Connect with us

China

တရုတ်-ဂျပန်-တောင်ကိုရီးယားက တံခါးဖွင့်လက်ခံမှု၊ အပြန်အလှန် အောင်မြင်မှု ရရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဝမ်ရိ ပြောကြား

ချင်းသောင်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟို နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် ဇူလိုင် ၃ ရက်က ချင်းသောင်မြို့၌ ကျင်းပသော ၂၀၂၃ ခုနှစ် တရုတ်-ဂျပန်-တောင်ကိုရီးယား သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားခဲ့သည်။ အခမ်းအနားတွင် ဝမ်ရိက မိမိတို့သည် တံခါးဖွင့်လက်ခံမှု၊ အပြန်အလှန် အောင်မြင်မှု ရရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်-ဂျပန်-တောင်ကိုရီးယား သုံးနိုင်ငံသည် စီးပွားရေး ကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းခြင်း၏ အကျိုးခံစားရသူများ ဖြစ်ကြောင်း၊ ဒုတိယကမ္ဘာစစ်အပြီးတွင် ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအသွင်ပြောင်းခြင်း၏ဒီရေလှိုင်းနှင့်အတူ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းသို့ လျှောက်လှမ်းနိုင်ခဲ့ကြကြောင်း၊ နှစ်ပေါင်း ၄၀ ကျော်ကြာကာလတွင် တရုတ်နိုင်ငံသည် ပြုပြင်ပြောင်းလဲရေးနှင့်တံခါးဖွင့်စနစ်များဖြင့် အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်လာရာ ဆိုရှယ်လစ်ဝါဒ ခေတ်မီအသွင်နိုင်ငံအသစ် တည်ဆောက်သော ခရီးစဉ်သစ်ကို လျှောက်လှမ်းနေပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်-ဂျပန်-တောင်ကိုရီးယား သုံးနိုင်ငံသည် မူလကပင် အပြန်အလှန်မှီတင်းနေထိုင်၍ အပြန်အလှန်အကျိုးဖြစ်ထွန်းစေသည့် ဆက်ဆံရေးတည်ရှိကြောင်း၊ မိမိတို့အနေဖြင့် မိတ်ဖက်အသိ၊ ကမ္ဘာလုံးဆိုင်ရာအမြင်ဖြင့် တစ်ဖက်၏ ဖွံ့ဖြိုးတိုးတက်မှုကို မိမိ၏ အခွင့်အလမ်းအဖြစ် မှန်ကန်စွာ ရှုမြင်ရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ပို၍အရည်အသွေးမြင့်မားသော ပြည်ပတံခါးဖွင့်စနစ်ကို တွန်းအားပေး ဆောင်ရွက်လျက်ရှိရာ တရုတ်နိုင်ငံ၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး အမြန်လမ်းတွင် ဂျပန်နိုင်ငံနှင့်တောင်ကိုရီးယားနိုင်ငံတို့ ပါဝင်ပြီး သုံးနိုင်ငံ သာမက အာရှတစ်ခွင် သာယာလှပသော အနာဂတ်ကို အတူတကွတည်ဆောက်ကြရန် ကြိုဆိုကြောင်း ဝမ်ရိ ပြောကြားခဲ့သည်။ (Xinhua)

…………………………………
(Chinese Version)

王毅:中日韩要坚持开放包容,彼此成就
新华社青岛7月3日电7月3日,中共中央政治局委员、中央外办主任王毅在青岛出席2023年中日韩合作国际论坛开幕式并致辞。
王毅指出,我们要坚持开放包容,彼此成就。中日韩三国都是经济全球化的受益者。二战后,日韩正是抓住了经济全球化潮头,进入发展快车道。40多年来,中国通过改革开放加快发展振兴,成为世界第二大经济体,迈上建设社会主义现代化国家的新征程。
中日韩三国本质上是相互依存、互利共赢的关系。我们要树立伙伴意识,展现全球视野,真正把对方的发展视为自身的机遇。中国将大力推进更高水平的对外开放,欢迎日韩搭乘中国高质量发展的快车,共创三国乃至亚洲的美好未来。
1. 7月3日,中共中央政治局委员、中央外办主任王毅在青岛出席2023年中日韩合作国际论坛开幕式并致辞。 新华社记者 李紫恒 摄