Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က ချစ်ကြည်ရေးခရီးစဉ်နှင့် လန်ချန်း-မဲခေါင် ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာ

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ချစ်ကြည်ရေးခရီးစဉ်နှင့် ဒုတိယအကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ရန်အတွက် ကမ္ဘောဒီးယားနိုင်ငံသို့ ဇန်နဝါရီလ ၁၀ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံမှ ထွက်ခွာခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ် လီသည် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Techo Hun Sen ၏ ဖိတ်ကြားချက်ဖြင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခြင်း ဖြစ်သည်။

ဒုတိယအကြိမ်မြောက် LMC ခေါင်းဆောင်များ အစည်းအဝေးအား “ငြိမ်းချမ်းမှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရှိသော ကျွနု်ပ်တို့၏ မြစ်” ဟူသော ခေါင်းစဉ်ဖြင့် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ဇန်နဝါရီလ ၁၀ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။

LMC အား ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် စသည့်ခြောက်နိုင်ငံဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.