Connect with us

Economy

အာဆီယံက တရုတ်နိုင်ငံ ချုံချင်းဒေသ၏ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်လာ

တရုတ်နိုင်ငံ ချုံချင်းမြို့မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ချုံချင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ချုံချင်းမြို့၏ ပြည်ပကုန်သွယ်မှုပမာဏမှာ ၂၀၁၉ ခုနှစ် ပထမကိုးလတာကာလအတွင်း ၁၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး အာဆီယံက အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်လာခဲ့ကြောင်း သိရသည်။

အကောက်ခွန်ဌာန၏ စာရင်းအရ ၂၀၁၉ ခုနှစ် ပထမကိုးလအတွင်း ချုံချင်းမြို့၏ ပြည်ပကုန်သွယ်မှု စုစုပေါင်းမှာ ယွမ် ၄၁၃ ဒသမ ၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၈ ဒသမ ၅ ဘီလီယံ) တိုးလာခဲ့ပြီး ယခင်နှစ်ကထက် ၁၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလမှ  စက်တင်ဘာလအထိ ချုံချင်းမြို့၏ ပို့ကုန်များမှာ ယွမ် ၂၆၃ ဒသမ ၇ ဘီလီယံဖြင့် ၁၂ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး သွင်းကုန်များမှာ ယွမ် ၁၅၀ ဘီလီယံဖြင့် ၁၂ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ချုံချင်းမြို့တို့၏ ပြည်ပကုန်သွယ်မှုမှာ ယင်းကာလအတွင်း ယွမ် ၇၈ ဒသမ ၈ ဘီလီယံရှိခဲ့ပြီး ယခင်နှစ်ကထက် ၄၆ ဒသမ ၁ ရာခိုင်နှုန်း တိုးလာခဲ့ကာ ချုံချင်း၏ စုစုပေါင်း ကုန်သွယ်မှု၏ ၁၉ ရာခိုင်နှုန်း ရှိခဲ့သည်။

ထို့ပြင် အဆိုပါ ကိုးလတာကာလအတွင်း ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက်ရှိ နိုင်ငံများနှင့် ချုံချင်း၏ ကုန်သွယ်မှုမှာ ၃၄ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ပြီး ပမာဏအားဖြင့် ယွမ် ၁၁၅ ဒသမ ၇ ဘီလီယံရှိခဲ့ကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.