Connect with us

Politics, Law & Military

“ရှန်ဟိုင်း စိတ်ဓာတ်”က နိုင်ငံတကာဆက်ဆံရေး သမိုင်းစာမျက်နှာသစ်ကို လျှောက်လှမ်းနိုင်ခဲ့ကြောင်း သမ္မတရှီ ပြော

SCO အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များ အမှတ်တရဓာတ်ပုံရိုက်ကူးစဉ်(ဓာတ်ပုံ- ဆင်ဟွာ )

ချင်းသောင် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က “ရှန်ဟိုင်း စိတ်ဓာတ်”သည် ယဉ်ကျေးမှုပဋ္ဋိပက္ခ၊ စစ်အေးအတွေး အခေါ်၊ အနိုင်အရှုံးအဖြေတစ်မျိုးတည်းသာရှိသော သူသေကိုယ်ရှင် ဆက်ဆံရေး(zero-sum game) စသည့် ရှေးကျအတွေးအခေါ်များအား ကျော်လွှားနိုင်ခဲ့ပြီး နိုင်ငံတကာဆက်ဆံရေး သမိုင်းစာမျက်နှာ သစ်ကို လျှောက်လှမ်းနိုင်ခဲ့သောကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏သဘောတူထောက်ခံမှု အများအပြား ရရှိခဲ့ကြောင်း ဇွန်လ ၁၀ ရက်က ကျင်းပသည့် (၁၈)ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့(SCO) ထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။

SCO နိုင်ငံများသည် ၁၇ နှစ်ကြာ ကာလအတွင်းတွင် SCO ပဋိညာဉ်စာချုပ်၊ SCO အိမ်နီးချင်းနိုင်ငံများ အကြား ရေရှည်ချစ်ကြည်ရင်းနီးစွာ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက် အတိုင်း ဆောင်ရွက်ခဲ့ ရာ နိုင်ငံတကာဆက်ဆံရေးသီအိုရီနှင့် လက်တွေ့ဆောင်ရွက်ချက်များတွင် ကြီးမားသော အောင်မြင်မှု သစ်များ ဆောင်ရွက်နိုင်ခဲ့ပြီး ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုပုံစံအသစ်ကို ဖန်တီးနိုင်ခဲ့သောကြောင့် ဒေသတည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးရေးအတွက် အကျိုးသစ်များ ဆောင်ကြဉ်းပေးနိုင်ခဲ့ကြောင်း သမ္မတရှီက ဆိုသည်။

ယနေ့ခေတ်အခါတွင် SCOအဖွဲ့သည် ကမ္ဘာပေါ်တွင် နယ်နိမိတ်ဖြန့်ကျက်မှုအကျယ်ဆုံး၊ လူဦးရေ အများဆုံးဖြစ်သည့် ဘက်စုံဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးနှင့်လူဦးရေ စုစုပေါင်းမှာ တစ်ကမ္ဘာလုံး၏ ၂၀ ရာခိုင်နှုန်းနှင့် ၄၀ ရာခိုင်နှုန်း အသီးသီးရှိ ကြောင်း သိရသည်။ SCOတွင် လေ့လာသူနိုင်ငံ ၄ နိုင်ငံ၊ ဆွေးနွေးဖက်နိုင်ငံ ၆ နိုင်ငံ ရှိကြောင်း၊ ကုလသမဂ္ဂ စသည့် နိုင်ငံတကာနှင့်ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ကျယ်ပြန့်သော ပူးပေါင်း ဆောင်ရွက်မှုများ တည်ဆောက်ထားပြီးဖြစ်ရာ ကမ္ဘာ့မျက်နှာစာတွင် သြဇာလွှမ်းမိုးမှုများတိုးမြင့် လာသောကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးကို တိုးမြှင့်ဆောင်ရွက်ရာတွင်လည်းကောင်း ၊ နိုင်ငံတကာ တရားမျှတမှုနှင့်သမာတမတ်ဖြစ်ရေးကို ထိန်းသိမ်းကာကွယ်ရာတွင်လည်းကောင်း ဘေးဖယ်ထားလို့မရသည့် အဓိကအင်အားစုဖြစ်လာကြောင်း သိရသည်။

SCO အဖွဲ့၏ခိုင်မာတောင့်တင်းသည့်ပူးပေါင်းဆောင်ရွက်မှုများက အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းမှု၊ တန်းတူညီမျှရှိမှု၊ ဆွေးနွေးနှိုင်းမှု၊ မတူများပြားသည့်ယဉ်ကျေးမှုများကို လေးစားမှု၊ ဘုံတိုးတက်ရေး အနာဂတ်ကို ရှာဖွေမှု ဟူသော “ရှန်ဟိုင်း စိတ်ဓာတ်”ကို လက်ကိုင်ထား လက်တွေ့ဆောင်ရွက်သောကြောင့် ယဉ်ကျေးမှုပဋ္ဋိပက္ခ၊ စစ်အေးအတွေးအခေါ်၊ အနိုင်အရှုံးအဖြေ တစ်မျိုးတည်း သာရှိသော သူသေကိုယ်ရှင်ဆက်ဆံရေး(zero-sum game)စသည့် ခေတ်ဟောင်း အတွေးအမြင်များကို ကျော်လွှားကာ နိုင်ငံတကာဆက်ဆံရေး၏မျက်နှာစာသစ်ကို လျှောက်လှမ်းနိုင် ခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်း၏သဘောတူထောက်ခံမှုများ တစ်နေ့တစ်ခြားကျယ်ကျယ်ပြန့်ပြန့် ရရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.