Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် သင်္ဘောချင်းတိုက်မိ၍ လူ၁၀ဦး ပျောက်ဆုံး

သင်္ဘောနှစ်စင်းတိုက်မိမှု ဖြစ်ပွားခဲ့သည့် ပင်လယ်ဝါအားမြေပုံပေါ်၌တွေ့ရစဉ် (internet)

ချင်တောင်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

ဖေဖော်ဝါရီ ၂၇ရက်နေ့က ပင်လယ်ဝါတွင် သင်္ဘောနှစ်စင်းတိုက်မိမှု ကြောင့် လူ၁၀ဦးပျောက်ဆုံးနေကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားခဲ့သည်။

တရတ်နိုင်ငံ အရှေ့ပိုင်း ရှန်တုန်ပြည်နယ်၊ ချင်တောင်မြို့ ရှိ ချောင်လျင်ကျွန်း တောင်ဖက်မှ ရေမိုင် ၄၀မိုင် အကွာ တွင် ကုန်သင်္ဘောတစ်စီး နှင့် ငါးဖမ်းသင်္ဘောတစ်စီး တိုက်မိခဲ့ကြောင်းသိရသည်။

ယင်းမတော်တဆမှု ဖြစ်ပွားပြီးနောက် ငါးဖမ်းသင်္ဘောသည် ရေထဲသို့ နစ်မြုပ်ခဲ့ကြောင်း ချင်တောင် အုပ်ချုပ်ရေးမှူးကပြောကြားခဲ့သည်။ ချင်တောင် ရေကြောင်းဆိုင်ရာ ရှာဖွေရေး နှင့် ကာကွယ်ရေး စင်တာ ကအဆိုပါ ဖြစ်ရပ်အား နံနက် ၁၂း၅၀ နာရီတွင် သိရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ကယ်ဆယ်ရေးသမားများသည် ပျောက်ဆုံးနေသူများအား ရှာဖွေရေးလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.