Connect with us

Media

ပါကစ္စတန်နိုင်ငံ ကရာချိမြို့၌ ဆလင်ဒါအိုးပေါက်ကွဲမှုကြောင့် လူ ၃ ဦးသေဆုံး ၊ ၁၂ ဦး ဒဏ်ရာရရှိ

ကရာချိ၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ကရာချိဆိပ်ကမ်းမြို့ရှိ အဆောက်အဦတစ်ခု၌ ဒီဇင်ဘာ ၁၈ ရက်တွင် ဂတ်စ်ဆလင်ဒါအိုးပေါက်ကွဲမှုကြောင့် လူ ၃ ဦးထက်မနည်း သေဆုံးကာ အခြားသူ ၁၂ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်မှာ ဂတ်စ်ဆလင်ဒါအိုးသစ်များကို နှစ်ထပ်လူနေအဆောက်အဦအောက်ရှိ ဆလင်ဒါအရောင်းဆိုင်သို့ ပြောင်းရွှေ့နေစဉ် Machar Colony နေရာ၌ ဖြစ်ပွားခဲ့ကြောင်း Edhi ဖောင်ဒေးရှင်း ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူ Salman Naseer က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ပေါက်ကွဲပြီးနောက် မကြာမီ အဆောက်အဦမှာ ရုတ်တရက် ပြိုကျသွားခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ဖြစ်စဉ်အနီးတစ်ဝိုက်ရှိ ပြည်သူများက ပိတ်မိနေသူများအား ချက်ချင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ကြသလို ကယ်ဆယ်ရေး လုပ်ဆောင်သူများနှင့်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း ၊ ပိတ်မိနေသူ ၁၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး အပျက်အစီးများအောက်တွင် လူ ၁ ဦးထက်မနည်း ကျန်ရှိနေသေးကြောင်း Naseer က ပြောကြားခဲ့သည်။
အပျက်အစီးများအောက်တွင် ပိတ်မိနေနိုင်သေးသူများအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

…………………….
(English Version)
3 killed, 12 injured in cylinder blast in Pakistan’s Karachi
At least three people were killed and around 12 others severely injured on Monday in a gas cylinder blast in a building in Pakistan’s southern port city of Karachi, the rescue service said.
Salman Naseer, an official of the rescue organization Edhi Foundation, told Xinhua that the accident took place in Machar Colony area when new gas cylinders were being shifted to a shop of cylinders beneath a double-story residential building.
Soon after the blast, the building suddenly turned into rubble, he added.
The locals of the area immediately started rescuing the trapped people and were then joined by the rescue workers, Naseer said, adding that up to 15 trapped people had been recovered while at least one was still under the rubble.
A search operation for the possible presence of other trapped people under the rubble was underway, according to the rescue official.
Xinhua News Agency correspondents reporting from Karachi, Pakistan.(XHTV)