Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲမှု၏ ခေတ်သစ်ဦးဆောင်သူ ရှီကျင့်ဖိန်

ပါပူဝါနယူးဂီနီနိုင်ငံ ပို့မော်ရက်စ်ဘီမြို့၌ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် ပြုလုပ်သော အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေးသို့ ရောက်ရှိလာသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (Xinhua/Huang Jingwen)

ပေကျင်း ၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ဝမ်ဂျွန်(Wang Jun) သည်လက်ထောက်စာတည်းတစ်ဦးဖြစ်ကာ ပြုပြင်ပြောင်းလဲရေး နှင့် တံခါးဖွင့်ရေးတွင် သမ္မတရှီ၏ ဆောင်ရွက်ချက်များအား လေ့လာခြင်း “A Study of Xi Jinping Thought on Refrom and Opening-up” စာအုပ်ကို အဓိကရေးသားခဲ့သူ ဖြစ်သည်။ ၎င်း၏ရုံးခန်းထဲတွင် စာရွက်များ နှင့် မှတ်တမ်းများ ပြည့်နှက်လျက်ရှိပြီး ထိုအရာများသည် ၎င်းအဖွဲ့က စာအုပ်များရေးသားရန် လိုအပ်သော မှတ်တမ်းမှတ်ရာများကို စုဆောင်းထားခြင်းဖြစ်သည်။

“ ရှီကျင့်ဖိန်ဟာ ပြုပြင်ပြောင်းလဲရေး နဲ့ တံခါးဖွင့်ဝါဒကျင့်သုံးရေးကို နှလုံးသားထဲက ယုံယုံကြည်ကြည် လုပ်ဆောင်ခဲ့သူတစ်ဦးပါ” ဟု ကွမ်တုံလူမှုသိပ္ပံအကယ်ဒမီ( Guangdong Academy of Social Sciences ) ဥက္ကဋ္ဌ ဝမ်က ဆိုသည်။

၁၉၈၃ ခုနှစ်က တရုတ်နိုင်ငံ ဟဲဘေးပြည်နယ်မြောက်ပိုင်း ကျိန့်တင်းနယ်မြေရှိ ရုံး၌ ရှီကျင့်ဖိန်အား တွေ့ရစဉ် (Xinhua)

“ပြုပြင်ပြောင်းလဲရေးကို အကဲဖြတ်ခြင်း”

တရုတ်နိုင်ငံ၌ ပြုပြင်ပြောင်းလဲခြင်း နှင့် တံခါးဖွင့်ဝါဒကျင့်သုံးခြင်း ကို ၁၉၇၈ ခုနှစ်တွင် စတင်ချိန်၌ ရှီသည် Tsinghua တက္ကသိုလ်၌ ဓါတုအင်ဂျင်နီယာကျောင်းသားတစ်ဦးအဖြစ် စာပေသင်ကြားနေ ဆဲဖြစ်သည်။ ထိုစဉ်က ရှီ၏ဖခင် ရှီကျုံးရွှင်း(Xi Zhongxun) က ကွမ်တုံပြည်နယ် (Guangdong) ၏ပါတီအကြီး အကဲအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ရှီ၏ဖခင်သည် ပြုပြင်ပြောင်းလဲရေးအတွက် မျှော်လင့်ချက်အမြင့်ဆုံးထားခဲ့သူဖြစ်သည်။၎င်းက ပြုပြင် ပြောင်းလဲရေးအဆင့်သစ် တစ်ရပ်ကို ဖြစ်စေမည့် အထူးစီးပွားရေးဇုံတစ်ခု ထူထောင်ရေး အတွက် ပထမခြေလှမ်းအဖြစ် တိန့်ရှောင်ဖိန်ထံမှ ခွင့်ပြုချက်ရရှိရေး ကြိုးစားခဲ့သည်။

