Connect with us

Economy

တရုတ်-တောင်ကိုရီးယား၊ တရုတ်-သြစတြေးလျ တို့ လွတ်လပ်သော ကုန်သွယ်မှု သဘော တူညီချက်များ စတင် အသက်ဝင်လာ

တရုတ်နိုင်ငံ၏ ပို့ကုန်များကို သယ်ဆောင်လာသော ကုန်တင်သဘောင်္တစ်စီးအား တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဒီဇင်ဘာ (၂၁) ရက် (ဆင်ဟွာ)

တရုတ်နှင့် သြစတြေးလျ၊ တရုတ်နှင့် တောင်ကိုရီးယား တို့ကြား ကုန်စည်ကူးသန်းမှု ပိုမိုတိုးမြှင့်ရန် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် (FTA) အား ဒီဇင်ဘာလ (၂ဝ) ရက်နေ့တွင် စတင် အသက်ဝင်လာကြောင်းသိရသည်။

တရုတ်နိုင်ငံ စီးပွားရေး ဝန်ကြီးဌာန၏ အဆိုအရ ပထမအဆင့် အခွန်လျှော့ပေါ့မှု အား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ဒုတိယ အဆင့်အား ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဆက်လက် ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ နှင့် တောင်ကိုရီးယား နိုင်ငံ တို့သည် ၃ နှစ်ကျော်ကြာ ညှိနှိုင်း ဆွေးနွေးခဲ့ပြီးနောက် ဇွန်လ ၁ ရက်နေ့တွင် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် (FTA) အား လက်မှတ်ရေးထိုးခဲ့ပြီး ၎င်း သဘောတူညီချက် အရ လာမည့် နှစ် ၂၀ ကာလ အတွင်း တောင်ကိုရီးယားနိုင်ငံ သည် တရုတ်နိုင်ငံ မှ ထုတ်ကုန်ပစ္စည်း ၉၂ ရာခိုင်နှုန်း အား အခွန်ကောက်ခံရရှိမည်ဖြစ်ပြီး တရုတ်နိုင်ငံ မှ လည်း တောင်ကိုရီးယားနိုင်ငံ ကုန်ပစ္စည်းများ၏ ၉၁ရာခိုင်နှုန်းအား အခွန်ကောက်ခံနိုင်မည်ဖြစ်ကြောင်း သိရသည်။ တောင်ကိုရီးယားနိုင်ငံ သည် တရုတ်နိုင်ငံနှင့် ကုန်စည်တင်ပို့မှု ပိုမို ကောင်းမွန်အောင်မြှင့်တင်ရန် အတွက် မျှော်လင့်ကြောင်း သိရသည်။

ထို့အပြင် တရုတ်နှင့် သြစတြေးလျ နိုင်ငံတို့သည် လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့် ဘဏ္ဍာရေးကဏ္ဍ တို့အပါအဝင် အခြား ကုန်စည်ပစ္စည်းများ အခွန်အခ သက်သာစွာဖြင့် တင်ပို့နိုင်ရန် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် (FTA) အား ဇွန်လ ၁၇ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ ကြောင်း သိရသည်။

တရုတ်နိုင်ငံ နှင့် သြစတြေးလျနိုင်ငံ တို့သည် FTA မှ နှစ်စဉ် ကုန်သွယ်မှု တန်ဖိုး သြစတြေးလျ ဒေါ်လာ ၁ဝ ဘီလီယမ် ခန့် ရရှိရန်မျှော်လင့်ထားကြောင်းသိရသည်။ အဆိုပါ သဘောတူညီချက်များအရ သြစတြေးလျ နိုင်ငံမှ သတ္တု လုပ်ငန်း၊ ချည်ထည်နှင့် နို့ထွက်ပစ္စည်းများအား တရုတ်နိုင်ငံသို့ ဈေးသက်သာစွာ တင်ပို့မည် ဖြစ်ပြီး တရုတ်နိုင်ငံထွက် ချည်ထည်၊ အဝတ်အထည်နှင့် အရုပ်များ အား ဈေးနှုန်းသက်သာစွာဖြင့် သြစတြေးလျ သို့ ပြန်လည် တင်သွင်းနိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)