင်ဆန်းသစ်မှုစနစ် ကဲ့သို့သော ပုံစံသစ်များနှင့် စီးပွားရေးပုံစံများကို မီးမောင်းထိုးပြထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူ Xian Guoyi က ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ၂၀၂၀ ပြည့်နှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ (CIFTIS) ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပြပွဲအတွင်း ပြည်နယ်ဆိုင်ရာ ဒေသများနှင့် ဗဟို စီးပွားရေးလုပ်ငန်းများနှင့် ငွေကြေးလုပ်ငန်းများက ကုန်သွယ်ရေးအုပ်စုများ ဖွဲ့စည်းခဲ့ပြီး သဘောတူစာချုပ် ၂၄၀ ခု လက်မှတ်ရေးထိုးခဲ့ကြောင်း Xian က ပြောခဲ့သည်။ ဝန်ကြီးဌာနအနေဖြင့် ယခုနှစ်တွင် ဝန်ဆောင်မှုကဏ္ဍတွင် အဖွဲ့အစည်းဆိုင်ရာတံခါးဖွင့်ဝါဒ မြှင့်တင်ရန် နယ်စပ်ဖြတ်ကျော် ဝန်ဆောင်မှု ကုန်သွယ်ရေးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍဆိုင်ရာ ကန့်သတ်မှုစာရင်းများကို မိတ်ဆက်သွားမည်ဟု Xian က ဖြည့်စွက်ပြောခဲ့သည်။ 

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ၂၀၂၀ ပြည့်နှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ (CIFTIS) ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ၂၀၂၀ ပြည့်နှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ (CIFTIS) ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ယခုနှစ် ပြပွဲ၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုသူ ၇ ဒသမ ၂ သန်းရှိပြီး တရားဝင် App တွင်မူ ကြည့်ရှုသူ ၈ ဒသမ ၀၅ သန်းရှိခဲ့ကြောင်း ပေကျင်းမြို့တော် ကုန်သွယ်ရေးဗျူရို အကြီးအကဲ Yan Ligang က ပြောခဲ့သည်။ 

Yan ၏ အဆိုအရ 3D ပုံစံပြခန်း ၂,၀၃၇ ခုအပါအဝင် ပြည်တွင်းနှင့် ပြည်ပမှ စီးပွားရေးလုပ်ငန်း စုစုပေါင်း ၅,၃၇၂ ခုဖြင့် ဝင်ရောက်ပြသခဲ့ကြောင်း သိရသည်။ အဆိုပါ အွန်လိုင်းပလက်ဖောင်းသည် အွန်လိုင်းမှတ်ပုံတင်ခြင်း၊ အွန်လိုင်း ပြခန်းတည်ဆောက်ခြင်း၊ ဆွေးနွေးညှိနှိုင်းမှုများနှင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းများအတွက် တိကျသောကာလတစ်ခုအတွက် စီးပွားလုပ်ငန်းလုပ်ကိုင်ရန် ဆက်လက်ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း Yan က ဆိုသည်။ 

“ကမ္ဘာလုံးဆိုင်ရာဝန်ဆောင်မှု၊ မျှဝေမှုရှိသော ကြွယ်ဝချမ်းသာမှု” ခေါင်းစဉ်ဖြင့်ကျင်းပသော တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ (CIFTIS) ကို စက်တင်ဘာ ၄ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်း ကုန်သွယ်ရေး ထိပ်သီးအစည်းအဝေး၊ ထိပ်သီးဖိုရမ် လေးခုနှင့် အခြား စက်မှုလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲများနှင့် ဖိုရမ် ၁၀၀ ကျော်ဖြင့် ခြောက်ရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။  (Xinhua)