Connect with us

Videos

မြစ်ကျဉ်းသုံးသွယ်ရေအားလျှပ်စစ်စက်ရုံက နှစ်ပေါင်း ၂၀ အတွင်း ကီလိုဝပ်နာရီပေါင်း ၁.၆ ထရီလီယံကျော် ထုတ်လုပ်

ပေကျင်း၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယန်ဇီမြစ်ပေါ်ရှိ မြစ်ကျဉ်းသုံးသွယ်ရေအားလျှပ်စစ်စက်ရုံသည် ၂၀၀၃ ခုနှစ် ဇူလိုင်လတွင် ပထမဆုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးယူနစ် စတင်လည်ပတ်ချိန်မှစ၍ နှစ်ပေါင်း ၂၀ အတွင်း လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၁.၆. ထရီလီယံကျော် ထုတ်လုပ်ခဲ့ပြီးဖြစ်ကြောင်း ဇူလိုင် ၁၀ ရက်၌ ထုတ်ပြန်သော တရားဝင်အချက်အလက်များ၌ ဖော်ပြထားသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုက မြစ်ကျဉ်းသုံးသွယ်ရေအားလျှပ်စစ်စက်ရုံက ထုတ်လုပ်ခဲ့သော သန့်ရှင်းသော စွမ်းအင်သည် ကျောက်မီးသွေးတန်ချိန် သန်း ၄၈၀ ကျော်ဖြင့် ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားနှင့် ညီမျှပြီး ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို ၁.၃၂ ဘီလီယံအထိ လျှော့ချနိုင်ကြောင်း၊ တရုတ်နိုင်ငံအား သန့်ရှင်းသော၊ ကာဗွန်လျော့နည်းသော၊ ဘေးကင်းသော၊ အကျိုးများသော စွမ်းအင်စနစ် တည်ဆောက်ရာတွင် အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။

ရေအားလျှပ်စစ်စက်ရုံသုံး တာဘိုမီးစက် ၃၄ လုံးဖြင့် လည်ပတ်သော အဆိုပါ ရေအားလျှပ်စစ်စက်ရုံသည် စုပေါင်းစွမ်းအင်ထုတ်လုပ်နိုင်စွမ်း ကီလိုဝပ် ၂၂.၅ သန်းရှိပြီး နှစ်စဉ် ကီလိုဝပ်နာရီ ၈၈.၂ ဘီလီယံအထိ စွမ်းအင်ထုတ်လုပ်နိုင်ရန် ဒီဇိုင်းထုတ်လုပ်ထားခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားစနစ်၏ ကျောရိုးတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားထားသော ထိုရေအားလျှပ်စစ်စက်ရုံသည် အဓိကအားဖြင့် နိုင်ငံ အရှေ့ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများသို့ သန့်စင်သောလျှပ်စစ်ဓာတ်အား သွယ်တန်းပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)
—————————

Three Gorges hydropower station generates over 1.6 trln kWh of electricity in 20 years
BEIJING, July 10 (Xinhua) — The Three Gorges Hydroelectric Power Station on China’s Yangtze River has generated over 1.6 trillion kWh of electricity in 20 years since its first generator unit was put into operation to generate electricity in July 2003, official data showed Monday.
The clean energy produced by the Three Gorges Hydroelectric Power Station in the past two decades is estimated to be equivalent to the electricity generated by more than 480 million tonnes of standard coal and reduces carbon dioxide emissions by 1.32 billion tonnes, helping China build a clean, low-carbon, safe and efficient energy system.
With 34 hydropower turbo-generators, the hydropower station has a combined energy generating capacity of 22.5 million kilowatts and a designed annual power generation of 88.2 billion kWh.
The hydropower station, considered a backbone of China’s electricity system, transmits clean electricity mainly to eastern, central and southern China.