Connect with us

Economy

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ G-20 အစည်းအဝေး တွင် တရုတ် နိုင်ငံ အနေဖြင့် စီးပွားရေး တိုးတက်မှု နှုန်းအား ဆက်လက် ထိန်းသိမ်း ထားနိုင်မည်ဟု ယုံကြည်မှု အပြည့်ရှိကြောင်း ပြောကြား


အန်တယ်ရာ ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် နိုဝင်ဘာလ ၁၅ ရက်တွင် တူရကီ နိုင်ငံ အန်တယ်ရာ မြို့တွင် ကျင်းပ ခဲ့သည့် G-20 အစည်းအဝေး တက်ရောက်စဉ်တွင် မိန့်ခွန်းပြောကြားရာ၌ တရုတ် နိုင်ငံ အနေဖြင့် စီးပွားရေး တိုးတက်မှု အလယ်အထက် နှုန်းကို ဆက်လက် ထိန်းသိမ်း ထားနိုင်သည့် စွမ်းရည် ရှိသည်ဟု ကို ယုံကြည်မှု အပြည့် ရှိကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ် နိုင်ငံ သည် ကမ္ဘာ့စီးပွားရေး အဆိုးရွား ဆုံး အခြေအနေ ၌ပင် တိုးတက်မှု နှုန်းအား တွန်းအား ပေးသည့် တာဝန် ကို ထမ်းဆောင် နိုင်ခဲ့ကြောင်း ၊ ၂၀၀၉ ခုနှစ် မှ ၂၀၁၁ ခုနှစ် အကြား တွင် တရုတ် နိုင်ငံ မှ ကမ္ဘာ့ စီးပွားရေး တိုးတက်မှု အတွက် ရာခိုင်နှုန်း ၅၀ အထက် ဆောင်ရွက် ပေးနိုင် ခဲ့ကြောင်း ၊ လက်ရှိ ချိန်တွင် တရုတ် နိုင်ငံ ၏ စီးပွားရေး တိုးတက်မှု မှာ အရှိန် အနည်းငယ် ကျခဲ့သော်လည်း ကမ္ဘာ့ စီးပွားရေး တိုးတက်မှု အတွက် ရာခိုင်နှုန်း ၃၀ အထက် ဆောင်ရွက် နိုင်ခဲ့ပြီး ကမ္ဘာ့ စီးပွားရေး တိုးတက်မှု အတွက် တွန်းအား ဖြစ်စေ ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ယခု ကဲ့သို့သော ယုံကြည်မှု ရှိခြင်းသည် ဘက်စုံပြုပြင်ပြောင်းလဲမှု မှ တစ်ဆင့် ပွင့်လင်းမြင်သာ သည့် စီးပွားရေး စနစ် တစ်ရပ် အား တည်ဆောက်သွားမည် ဆိုသည့် ဆုံးဖြတ်ချက် နှင့် ဆောင်ရွက်မှု များကြောင့် ဖြစ်ပြီး တရုတ် နိုင်ငံ ၏ တောင့်တင်းခိုင်မာ သည့် စီးပွားရေး နှင့် တရုတ် နိုင်ငံ အစိုးရ ၏ အရေးပါ သော နိုင်ငံရေး ဦးဆောင်လမ်းပြမှု မူဝါဒ များကြောင့် ဖြစ်ကြောင်း ၊ ယခု နှစ် တရုတ် နိုင်ငံ ၏ စီးပွားရေး တိုးတက်မှု နှုန်းအား ၇ ရာခိုင်နှုန်း ဟု ခန့်မှန်းထားပြီး ကမ္ဘာ့ စီးပွားရေး တိုးတက်မှု နှုန်း၏ သုံးပုံတစ်ပုံ ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ မှ လည်း ၁၃ ကြိမ်မြောက် ၅ နှစ် စီမံကိန်း အား ချမှတ် လိုက်ပြီး ဖြစ်ကာ ၂၀၂၀ ခုနှစ် တွင် ဘက်စုံ သာယာဝပြော သော လူနေမှု အသိုင်းအဝိုင်း အား တည်ဆောက်နိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ပြီး ပြည်တွင်း ကုန်ထုတ်လုပ်မှု တန်ဖိုး နှင့် ကျေးလက် မြို့ရွာ နှစ်ရပ် လုံးမှ ပြည်သူ လူထု များ၏ ဝင်ငွေ ရရှိမှု သည် ၂၀၁၀ ခုနှစ် ၏ နှစ်ဆ ဖြစ်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တူရကီ နိုင်ငံ အန်တယ်ရာ မြို့တွင် ကျင်းပသည့် G-20 အစည်းအဝေး တက်ရောက်စဉ် (ဆင်ဟွာ)

ထို့ပြင် သမ္မတ ရှီကျင့်ဖိန် မှ G-20 အဖွဲ့၏ အဓိက တာဝန် သည် ကမ္ဘာ့စီးပွားရေး အား တိုးတက်ရန် အတွက် တွန်းအားပေး ဆောင်ရွက် ရမည် ဖြစ်ကြောင်း ၊ G-20 အဖွဲ့ အနေဖြင့် စည်းမျဉ်းစည်းကမ်း များ သတ်မှတ် ပြီး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို ငေ်ရွက်ကာ ရေရှည် တွန်းအား ပေးဆောင်ရွက် နိုင်သည့် ဆောင်ရွက်မှု များပြုလုပ် ရမည် ဖြစ်ကြောင်း ၊ အတူတကွ စည်းလုံးညီညွတ်စွာ ဖြင့် ပြည်တွင်းဆောင်ရွက်မှု များပြုလုပ်ကာ အတူတကွ ပူးပေါင်းပြီး ရင်ဆိုင်ကြုံတွေ့လာသော စိန်ခေါ်မှု များအား ရင်ဆိုင် သွားရမည် ဖြစ်ကြောင်း ၊ ယင်းနှင့် ပတ်သက်၍ အချက် ၄ ချက်အား အကြံပြုလိုကာ (၁) မဟာစီးပွားရေး မူဝါဒ ကို ဆွေးနွေးညှိနှိုင်း ဆောင်ရွက်မှု တိုးမြှင့်ခြင်းဖြင့် မူဝါဒ နှင့် ဆောင်ရွက်မှု ကို ပေါင်းစည်း ရမည် ဖြစ်ကြောင်း (၂) ဆန်းသစ်တီထွင် ပြုပြင် ပြောင်းလဲရေး ကို တွန်းအား ပေး ဆောင်ရွက်ကာ ကမ္ဘာ့စီးပွားရေး ရေရည် တိုးတက်ရန် ဆောင်ရွက် ရမည် ဖြစ်ကြောင်း (၃) ပွင့်လင်းမြင်သာ သည့် စီးပွားရေး ပုံစံ သစ် ကို တည်ဆောက်ကာ အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှု အား တိုးချဲ့ရမည် ဖြစ်ကြောင်း(၄) ၂၀၃၀ ခုနှစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အား အကောင်အထည် ဖော်ဆောင်ရွက်ကာ အပြန်အလှန် နားလည်မှု ထားရှိပြီး တန်းတူညီမျှသည့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသည့် တွန်းအားပေးဆောင်ရွက်မှု များပြုလုပ်ရမည် ဖြစ်ကြောင်း ကို အထူး ပြောကြား ခဲ့သည်။ (Xinhua)