ဖခင် ဖြစ်သူ၏ ဇွဲသတ္တိနှင့် အလုပ်အပေါ် အာရုံစူးစိုက်မှုကသားဖြစ်သူထံ နက်ရှိုုင်းစွာသက်ရောက်မှုရှိ ခဲ့သည်။ ၁၉၈၀ အစောပိုင်းနှစ်များတွင် ရှီ၏ဖခင်သည် ရာထူးတိုးမြှင့်ခံရပြီး ပေကျင်းသို့ပြောင်းရွှေ့တာဝန်ထမ်း ဆောင်ခဲ့သည်။ သားဖြစ်သူ ရှီအား ဟဲဘေးပြည်နယ်(Hebei) ၊ ကျိန့်တင်း(Zhengding)သို့စေလွှတ်၍ အလုပ်လုပ်ကိုင်စေသည်။ရှီအနေဖြင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာအတွေ့အကြုံများကို ယင်းဒေသတွင် စတင်ထိတွေ့ခွင့်ရခဲ့သည်။ကျေးလက်မြေယာကိစ္စရပ်များအငြင်းပွားမှုဖြေရှင်းရေးမှအစပြု၍ဟဲဘေး၌ ပထမဆုံးလက်တွေ့လုပ်ဆောင်ချက်များကိုဆောင်ရွက်ရင်း တောင်ပိုင်းပြည်နယ်ဒေသများ၌ကွင်းဆင်း ဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့သည်။ ရှီ၏ ပြုပြင်ပြောင်းလဲရေးသမားတစ်ဦးအဖြစ် နာမည်ကောင်းရရှိမှုက ၎င်း၏ ရှေ့ဆက် နိုင်ငံရေး လမ်းကြောင်းအတွက် အထောက်အပံ့ဖြစ်စေခဲ့သည်။ ဖူကျင့်ပြည်နယ်(Fujian) အတွင်းရှိ နင်းဒယ် (Ningde) ၊ ရှမိန်(Xiamen) နှင့် ဖူကျူံး(Fuzhou) ဒေသများ ၊ ကျဲ့ကျန်းပြည်နယ်(Zhejiang) နှင့် ရှန်ဟိုင်းမြူနီစီပယ် ဒေသများတွင် ၎င်းသည် စွန့်ဦးပြုပြင်ပြောင်းလဲရေးမဟာဗျူဟာများဖြင့် ကွဲပြား ခြားနားသောစိန်ခေါ်မှုများကို ကိုင်တွယ်ဆောင်ရွက်ခဲ့သည်။

“ တကယ့်မြင်ကွင်းတစ်ခုမှာတော့ ရှီဟာ ပြုပြင်ပြောင်းလဲရေးမိသားစုတစ်ခုက မွေးဖွားလာခဲ့တယ်။ အဲဒီထက်ပိုပြီးအရေးပါတာက ရှီဟာ ပြုပြင်ပြောင်းလဲရေးအတွက် နက်ရှိုင်းစွာ ဆောင်ရွက်ခဲ့တယ်” ဟု တရုတ်အရေးကျွမ်းကျင်သူအမေရိကန်ပညာရှင် နှင့် ခန်းဖောင်ဒေးရှင်း(Kuhn Foundation) ဥက္ကဋ္ဌ ရော်ဘတ်ခန်း (Robert Kuhn) ကဆိုသည်။

“သူ့အတွေ့အကြုံတွေကတဆင့်ရှီဟာပြုပြင်ပြောင်းလဲရေးကိုကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့တယ်” ဟု ယခင် တရုတ်ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ၏ မူဝါဒရေးရာသုတေသနရုံး ဒုတိယညွှန်ကြား ရေးမှူး စစ်ကျစ်ဟုန်(Shi Zhihong) က ဆိုသည်။ “ ပြောင်းလဲမှုမရှိတဲ့လမ်းကြောင်းဟောင်းတွေဟာ ဘယ် အတွက်မှဦးဆောင်နိုင်မှာမဟုတ်တာကို ရှီကသိတယ်။ဒီတော့ ပြုပြင်ပြောင်းလဲရေးဟာ မဖြစ်မနေလုပ် ရမယ့်ဟာဖြစ်လာတယ်” ဟုလည်း၎င်းကပြောခဲ့သည်။

