ပေကျင်း၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက လက်ရှိဖြစ်ပွားနေသည့် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ သဘောထားရပ်တည်ချက်အား မော်ရိုကိုနိုင်ငံခြားရေးဝန်ကြီး နက်ဆာ ဘူရီတာနှင့် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် စက်တင်ဘာ ၁၉ ရက်က တွေ့ဆုံဆွေးနွေးစဉ်အတွင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်...
ဟဲဖေး၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း အန်းဟွေးပြည်နယ် မြို့တော်ဟဲဖေး၌ ကျင်းပခဲ့သော ကမ္ဘာ့ကုန်ထုတ် လုပ်မှုဆိုင်ရာညီလာခံတွင် ၂၀၂၅ ခုနှစ်အတွက် တရုတ်နိုင်ငံ၏ ထိပ်တန်းကုန်ထုတ်လုပ်မှုလုပ်ငန်း ၅၀၀ စာရင်းကို စက်တင်ဘာ ၂၀ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
အက်ကာရာ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဂါနာနိုင်ငံရှိ တရုတ်လူမှုအသိုင်းအဝိုင်းက မကြာသေးခင်က ဂါနာနိုင်ငံ၊ ဆဗန်းနားဒေသ၌ အကြမ်းဖက် ပဋိပက္ခဖြစ်စဥ်များကြောင့် ထိခိုက်ခံစားခဲ့ရသူများအတွက် ဂါနာငွေ ဆီဒစ် ၂ သန်းကျော် (အမေရိကန်ဒေါ်လာ ၁၆၃,၀၀၀ ခန့်) တန်ဖိုးရှိသော ကူညီကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှန်ဟိုင်း၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်ဆေးဘက်ဆိုင်ရာထောက်ပံ့ရေး အဖွဲ့အစည်းများက ၁၉၇၅ ခုနှစ်မှစကာ မော်ရိုကိုလူနာ ၆.၇ သန်း ကျော်အား ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ခဲ့ကြောင်း စက်တင်ဘာ ၂၀ ရက်က ရှန်ဟိုင်းမြို့ ၌ ကျင်းပခဲ့သည့် မော်ရိုကိုနိုင်ငံသို့ တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့များ စေလွှတ်သော နှစ် ၅၀...
ပေကျင်း၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) တရုတ်အမျိုးသမီးများသည် နိုင်ငံမှ အသင်းအဖွဲ့ဆိုင်ရာနှင့် မူဝါဒပိုင်းဆိုင်ရာ ပံ့ပိုးပေးမှုမှတစ်ဆင့် သိပ္ပံနှင့် နည်းပညာဆန်းသစ်တီထွင်မှုတွင် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း တရုတ်အာကာသယာဉ်မှူးလည်းဖြစ်၊ တရုတ်နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးအဖွဲ့ချုပ် အချိန်ပိုင်း ဒုတိယဥက္ကဋ္ဌလည်း ဖြစ်သူ ဝမ်ရာဖိန်က စက်တင်ဘာ ၁၉ ရက်၌ ပြုလုပ်သည့်...
ရှန်ဟိုင်း၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ရှန်ဟိုင်း နိုင်ငံတကာ မီးအလှပြပွဲ ဖွင့်ပွဲအခမ်းအနားကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ရွှီဟွေ့မြစ်ကမ်း၏ အနောက်ဘက်ကမ်း ချုံတိန်အနုပညာစင်တာ၌ စက်တင်ဘာလ ၁၉ ရက်တွင် ကျင်းပခဲ့သည်။ ယခုအကြိမ် မီးအလှပြပွဲသည် တစ်လ ကြာမြင့်မည်ဖြစ်ပြီး တစ်မြို့လုံး အတိုင်းအတာအဖြစ် ပင်မကျင်းပရာနေရာ...
ပေကျင်း၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှင်းကျန်းဒေသသည် လွန်ခဲ့သောနှစ်ပေါင်း ၇၀ ကာလအတွင်း လုပ်ငန်းတာဝန်များအားလုံးကို သမိုင်းတွင် အောင်မြင်မှုများ စွမ်းဆောင်နိုင်ခဲ့ကြောင်း အဆင့်မြင့် ဒေသဆိုင်ရာ တာဝန်ရှိသူက စက်တင်ဘာ ၁၉ ရက်၌ ပြောကြားခဲ့သည်။ ယင်းဒေသသည် ရှင်းကျန်းဒေသ သမိုင်းကြောင်းတစ်လျှောက် အကောင်းဆုံး ဖွံ့ဖြိုးတိုးတက်မှုကာလတွင်...
ပေကျင်း၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး လူမှုရေး လုံခြုံမှုစနစ်တည်ထောင်ထားပြီး နိုင်ငံတွင်းမှ အမျိုးသမီးများသည် ယခုအခါတွင် ဘက်စုံ ယုံကြည်အားထားရသော၊ တန်းတူညီမျှသည့် လူမှုရေး လုံခြုံမှု ရရှိခံစားရကြောင်း နိုင်ငံတော်ကောင်စီပြန်ကြားရေးရုံးမှ စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်သည့် စက္ကူဖြူစာတမ်းတွင် ပြောကြားခဲ့သည်။ “ခေတ်သစ်တွင်...
ထိုက်ယွမ်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရှေးဟောင်းဗိသုကာလက်ရာများကောင်းစွာထိန်းသိမ်းထားသည်ဟုသိကြသည့် UNESCO ကမ္ဘာ့အမွေအနှစ် နေရာဖြစ်သည့် တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် ရှေးဟောင်းမြို့ ဖိန်ရောင်တွင် ၂၅ ကြိမ်မြောက် ဖိန်ရောင်နိုင်ငံတကာ ဓာတ်ပုံပြပွဲကို စက်တင်ဘာ ၁၉ ရက်တွင် စတင်ခဲ့သည်။ “နယ်နိမိတ်ကျော်လွှားခြင်း၊ အနာဂတ်ဆီသို့ ဉာဏ်ရည်ရှိရှိထိုးထွင်းသိမြင်ခြင်း” ဆိုသည့်...
ကူမင်း၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) ၂၃ ကြိမ်မြောက် တရုတ်နိုင်ငံ ကူမင်း နိုင်ငံတကာ ပန်းမန်ပြပွဲကို စက်တင်ဘာ ၁၉ ရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ စတင်ဖွင့်လှစ်ကျင်းပခဲ့သည်။ ယခုအကြိမ်ပြပွဲမှာ “ယူနန်ပြည်နယ် ကမ္ဘာ့ပန်းဥယျာဉ်သို့ သွားရောက်လိုခြင်း” ခေါင်းစဉ်ဖြင့်ကျင်းပခြင်းဖြစ်ပြီး တစ်ကမ္ဘာလုံးမှ လုပ်ငန်းကုမ္ပဏီပေါင်း ၅၀၀...