တရုတ်နိုင်ငံအနေဖြင့် ယခုနှစ်ဆန်းပိုင်းမှစ၍ ပြည်တွင်းပြည်ပ ကုန်သွယ်မှု တစ်ပေါင်းတစ်စည်းတည်း တိုးတက်ရေးအတွက် အရှိန်မြှင့်ဆောင်ရွက်လျက်ရှိသည်ဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၂၆ ရက်၌ ပြောကြားခဲ့သည်။ ပြည်တွင်းပြည်ပ ကုန်သွယ်ရေး စည်းမျဥ်းများနှင့် စနစ်များ ချိန်ညှိခြင်းကိုလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟဲယုံချန်းက သတင်းစာရှင်းလင်းပွဲ၌...
ပေကျင်း၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) ယခုနှစ်သည် ကြီးကျယ်ခမ်းနားလှသော အဝေးပြေးလမ်းမကြီးနှစ်ခုဖြစ်သည့် စီချွမ်း-ရှီးဇန့်နှင့် ချင်းဟိုင်-ရှီးဇန့် လမ်းများ လည်ပတ်မှု နှစ်ပေါင်း ၇၀ ပြည့်မြောက်သည့် အခါသမယဖြစ်သည်။ တစ်ချိန်က ဝေးလံခေါင်သီလှသော ကုန်းပြင်မြင့်ဒေသအား အဆိုပါ သမိုင်းဝင်အဝေးပြေးလမ်းများက မည်ကဲ့သို့ အသွင်ပြောင်းလဲခဲ့ပုံကို ဖော်ပြပါဓာတ်ပုံများတွင် လေ့လာကြည့်ရှုနိုင်ပါသည်။ (Xinhua)...
တရုတ်နိုင်ငံ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်း မူဝါဒများအပေါ် စုံစမ်းစစ်ဆေးသည့် အမေရိကန်နိုင်ငံ၏ ပုဒ်မ ၃၀၁ အား တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် မကျေနပ်သကဲ့သို့ ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၂၃ ရက်၌ ပြောကြားခဲ့သည်။ (Xinhua) ……………………. (English Version) China...
ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းက ကရိန်းပြိုကျမှုကြောင့် ရထားလမ်းပျက်စီးမှု ဖြစ်ပွားပြီးနောက် ရှန်ဟိုင်း မြေအောက်ရထားလမ်း အမှတ်-၁၁ အား ဒေသစံတော်ချိန် ည ၉ နာရီ ၃၀ မိနစ်ဝန်းကျင်၌ တစ်စိတ်တစ်ပိုင်း ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ကျယ်ကျယ်ပြန့်ပြန့် ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် Chenxiang Highway ဘူတာမှ...
တရုတ်နိုင်ငံ၏ မြေဧရိယာစုစုပေါင်း၏ ၀.၆ ရာခိုင်နှုန်းနီးပါးကို လွှမ်းခြုံထားသည့် ကွမ်တုန်း-ဟောင်ကောင်-မကာအို မဟာပင်လယ်အော်ဒေသ၏ ကုန်ထုတ်လုပ်မှုပမာဏမှာ ၂၀၂၃ ခုနှစ်အတွင်း ယွမ် ၁၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၉၅ ထရီလီယံခန့်) ရှိခဲ့ကာ နိုင်ငံလုံးဆိုင်ရာ စုစုပေါင်း ကုန်ထုတ်လုပ်မှုပမာဏ၏ ကိုးပုံတစ်ပုံခန့်ရှိကြောင်း သိရသည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။...