“ပဉ္စမမြောက် ခေတ်သစ်အမြင်နည်းလမ်းများကို ကျင့်သုံးခြင်း”

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးကောက်တင်မြှောက်ခံ ရပြီးနောက် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် ရှီကျင့်ဖိန် ကသတင်းသမားများနှင့်တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် ၎င်းက လူမှုကုန်ထုတ်စွမ်းအားလွတ်လပ်ခွင့်ကို ဆက်လက်ပေးသွားရန်၊ပြည်သူတို့ ၏နေ့စဉ်လူမှုဘဝအခက်အခဲများကိုဖြေရှင်းပေးရန်နှင့် ပြည်သူအားလုံးဘုံချမ်းသာကြွယ်ဝမှုရရှိရန်အတွက် ပြုပြင်ပြောင်းလဲခြင်း နှင့် တံခါးဖွင့်ဝါဒကျင့်သုံးရန်လိုအပ်ကြောင်းထည့်သွင်းပြောကြားခဲ့သည်။

ပါတီထိပ်တန်းခေါင်းဆောင်အဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံရပြီးနောက်တွင် ရှီသည် ပထမဆုံး ပြည်တွင်းလှည့်လည်စစ်ဆေးရေးခရီးစဉ် အဖြစ် ကွမ်တုံသို့ရောက်ရှိလာခဲ့သည်။ ယင်းမှာ ၁၉၉၂ ခုနှစ်က တိန့်ရှောင်ဖိန်၏ “ တောင်ပိုင်းခရီးစဉ်” ဟု လူသိများသည့် စစ်ဆေးရေးခရီးစဉ်နှင့် တိုက်ဆိုင်မှုမျိုးတော့မဟုတ်ပေ။ တိန့်က ယင်းခရီးစဉ်အတွင်းမှာပင် ပြုပြင်ပြောင်းလဲခြင်း နှင့် တံခါးဖွင့်ဝါဒကျင့်သုံးခြင်းကို ကြိုတင်လမ်းညွှန်မှုများပေးခဲ့သည်။

၂ဝ၁၂ ခုနှစ်ခရီးစဉ်အတွင်းတွင်လည်း ရှီ က တိန့်၏ ကြေးရုပ်တုကို သွားရောက်အလေးပြုခဲ့သည်။ “ ပြုပြင်ပြောင်းလဲခြင်း နှင့် တံခါးဖွင့်ဝါဒကျင့်သုံးခြင်းသည် တရုတ်နိုင်ငံ၏ ကံကြမ္မာကို ဆုံးဖြတ်သည့် လုပ်ဆောင်ချက် တစ်ခုပင်ဖြစ်သည်။ အဲဒီနေရာမှာ ရပ်တန့်တာ (သို့မဟုတ်) နောက်ပြန်ဆုတ်တာ လုံးဝမရှိပါဘူး” ဟုရှီကပြောခဲ့သည်။

ရှီက ပြုပြင်ပြောင်းလဲရေးသည် တရုတ်နိုင်ငံ၏ ကိုယ်ပိုင်လိုအပ်ချက်များအတွက် ပြောင်းလဲခြင်းမျိုး ဖြစ်သင့်ပြီးအခြားသူများပျော်ရွှင်ရန်အတွက် တရုတ်နိုင်ငံက လိုက်ပြောင်းပေးခြင်းမျိုးမဖြစ်သင့်ကြောင်း ပြောကြားခဲ့သည်။ “ ဖိနပ်ကတော်၏ ၊ မတော်၏ဆိုတာ စီးတဲ့လူပဲသိမှာပါ”ဟု ၎င်းက ဆိုခဲ့သည်။

