Connect with us

Economy

ပိုဟိုင် ပင်လယ် ရေအောက်တွင် တန် ၄၇၀ ရှိ ရွှေတွင်း ရှာဖွေတွေ့ရှိ

တရုတ်နိုင်ငံမှ ရွှေတူးဖော်ရေး လုပ်ငန်းခွင် တစ်ခုအား မြင်တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ နိုဝင်ဘာလ ၁၁ ရက် (ဆင်ဟွာ)

ပိုဟိုင် ပင်လယ် အရှေ့ဘက်၊ တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်းတုန်း ပြည်နယ် စန်းရှန်းကျွန်း၏ ရေအောက်တွင် တရုတ်ယွမ် ဘီလီယံ ရာပေါင်းများစွာ တန်ဖိုးရှိသည့် ဧရာမ ရွှေတွင်းကြီးအား တရုတ်မှ ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။

၎င်းရွှေတွင်းသည် တရုတ်မှ သမုဒ္ဒရာ ရေပြင်အောက်တွင် ရှာဖွေတွေ့ရှိခဲ့သည့် ပထမဆုံး ရွှေတွင်း ဖြစ်ကြောင်း သိရသည်။ ရွှေတွင်းတွင် တွင်းထွက် ရွှေသတ္တု တန်ချိန် ၄၇၀.၄၇ တန် ပါဝင်မည်ဟုခန့်မှန်းကြပြီး ရွှေတန်ချိန် ၂၀ တန် အထက်ပါဝင်သော ရွှေတွင်း အား ကြီးမားသော ရွှေတွင်းအဖြစ် သတ်မှတ် ကြကြောင်းသိရသည်။

အဆိုပါ ရွှေတွင်းအား တွေ့ရှိရန် ဘူမိဗေဒ နှင့် ဓါတ်သတ္တု တူးဖော်ရေး ရှန်းတုန်း တတိယ အဖွဲ့အစည်းမှ သုံးနှစ် အချိန်ယူ ရှာဖွေခဲ့ရကြောင်း နှင့် ပင်လယ် ရေအောက်မီတာ ၂,၀၀၀ ကျော်ရှိ သတ္တု မိုင်းတွင်းအား တူးဖော်ရန် မှာ တူးဖော်ရေး အဖွဲ့အတွက် စိန်ခေါ်မှု တစ်ရပ်ပင် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ရွှေထုတ်လုပ်မှုကို ဦးဆောင်နေသော်လည်း နည်းပညာပိုင်း ဆိုင်ရာတွင် တိုးတက်ရန် လိုအပ်နေသေးကြောင်း နှင့် တရုတ်နိုင်ငံ ၏ ရွှေတူးဖော်မှု အများစုသည် မြေပြင်အောက် မီတာ ၁,၀၀၀ အတွင်းသာ လုပ်ဆောင်နေကြောင်း သိရသည်။

ပင်လယ်ပြင်တွင် လှုပ်ရှားနေသော ရေလှိုင်းများကြောင့် သတ္တုများအား အတိအကျ ရှာဖွေတွေ့ရှိရန် ခက်ခဲပြီး ရွှေသတ္တုအား တွေ့ရှိရန် ပို၍ ခက်ခဲသည့် အပြင် ယခု သတ္တု ရှာဖွေမှုအတွက် အတွက် လုပ်သား ၁,၀၀၀ ကျော် တစ်ပြိုင်နက်တည်း လိုအပ်ကြောင်း သိရှိရသည်။

သတ္တု တူးဖော်ရေးမှ ပရိုဂရမ် မန်နေဂျာ ကျန်းကျွမ်ကျင်းက ယင်းတူးဖော်ရေး အား လုပ်ဆောင်ခြင်းသည် အာကာသယာဉ် တစ်စီး အား ပြင်ဆင်ခြင်းထက် ပိုမိုခက်ခဲကြောင်း ပြောကြားခဲ့သည်။

ယင်း ရတနာ သိုက် တူးဖော်ရေးအား လိုင်ကျိုး ရဲ့ဟိုင်း သတ္တု တူးဖော်ရေး ကုမ္ပဏီမှ ဦးစီး လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

သမုဒ္ဒရာ ရေပြင်အောက်တွင် ရှာဖွေ တူးဖော်နိုင်ခြင်းသည် တရုတ် ဘူမိဗေဒ ဆိုင်ရာ ရှာဖွေခြင်း၏ မြေပြင်မှ ပင်လယ်ပြင် အထိ တိုးချဲ့လာနိုင်ခြင်း အမှတ် သင်္ကေတပင် ဖြစ်ကြောင်း နှင့် ဘူမိဗေဒ ပညာရပ်ဘက်တွင် အားကောင်းလာခြင်း ဖြစ်ကြောင်း သိပ္ပံ ပညာဆိုင်ရာ တရုတ်အကယ်ဒမီ၏ ပညာရှင် ရွှီကျစ်ချင်မှ ပြောကြားခဲ့သည်။ (Xinhua)