Connect with us

Economy

ဒုတိယအကြိမ် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ(CIIE) သို့ ကမာ္ဘ့နိုင်ငံ နှင့်ဒေသပေါင်း ၁၅၅ ခုနှင့် နိုင်ငံတကာအဖွဲ့အစည်း ၂၆ ခုတက်ရောက်မည်

ရှန်ဟိုင်းမြို့ ၌ ကျင်းပမည့် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ(CIIE) ကျင်းပရာ ခန်းမအားတွေ့ရစဉ်(ဆင်ဟွာ)

ရှန်ဟိုင်း ၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ နိုဝင်ဘာ ၅ ရက် မှ ၁၀ ရက် အထိ ကျင်းပမည့် ဒုတိယအကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ(CIIE) သို့ နိုင်တကာအဖွဲ့အစည်းပေါင်း ၂၆ ခု အပါအဝင် ကမာ္ဘ့နိုင်ငံ နှင့် ဒေသပေါင်း ၁၅၅ ခုမှ ပါဝင်တက်ရောက် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြပွဲကို မြေဧရိယာ ၃၆၀,၀၀၀ စတုရန်းမီတာအကျယ်ပေါ်တွင် ပြုလုပ်သွားမည်ဖြစ်သည်။ နိုင်ငံပေါင်း ၆၄ နိုင်ငံမှ ကုမ္ပဏီပေါင်း ၃,၈၉၃ ခုက ၎င်းတို့၏ စီးပွားရေးပြခန်းများကို ပါဝင်ပြသသွားမည်ဖြစ်ကြောင်း ၊ ယနေ့နိုဝင်ဘာ ၅ ရက်တွင် ပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံဒုတိယဝန်ကြီးချုပ် ဟူချွန်းဟွာ (Hu Chunhua) က အဖွင့်မိန့်ခွန်းပြောကြားခဲ့ကြောင်း  သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.