နက်ရှိုုင်းသောပြုပြင်ပြောင်းလဲရေး၏အားလုံးသောရည်မှန်းချက်ပန်းတိုင်မှာ တရုတ်လူမျိုးတို့၏ သွင်ပြင် လက္ခဏာနှင့်အတူဆိုရှယ်လစ်စနစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်မြှင့်တင်ရေးတို့ ဖြစ်ပြီးခေတ်သစ်တရုတ်နိုင်ငံ ၏အုပ်ချုပ်ရေးစနစ် နှင့်စွမ်းဆောင်ရည်ခေတ်မီစေရန်အတွက် ဖြစ်သည်။

အဆိုပါရည်မှန်းချက်က တရုတ်နိုင်ငံ၏ “ပဉ္စမမြောက် ခေတ်သစ်အမြင်နည်းလမ်းများကျင့်သုံးခြင်း” မောင်းနှင်အားအဖြစ် လေ့လာသူများက သုံးသပ်ကြသည်။

ထို့ပြင် ပြုပြင်ပြောင်းလဲရေး၏ နောက်ထပ်အဆင့်သစ်တွင် မည်သည့်အရာကိုပြောင်းလဲမည်နည်း ၊ မည်ကဲ့သို့ပြောင်းလဲမည်နည်း နှင့် မည်သူက အကောင်အထည်ဖော်မည်နည်းဆိုသည်တို့ကို ရှီက ဖြေကြားခဲ့ကြောင်း စင်ကာပူအမျိုးသားတက္ကသိုလ်၏ အရှေ့အာရှရေးရာဌာန ညွှန်ကြာရေးမှူး ကျိန့်ယုံနင်(Zheng Yongnian) ကဆိုသည်။

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ၂ဝ၁၇ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် ကျင်းပခဲ့သည့် ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားညီလာခံသို့ သမ္မတ ရှီကျင့်ဖိန်က အစီရင်ခံစာတင်သွင်းနေစဉ် (Xinhua/Ju Peng)

“လုပ်ဆောင်ချက်ဖြင့် ဦးဆောင်ခြင်း”

သမ္မတရှီသည် ဘက်စုံပြုပြင်ပြောင်းလဲရေးဖြင့် ကဏ္ဍအားလုံး၌ပြုပြင်ပြောင်းလဲမှုကို တိုးတက် ကောင်းမွန်စေရန် လက်တွေ့ဦးဆောင်အုပ်စု၏ အကြီးအကဲ အဖြစ်လည်း တာဝန်ယူဆောင်ရွက်ခဲ့သည်။ ၎င်းအုပ်စုကို ကော်မတီတစ်ရပ်အဖြစ်ပြောင်းလဲခဲ့သောအခါတွင်မူ သမ္မတရှီ က ဥက္ကဋ္ဌ ဖြစ် လာခဲ့သည်။

သမ္မတရှီက ပြုပြင်ပြောင်းလဲမှု၏ အဓိကအပိုင်းတိုင်းကို သေချာစွာလေ့လာစစ်ဆေး၍ ၎င်း၏ပုဂ္ဂိုလ် ရေးဆိုင်ရာစွမ်းဆောင်နိုင်မှုများဖြင့် အဓိကကျသောတိုးတက်မှုများရစေရန်တွန်းအားပေးခဲ့သည်။

