Connect with us

Politics, Law & Military

ဂျာမန်၊ အင်္ဂလိပ်ဘာသာစကားများဖြင့် ထုတ်ဝေသော သမ္မတ ရှီကျင့်ဖိန်၏စာအုပ်အား ဖရန့်ဖတ်မြို့တွင် မိတ်ဆက်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်ရေးသားသော “ကျဲ့ကျန်း၊ တရုတ်နိုင်ငံ : ဖွံဖြိုးတိုးတက်မှုအတွက် အမြင်သစ်” စာအုပ်ကို ဂျာမန်၊ အင်္ဂလိပ်ဘာသာစကားများဖြင့် ထုတ်ဝေခြင်း မိတ်ဆက်ပွဲ အခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

ဖရန့်ဖွတ်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

“ကျဲ့ကျန်း၊ တရုတ်နိုင်ငံ : ဖွံဖြိုးတိုးတက်မှုအတွက် အမြင်သစ်” ဟူသော ခေါင်းစဉ်ဖြင့် တရုတ်နိုင်ငံ သမ္မတ ရှှီကျင့်ဖိန် ရေးသားသော စာများစုစည်းမှုကို ဂျာမန်နှင့် အင်္ဂလိပ်ဘာသာစကားများဖြင့် အောက်တိုဘာ ၁၅ ရက်တွင် မိတ်ဆက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ သံတမန်များ၊ တာဝန်ရှိသူများ၊ ပညာရှင်များနှင့် လုပ်ငန်းကျွမ်းကျင်သူများ အပါအဝင် လူဦးရေ ၂၀၀ ခန့် တက်ရောက်ခဲ့သည်။

ယင်းစာအုပ်တွင် ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၀၇ ခုနှစ် မတ်လအထိ တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်တွင် တရုတ်ကွန်မြူနစ်ပါတီ (CPC) ၊ ပြည်နယ်ဆိုင်ရာကော်မတီ အတွင်းရေးမှူးအဖြစ် သမ္မတ ရှီကျင့်ဖိန် တာဝန်ထမ်းဆောင်ခဲ့စဉ်က ကျဲ့ကျန်းနေ့စဉ်သတင်းစာတွင် ပင်တိုင်ဆောင်းပါးကဏ္ဍ၌ ရေးသားခဲ့သော ဆောင်းပါး ၂၃၂ ပုဒ် ပါဝင်သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်ရေးသားသော “ကျဲ့ကျန်း၊ တရုတ်နိုင်ငံ : ဖွံဖြိုးတိုးတက်မှုအတွက် အမြင်သစ်” စာအုပ်ကို ဂျာမန်၊ အင်္ဂလိပ်ဘာသာစကားများဖြင့် ထုတ်ဝေခြင်း မိတ်ဆက်ပွဲ အခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်ရေးသားသော “ကျဲ့ကျန်း၊ တရုတ်နိုင်ငံ : ဖွံဖြိုးတိုးတက်မှုအတွက် အမြင်သစ်” စာအုပ်ကို ဂျာမန်၊ အင်္ဂလိပ်ဘာသာစကားများဖြင့် ထုတ်ဝေခြင်း မိတ်ဆက်ပွဲ အခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

ခေတ်သစ်အတွက် တရုတ်သွင်ပြင်လက္ခဏာများဖြင့် ဆိုရှယ်လစ်စနစ်အပေါ် ရှီကျင့်ဖိန်၏ အတွေးအမြင် မူလအစနှင့် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်နှင့် စကားလုံးတိုင်း၊ စာကြောင်းတိုင်းတွင် ပါဝင်သော အတွေးအမြင်များ၏ အင်အား စသည်တို့ကို ယင်းစာအုပ်၌ စနစ်တကျ ထင်ဟပ်ပြသလျက်ရှိကြောင်း တရုတ် နိုင်ငံတကာ ပုံနှိပ်ထုတ်ဝေရေးအုပ်စု အကြီးအကဲ Du Zhanyuan က ပြောခဲ့သည်။

ထိုစာအုပ်အား တရုတ်ဘာသာစကားဖြင့် ၂၀၀၇ ခုနှစ် ဩဂုတ်လက ပထမအကြိမ်ပုံနှိပ်ခဲ့ပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာလ၌ ပြန်လည်ပုံနှိပ်ခဲ့သည်။ ထို့နောက် Foreign Languages Press နှင့် Zhejuzng People’s Publishing House တို့က ဘာသာစကားပေါင်းများစွာဖြင့် ပူးတွဲပုံနှိပ်ထုတ်ဝေခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.