Connect with us

Economy

တရုတ် ယွမ်ငွေ ( Ren Min Bi ) တစ်ရာတန် ငွေစက္ကူ အသစ်အား တရုတ် နိုင်ငံ ဗဟိုဘဏ်မှ ယနေ့ တရားဝင် စတင် ထုတ်ဝေ

တရုတ် နိုင်ငံ ဗဟိုဘဏ်မှ ထုတ်ဝေလိုက်သော ၁၀၀ တန် ငွေစက္ကူ အသစ်အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဗဟိုဘဏ်မှ နိုဝင်ဘာလ ၁၂ ရက်တွင် တရုတ် ယွမ်ငွေ ( Ren Min Bi ) တစ်ရာတန် ငွေစက္ကူ အသစ်အား တရားဝင် စတင် ထုတ်ဝေကြောင်း သိရှိခဲ့ရသည်။

အချိန် ၁၀ နှစ်ကြာခန့် ယွမ် ၁၀၀ တန် ငွေစက္ကူ အသစ်အား ထုတ်ဝေခြင်း မရှိခဲ့ဘဲ ယခုအကြိမ် တစ်ရာတန် ငွေစက္ကူ အသစ် ထပ်မံ ထုတ်ဝေခြင်း ဖြစ်သည်။

ယခု အသစ် ထုတ်ဝေ လိုက်သည့် ယွမ်တစ်ရာတန် ငွေစက္ကူ အသစ်သည် ယခင် တစ်ရာတန် ငွေစက္ကူတွင် ရိုက်နှိပ်သည့် ရုပ်ပုံနှင့် အတော်များများ တူညီပြီး မျက်နှာစာ ဘက်တွင် ရွှေရောင် ၁၀၀ ဟူသည့် စာလုံး ပါဝင်လာမှုသည် ထူးခြားချက် တစ်ခု ဖြစ်ကာ အခြား ပြောင်းလဲမှု အနည်းငယ် ရှိခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117