ရှီဦးဆောင်သော ပြုပြင်ပြောင်းလဲရေးသည် နယ်ပယ်စုံမျက်နှာစာ၌ အောင်မြင်မှုများရရှိအောင် စွမ်း ဆောင်နိုင်ခဲ့သည်။ကျေးလက်နှင့်မြို့ပြ ပြည်သူများအကြားဆင်းရဲချမ်းသာကွာဟမှုကျဉ်းမြောင်းအောင် ဆောင်ရွက်ခြင်း ၊ မိသားစုတစ်ခု တွင်ကလေးနှစ်ဦးသာရယူရေးမူဝါဒစတင်ကျင့်သုံးမှုနှင့်အတူ အောင် မြင်မှုအသီးအပွင့်များရရှိအောင် တွန်းအားပေးခြင်း ၊ အစိုးရအသုံးစရိတ်ကြီးမြင့်မှုကို လျှော့ချခြင်း နှင့် အတိုးနှုန်းကြီးမြင့်မှုကို ချိုးဖျက်ခြင်းများ ဆောင်ရွက်နိုင်ခဲ့သည်။ပြုပြင်ပြောင်းလဲရေး တိုးတက်မှုတွင် အရေးကြီးသောနယ်ပယ်များစွာပါဝင်ခဲ့သည်။

သမ္မတရှီက ထုတ်ကုန်ဦးစားပေး အခင်းအကျင်းပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်ခြင်း နှင့် အစိုးရ နှင့် ဈေးကွက်အကြား ရှင်းလင်းသော လမ်းကြောင်းတစ်ခုကို ရေးဆွဲခြင်း လုပ်ဆောင်ပေးခြင်းဖြင့် စီးပွားရေးကဏ္ဍတွင် ပုံမှန်အခြေအနေဖြစ်အောင်ဆောင်ရွက်ခဲ့သည်။

သိပ္ပံပညာကဏ္ဍတွင် ၎င်းက တရုတ်နိုင်ငံကို ကမ္ဘာ့သိပ္ပံဗဟိုဌာန များအနက်တစ်ခုနှင့် အဆင့်မြင့်နည်းပညာတီထွင်ဖန်တီးမှုနေရာတစ်ခုဖြစ်လာစေရေး ရည်မှန်းချက်ပန်းတိုင်တစ်ခုချမှတ်ခဲ့သည်။

၎င်းက ကျစ်လစ်သော အစိုးရအဖွဲ့တစ်ခုဖြစ်လာစေရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ဦးဆောင်ခဲ့ပြီး ကြီးမားသောအောင်မြင်မှုတစ်ခုလည်း ရရှိခဲ့သည်။

ထို့ပြင် ၎င်းက အမျိုးသားကြီးကြပ်ကွပ်ကဲရေးကော်မရှင်နှင့် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ ဥပဒေအခြေပြုအုပ်ချုပ်မှုကော်မရှင်တို့အပါအဝင် ပါတီနှင့် အစိုးရအဖွဲ့အစည်းများကို ပြန်လည်ဖွဲ့စည်း ကာ အဖွဲ့အစည်းပိုင်းဆိုင်ရာ အဓိက ပြုပြင်ပြောင်းလဲရေးတစ်ခုကို လုပ်ဆောင်ခဲ့သည်။

ပြုပြင်ပြောင်းလဲရေးကို အခြားမျက်နှာစာများတွင်လည်း ဖော်ပြရန်ရှိပေမည်။ ပြည်သူများအနေဖြင့် ယဉ်ကျေးမှုဆိုင်ရာယုံကြည်မှုခိုင်မာလာခြင်း နှင့် အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးစနစ်ကို မြှင့်တင်ခြင်း နှင့် လက်နက်ကိုင်တပ်ဖွဲ့ကို ပြန်လည်ဖွဲ့စည်းခြင်းများ ပါဝင်သည်။

၂ဝ၁၂ ခုနှစ် နှောင်းပိုင်းမှ စတင်ကာ ၅ နှစ်တာအတွင်း ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆောင်ရွက်မှုများ ၁၅ဝဝ ကျော် ဆောင်ရွက်ခဲ့သည်။ ၂ဝ၁၇ ခုနှစ် နှောင်းပိုင်းတွင်ကျင်းပခဲ့သော ၁၉ ကြိမ်မြောက်တရုတ် ကွန်မြူနစ်ပါတီအမျိုးသားကွန်ဂရက်ပြီးနောက်တွင်မူ ပြုပြင်ပြောင်းလဲရေးကိုဆက်လက်၍အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့သည်။

