Connect with us

Environment, Disasters & Accidents

ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ဒုဋ္ဌဝတီမြစ်နှင့် ငဝန်မြစ်တစ်လျှောက်ရှိ မြေနိမ့်ပိုင်းနေထိုင်သူများသတိပြု

ဧရာဝတီမြစ်ရေ ခန့်မှန်းချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- မိုးဇလ)

ရန်ကုန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ဒုဋ္ဌဝတီမြစ်နှင့် ငဝန်မြစ်တစ်လျှောက်ရှိ စိုးရိမ်ရေမှတ်အထက် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန်နှင့် မြစ်ရေကြီးမှု ဘေးအန္တရာယ်မှ ကင်းလွတ်ရာသို့ ရှောင်ရှားကြရန် မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ နေ့လည်တိုင်းတာချက်အား သတင်းထုတ်ပြန်သည်။

ဧရာဝတီမြစ်ရေသည် ပခုက္ကူ မြို့တွင် (၃)ပေခန့်နှင့် ညောင်ဦးမြို့တွင် (၅)ပေခွဲခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်နေပြီး၊ နောက်(၂)ရက်အတွင်း ပေဝက်ခန့်စီ ကျဆင်းနိုင်သော်လည်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။ ဧရာဝတီမြစ်ရေသည် ချောက်မြို့ တွင် (၁)ပေခွဲခန့်၊ မင်းဘူးမြို့တွင် (၃)ပေခွဲခန့်၊ မကွေးမြို့တွင် (၃)ပေခန့်၊ အောင်လံမြို့နှင့် ဇလွန်မြို့တို့တွင် (၂)ပေခန့်စီ ၊ ပြည်မြို့တွင် (၁)ပေခွဲခန့်၊ ဆိပ်သာမြို့တွင် (၁)ပေခန့် နှင့်ဟင်္သာတမြို့တွင် (၂)ပေခွဲခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်နေပြီး၊ နောက်(၂)ရက်အတွင်း ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့နှင့် အောင်လံမြို့တို့တွင် (၂)ပေခန့်စီ၊ ပြည်မြို့နှင့် ဆိပ်သာမြို့တို့တွင် (၁)ပေခွဲခန့်စီ၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၁)ပေခန့်စီ ဆက်လက်တက်လာနိုင်ကာ ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက် ဆက်လက်တည်ရှိနိုင်ကြောင်းသိရသည်။
ချင်းတွင်းမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ မော်လိုက်မြို့ တွင် (၄)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်သည်။ကလေးဝ မြို့နှင့် မင်းကင်းမြို့တို့တွင် (၅)ပေခန့်၊ ကနီမြို့တွင် (၅)ပေခွဲခန့်နှင့် မုံရွှာမြို့တွင် (၂)ပေခန့် ယင်းမြို့ များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်နေပြီး နောက်(၂)ရက်အတွင်း ကလေးဝမြို့တွင် (၂)ပေခန့်၊ မင်းကင်းမြို့တွင် (၁)ပေခန့်၊ ကနီမြို့နှင့် မုံရွှာမြို့တို့တွင် ပေဝက်ခန့်စီ ကျဆင်းနိုင်ကာ ယင်းမြို့များ၏ စိုးရိမ် ရေမှတ် အသီးသီးအထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် (၂)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေ မှတ်အောက် ပြန်လည်ကျဆင်းနိုင်ကြောင်းသိရသည်။
ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်း မြို့တွင် (၂)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၄)ရက်အတွင်း (၁)ပေခန့် ဆက်လက်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.