Connect with us

Economy

တရုတ် နှင့် အမေရိကန်နှစ်ဖက်အကြီးအကဲ များကုန်သွယ်ရေး နှင့် စီးပွားရေးကိစ္စများအား တယ်လီဖုန်းနှင့်ဆွေးနွေး

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Liu He အားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ၏ မေတ္တာရပ်ခံချက်အရ ဇွန် ၂၄ ရက် တွင် တရုတ်နိုင်ငံဒုတိယ ဝန်ကြီးချုပ် လျှိုဟဲ(Liu He) နှင့် အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် Robert Lighthizer နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး Steven Mnuchin တို့သည် ကုန်သွယ်ရေးကိစ္စ တယ်လီဖုန်းဖြင့်ပြောဆိုခဲ့ကြကြောင်း သိရသည်။

နှစ်နိုင်ငံ၏ နိုင်ငံ့ခေါင်းဆောင်များ ၏ လမ်းညွှန်ချက် နှင့် အညီ စီးပွားရေး နှင့် ကုန်သွယ်ရေး ကိစ္စရပ်များ နှင့် ပတ်သက်၍ နှစ်ဖက်ထင်မြင်ချက်များဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နှစ်ဖက်စလုံးကပင် နှစ်ဦးနှစ်ဖက် ဆက်သွယ်ရေး ကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရန် သဘောတူခဲ့ကြသည်။

လျှိုသည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရို အဖွဲ့ဝင် နှင့် တရုတ်-အမေရိကန် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆွေးနွေးပွဲတွင် တရုတ်နိုင်ငံဘက်မှ အကြီးအကဲလည်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.