၂ဝ၁၈ ခုနှစ် ဧပြီ ၁၂ ရက်က တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဆန်ရာမြို့ရှိ နန်ဖန် သိပ္ပံနှင့် သုတေသနမွေးမြူရေး အခြေစိုက်စခန်း၌ သမ္မတ ရှီကျင့်ဖိန်အား ယွမ်လုံဖိန်နှင့် အခြားစိုက်ပျိုးရေးပညာရှင်များနှင့်အတူ တွေ့ရစဉ် (Xinhua/Xie Huanchi)

“တရုတ်နိုင်ငံ၏ ကမ္ဘာကြီးနှင့်တံခါးဖွင့်ဆက်သွယ်လာမှု”

တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်မှုက ကမ္ဘာကြီးကိုပါ အကျိုးကျေးဇူးဖြစ်စေခဲ့သည်ကို လည်းတွေ့ရမည်ဖြစ်သည်။လွန်ခဲ့သောနှစ် ၄၀ ကာလအတွင်း ကမ္ဘာကြီး၏တိုးတက်မှုအတွက် တရုတ်နိုင်ငံက တစ်နှစ်လျှင်ပျမ်းမျှ ၁၈ ဒသမ ၄ ရာခိုင်နှုန်းဖြင့်ကူညီထောက်ပံ့ခဲ့ရာ အမေရိကန်ပြည်ထောင်စု ပြီးလျှင် ဒုတိယနေရာ၌ရှိခဲ့ကြောင်းအမျိုးသားစာရင်းအင်းဗျူရို၏ ကိန်းဂဏန်းများအရသိရသည်။

၂၀၁၇ ခုနှစ်တွင်တရုတ်နိုင်ငံအနေဖြင့်ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှု၏ ၂၇ ဒသမ ၈ ရာခိုင်နှုန်းအထိရှိလာရာ အမေရိကန်ပြည်ထောင်စုနှင့်ဂျပန်နှစ်နိုင်ငံပေါင်းထက်ပင်ကျော်လွန်သွားခဲ့သည်။

ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ တိုးတက်ထွန်းကားလာခြင်းနှင့်ကမ္ဘာကြီး၏စီးပွားရေးတိုးတက်မှု ရပ် တန့်နေခြင်း စသည့်ပြဿနာများကြောင့် သမ္မတရှီက နှစ်ဖက်အကျိုးရှိမည့်ပူးပေါင်းဆောင်ရွက်ရေးအား ဖော်ဆောင်နိုင်မည့် နိုင်ငံတကာဆက်ဆံရေးပုံစံသစ်တစ်ခုကိုအရှိန်မြှင့်တင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာစီမံ ခန့်ခွဲမှုကို လုပ်ဆောင်ရာတွင် ဆွေးနွေးညှိနှိုင်းမှုနှင့့််ပူးပေါင်းဆောင်ရွက်မှု တို့ ပြုလုပ်ခြင်းဖြင့် ဖွံ့ဖြိုးတိုး တက်မှုကို မျှဝေပေးမှုအား ရရှိစေရန် အဆိုပြုခဲ့သည်။ သမ္မတရှီ၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်မှုတွင် အရေးကြီးသောအပိုင်းတစ်ရပ်မှာ ကမ္ဘာလုံးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၌ ပူးပေါင်းပါဝင်ဆောင်ရွက်မှုနှင့်အတူပြည်တွင်းပြုပြင်ပြောင်းလဲရေးကိုမြှင့်တင်သွား ရန်ဖြစ်ကြောင်းဒုတိယညွှန်ကြားရေးမှူးဟောင်း ဖြစ်သူ စစ်ကျစ်ဟုန် ကပြောကြားခဲ့သည်။