ပေကျင်း၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) စိန်ခေါ်မှုများ မြင့်တက်လာသည့် တစ်နှစ်တာအတွင်း တရုတ်နိုင်ငံ၏ အိမ်ခြံမြေဈေးကွက်သည် ပြန်လည်နာလန်ထူမှုလက္ခဏာများ ပိုမိုရှင်းရှင်းလင်းပေါ်ထွက်လာသလို ယုံကြည်မှုစိတ်ချကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ပြီး ဝယ်လိုအားကိုလည်း ပြန်လည်ဆန်းသစ်ပေးသည့် ကောင်းမွန်သော မူဝါဒများဖြင့် အားဖြည့်ပေးနိုင်ခဲ့သည်။
တရုတ်ဥပဒေပြုလွှတ်တော်အမတ်များက မမျှတစွာယှဥ်ပြိုင်မှု တိုက်ဖျက်ရေးဥပဒေ မူကြမ်းပြင်ဆင်ရေးအတွက် စဥ်းစားသုံးသပ်လျက်ရှိကာ ထိုကဲ့သို့ ပြင်ဆင်ခြင်းက စီးပွားရေးလုပ်ငန်းများအတွက် မျှတသော ဈေးကွက်ဝန်းကျင်ကို မြှင့်တင်ပေးနိုင်မည်ဟု မျှော်လင့်ထားသည်။ ထိုဥပဒေမူကြမ်းအား အလေးအနက်သုံးသပ်ရန်အတွက် လက်ရှိကျင်းပနေသော တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ အစည်းအဝေးသို့ ဒီဇင်ဘာ ၂၁ ရက်၌ တင်သွင်းထားကာ ထိုဥပဒေအား ၁၉၉၃ ခုနှစ်၌...
ရှန်ဟိုင်းဆိပ်ကမ်းသည် ဒီဇင်ဘာ ၂၂ ရက်တွင် တစ်နှစ်တာအတွင်း ကွန်တိန်နာလက်ခံဆောင်ရွက်နိုင်မှုပမာဏမှာ ပေ ၂၀ ကွန်တိန်နာနှင့်ညီမျှသော ယူနစ် (TEUs) သန်း ၅၀ ကျော်လွန်ခဲ့သည့် ကမ္ဘာ့ပထမဆုံး ဆိပ်ကမ်းဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ အဆိုပါဆိပ်ကမ်းသည် နှစ်စဉ် ကွန်တိန်နာလက်ခံဆောင်ရွက်နိုင်မှုအရ ၁၄ နှစ်ဆက်တိုက် ကမ္ဘာ့ပထမဆုံးအဆင့်၌ ရပ်တည်လျက်ရှိသည်။ (Xinhua)...
Audi ကားကုမ္ပဏီနှင့် တရုတ်နိုင်ငံ၏ ထိပ်တန်း ကားထုတ်လုပ်ရေးကုမ္ပဏီ FAW တို့၏ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းဖြစ်သည့် Audi FAW NEV ကုမ္ပဏီလီမိတက်က တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၊ ကျီလျင်ပြည်နယ်၌ လျှပ်စစ်မော်တော်ကား မော်ဒယ်များအား သီးသန့် အမြောက်အမြားထုတ်လုပ်မှုကို ဒီဇင်ဘာ ၁၇ ရက်၌ စတင်ခဲ့သည်။ တရုတ်နိုင်ငံ၌ အဆိုပါ...
ပေကျင်း၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ) ပြုပြင်ပြောင်းလဲရေးသည် ကဏ္ဍပေါင်းစုံ၏ ရှင်သန်စွမ်းအား၊ တွန်းအားများကို ထုတ်ပေးနိုင်စွမ်းရှိပြီး ဗဟိုအစိုးရမှ အဆိုပြုထားသော အထင်ကရ ပြုပြင်ပြောင်းလဲရေးအစီအမံများကို လက်တွေ့ ထိထိရောက်ရောက် အကောင်အထည်ဖော်မည်ဆိုပါက လာမည့်နှစ်တွင် မူဝါဒ မြှင့်တင်ရေးနှင့် ပြုပြင်ပြောင်းလဲရေး၏ အားထုတ်မှု နှစ်ဆင့်တွန်းအားဖြစ်ပေါ်စေပြီး စီးပွားရေး စဉ်ဆက်မပြတ် တိုးတက်မှုကို...