Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံတွင် အဆောက်အအုံပြိုကျမှုကြောင့် သေဆုံးသူ ၆ဦးရှိလာ

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျောင်ရှီး ပြည်နယ်၊ အန်ယန်းခရိုင်၊ ဖင်းရှောင်းမြို့ တွင်ပြိုကျခဲ့သည့် ခြောက်ထပ်တိုက်အားတွေ့ရစဉ် (internet)

နန်ချောင်း၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျောင်ရှီး ပြည်နယ်တွင် လူနေအဆောက်အအုံ ပြိုကျခဲ့မှုကြောင့် ကယ်ဆယ်ရေး ဝန်ထမ်းများသည် ၃၄နာရီကြာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ လုပ်ငန်းများပြီးဆုံးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်း၌ သေဆုံးသူ ဦးရေသည် ၆ဦး အထိရှိလာကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၆ရက်နေ့က အန်ယန်းခရိုင်၊ ဖင်းရှောင်းမြို့ တွင် ခြောက်ထပ်တိုက်တစ်လုံး၏ အပေါ်ဆုံး သုံးလွှာ ပြိုကျခဲ့ပြီး ဒဏ်ရာရရှိသူ တစ်ဦး အပါအဝင် အသက်ရှင်ကျန်ရစ်သူ ခြောက်ဦးကို အပျက်အစီးများ အောက်မှ ဆွဲထုတ်ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

ကနဦး စုံစမ်းစစ်ဆေးမှုများအရ မတော်တဆဖြစ်ပွားမှု သည် အဆောက်အအုံ၏ လေးလွှာမြောက်တွင် စနစ်မကျသည့် ပြုပြင်မွမ်းမံမှုများကြောင့်ဖြစ်ပြီး ထိုသို့ပြုပြင်မှုများသည် အပေါ်ရှိ အလွှာများ ပြိုကျရန် ဦးတည်စေခဲ့ကြောင်း သိရသည်။

မြို့နယ် အုပ်ချုပ်ရေးမှူးက ဒဏ်ရာရရှိသူများအား ဆေးကုသပေးခြင်း၊ သေဆုံးသူများ၏ ဆွေမျိုးများအား အားပေးစောင့်ရှောက်ပေးခြင်း နှင့် နေရာပြောင်းရွှေ့ပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြည်နယ် အစိုးရက နှစ်ကာလ ကြာမြင့်ပြီဖြစ်သော လူနေတိုက်တာများကို ပြန်လည်စစ်ဆေး မွမ်းမံခြင်း ပြုလုပ်ကြ ရန် ဖေဖော်ဝါရီ ၂၇ရက်နေ့က ညွှန်ကြားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117