သမ္မတရှီ၏ လူသားမျိုးနွယ် ကံကြမ္မာအကျိုးတူ အသိုက်အဝန်းအား တည်ဆောက်ရေး အကြံပြုချက်က ဘုံအကျိုးစီးပွားများကိုရောင်ပြန်ဟပ်ရရှိစေမည်ဟုလည်း စစ်ကျစ်ဟုန်ကပြောခဲ့သေးသည်။

ယနေ့အခါတွင်ဂေဟဗေဒဆိုင်ရာ အဆင့်နိမ့်ကျလာမှုက ကမ္ဘာကြီးအတွက်အဓိကစိန်ခေါ်မှုတစ် ရပ်ဖြစ်လာနေသည်။ သမ္မတရှီက ၂၀၁၅ ခုနှစ်၊နိုဝင်ဘာလတွင် ပါရီမြို့၌ ကျင်းပခဲ့သော ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံသို့တက်ရောက်ခဲ့သည်။ တရုတ်နိုင်ငံက ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ပါရီသဘောတူညီချက်ကို ပထမဆုံးလက်မှတ်ရေးထိုးသော နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ သမ္မတရှီက ပါရီသဘောတူညီချက်သို့တရုတ်နိုင်ငံဝင်ရောက်ရခြင်း၏ တရားဝင်စာရွက်စာတမ်းများကို ထိုစဉ်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဖြစ်သူ ဘန်ကီမွန်းထံ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတွင် လွှဲပြောင်းပေးအပ်ခဲ့သည်။

သမ္မတရှီက တရုတ်နိုင်ငံ၏တံခါးဖွင့်စီးပွားရေးစနစ်ကိုအဆင့်သစ်တစ်ခုသို့ရောက်ရှိစေရန်ဆောင်ကြဉ်း ပေးနိုင်ခဲ့သည်။၎င်းကကမ္ဘာ့ပထမဆုံးသောနိုင်ငံအဆင့်သွင်းကုန်ဆိုင်ရာကုန်စည်ပြပွဲကိုလည်းတရုတ်နိုင်ငံတွင် ကျင်းပပေးနိုင်ခဲ့သည်။

သမ္မတရှီ က “တံခါးပိတ်အထီးကျန်စနစ်က ခေတ်ကိုနောက်ပြန်ဆွဲနေပေမယ့် တံခါးဖွင့်စီးပွားရေးစနစ် ကတော့ တိုးတက်မှုကိုဆောင်ကြဉ်းပေးနိုင်မှာပါ” ဟုပြောကြားခဲ့သည်။

၂ဝ၁၈ ခုနှစ် စက်တင်ဘာ ၂၅ ရက်က တရုတ်နိုင်ငံ ဟေလုံကျန်းပြည်နယ် အရှေ့မြောက်ပိုင်းရှိ ချီရှင်းစိုက်ခင်းတွင် သမ္မတ ရှီကျင့်ဖိန်အား အလုပ်သမားများနှင့်အတူ တွေ့ရစဉ် (Xinhua/Xie Huanchi)

“ပြုပြင်ပြောင်းလဲမှုလမ်းကြောင်းပေါ်ဝယ်”

သြစတြေးလျနိုင်ငံ၏ Financial Review သတင်းစာတွင် ဆောင်းပါးရှင် ဂျော့ဖ်ရာဘီ(Geoff Raby) က သမ္မတရှီသည် အံ့သြလောက်ဖွယ်အရှိန်အဟုန်ဖြင့်တရုတ်နိုင်ငံအား အသွင်ပြောင်းလဲမှုကိုဆောင် ရွက်နိုင်ခဲ့ကြောင်း ရေးသားခဲ့သည်။ ၎င်းက လူတစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၈,၀၀၀ ကျော်လာပြီဖြစ်သော တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးအရ ကမ္ဘာ့ဘဏ်၏ ဝင်ငွေအလယ်အလတ်ရှိ သောနိုင်ငံများအနက် ထိပ်ဆုံးအဆင့်သို့ပင် ယခုအခါရောက်ရှိလာပြီဖြစ်ကြောင်း၊၎င်းတို့အနက် ၄၀ ရာခိုင်နှုန်းခန့်မှာ သမ္မတရှီ၏လက်ထက်တွင် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်းရေးသားခဲ့သည်။

