Connect with us

China

တရုတ်နိုင်ငံက စွမ်းအင်သစ်သုံးမော်တော်ယာဉ်ထုတ်လုပ်မှု အစီးရေ သန်း ၂၀ အထိ စံချိန်တင်ရောက်ရှိလာ

ကွမ်ကျိုး၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အစီးရေ သန်း ၂၀ မြောက် စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ် (NEV) ကို ကွမ်တုန်းပြည်နယ် မြို့တော် ကွမ်ကျိုးတွင် ဇူလိုင် ၃ ရက်က ထုတ်လုပ်လိုက်ပြီဖြစ်ကာ နိုင်ငံ၏ NEV ကဏ္ဍအတွက် ထင်ရှားသောသမိုင်းမှတ်တိုင်တစ်ခုကို ဖန်တီးလိုက်ပြီဖြစ်သည်။
အဆိုပါကားကို GAC Aion New Energy Automobile ကုမ္ပဏီလီမိတက်က ထုတ်လုပ်လိုက်ခြင်းဖြစ်သည်။ ထိုစံချိန်နှင့်အတူ NEV ကဏ္ဍသည် အမြောက်အမြားထုတ်လုပ်မှု၊ ကမ္ဘာအနှံ့လွှမ်းခြုံမှုနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု စင်မြင့်သစ်ဆီသို့ ရောက်ရှိသွားခြင်းလည်းဖြစ်ပြီး တရုတ်နိုင်ငံ၏ ခေတ်မီစက်မှုလုပ်ငန်းစနစ်၏ အရေးပါသောအစိတ်အပိုင်းတစ်ခုလည်း ဖြစ်လာခဲ့ကြောင်း တရုတ်နိုင်ငံ မော်တော်ကားထုတ်လုပ်သူများအသင်း (CAAM) ဒုတိယအမှုဆောင်ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူး ဖုပင်းဖုန်းက ပြောကြားခဲ့သည်။

အဆိုပါကြေညာချက်ကို ကွမ်ကျိုးမြို့တွင် ကျင်းပသော စံချိန်သစ်တင်ခြင်း အထိမ်းအမှတ်အခမ်းအနား၌ စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံတွင် ယခုနှစ် ပထမငါးလအတွင်း NEVs အစီးရေ ၃ သန်း ထုတ်လုပ်နိုင်ခဲ့ပြီး NEVs အစီးရေ ၂.၉၄ သန်း ရောင်းချနိုင်ခဲ့ရာ ယမန်နှစ် အလားတူကာလထက် ၄၅.၁ ရာခိုင်နှုန်းနှင့် ၄၆.၈ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ကြောင်း CAAM အဆိုအရ သိရသည်။ (Xinhua)

…………………

(English Version)

China registers record output of 20 mln NEVs

GUANGZHOU, July 3 (Xinhua) — China’s 20 millionth new energy vehicle (NEV) rolled off the production line on Monday in Guangzhou, capital of Guangdong Province, creating a remarkable milestone for the country’s NEV sector.

The car was produced by GAC Aion New Energy Automobile Co., Ltd. With this record, the NEV sector has entered a new stage of large-scale, globalized and high-quality development, and is becoming an important part of China’s modern industrial system, according to Fu Bingfeng, executive vice-president and secretary general of the China Association of Automobile Manufacturers (CAAM).

The announcement was made by the Ministry of Industry and Information Technology during a ceremony in celebration of the new record held in Guangzhou.
In the first five months of this year, the country had produced over 3 million units and sold 2.94 million units of NEVs, up 45.1 percent and 46.8 percent year on year, respectively, according to CAAM.

Photo: Staff members install door sealing strips at the assembly line of GAC Aion, an NEV subsidiary of Guangzhou Automobile Group Co., Ltd. (GAC Group), in Guangzhou, south China’s Guangdong Province, Feb. 24, 2023. (Xinhua/Deng Hua)