သမ္မတရှီ၏ ပြုပြင်ပြောင်းလဲရေးအကောင်အထည်ဖော်မှုက တရုတ်နိုင်ငံအားပြန်လည်ဆန်းသစ်နုပျို စေခဲ့သည်ဟုဆိုရမည်ဖြစ်သည်။ လူသားတို့သမိုင်းတွင်လည်း လူဦးရေ သန်း ၁,၀၀၀ ကျော် ရှိသော နိုင် ငံတစ်ခုက တစ်နိုင်ငံလုံးခေတ်မီတိုးတက်ရေး ပြုပြင်ပြောင်းလဲနိုင်ခဲ့သည်မှာပထမဆုံးအကြိမ်ပင်ဖြစ်သည်။

၂ဝ၁၈ ခုနှစ် အောက်တိုဘာ ၂၄ ရက်က တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် တောင်ပိုင်း ရှန်းကျန့်မြို့ရှိ ပြတိုက်တစ်ခုတွင် ပြုပြင်ပြောင်းလဲခြင်းကို ရည်ရွယ်ပြုလုပ်သော ပြပွဲသို့ သမ္မတ ရှီကျင့်ဖိန် သွားရောက်လေ့လာစဉ် (Xinhua/Xie Huanchi)

တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်မှုများက ကမ္ဘာ့နိုင်ငံများကိုလည်း နှိုးဆွပေးနိုင်သကဲ့ သို့ပင်ရှိသည်။ဖွံ့ဖြိုးဆဲနိုင်ငံများဆိုလျှင် အနောက်အုပ်စုနှင့်ကွဲပြားခြားနားသောခေတ်မီဆန်းသစ်ရေး လမ်းကြောင်းသစ်ကို လျှောက်လှမ်းနိုင်ခဲ့သည်။ ထို့ပြင်တရုတ်နိုင်ငံ၏ပြုပြင်ပြောင်းလဲရေးက သမိုင်း ကြောင်းအား အဆုံးသတ်၍ အနောက်အုပ်စုယိမ်းမည့်သဘောထားအယူအဆများကို လျော့နည်းစေခဲ့သည်။

အမှန်ဆိုရလျှင် တရုတ်နိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲရေးအား ဆက်လက်ဆောင်ရွက်နေဆဲပင်ဖြစ်သည်။ ရှီအနေဖြင့်လည်း စိန်ခေါ်မှုပေါင်းများစွာကိုရင်ဆိုင်ရဆဲဖြစ်သည်။ သို့သော်ရှီက ကြီးမားသော ဇွဲသတ္တိဖြင့် ပါတီနှင့်နိုင်ငံကိုဦးဆောင်ကာ ပြုပြင်ပြောင်းလဲမှုလျင်မြန်စွာတိုးတက်စေရေး ဆောင်ရွက်ရန်အသင့်ဖြစ်နေသည်။

လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းမှာပင် တရုတ်နိုင်ငံ၏ပြုပြင်ပြောင်းလဲမှုကတိုးတက်မှုများစွာရရှိခဲ့ကြောင်း သမ္မတရှီကပြောကြားခဲ့သည်။ရှေ့ဆက်၍လည်း လမ်းကြောင်းသစ်ပေါ်တွင်စတင်လျှောက်လှမ်း ချီတက်ခြင်းဖြင့် တိုးတက်မှုများစွာ ရရှိနိုင်လိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ ပေသည်။ (Xinhua/ Meng Na, Zhang Zhengfu, Cao Kai, Xu Lingui, Jia Zhao , Huang Xiaoxi, Wang Pan, Xu Hongyi, Xu Xiaoqing, Meng Zhaoli)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.