Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ထံ ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာပေးပို့

တရုတ်နိုင်ငံ ၀န်ကြီးချုပ် လီခဲ့ချန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က ဗြိတိန်ဝန်ကြီးချုပ်သစ် ဘောရစ်ဂျွန်ဆင်ထံသို့ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည့်အတွက် ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်အလွှာကို ဇူလိုင် ၂၄ ရက်တွင် ပေးပို့ခဲ့ ကြောင်း သိရသည်။

ယင်းသဝဏ်လွှာတွင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က ယခုနှစ်ပိုင်းများတွင် တရုတ်-ဗြိတိန် နှစ်နိုင်ငံဆက်ဆံရေးသည် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိရာ အဆင်မြင့်အရာရှိဆက်ဆံရေး နီးနီးကပ်ကပ်ရှိသလို ကဏ္ဍစုံပူးပေါင်းဖလှယ်မှုရလဒ်များသည် အောင်မြင်မှုများစွာရှိခဲ့ကြောင်း ၊ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် လန်ဒန်မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်စဉ်အခါကသော် လည်းကောင်း ၊နိုင်ငံခြားရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်စဉ်အခါကသော်လည်းကောင်း နှစ်နိုင်ငံ ဆက်ဆံရေးနက်နက်နဲနဲဖြစ်စေရန် တက်ကြွစွာ အားထုတ်ကြိုးပမ်းမှုများကိုလည်း ဝမ်းမြောက်ချီးကျူးပါကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ဝန်ကြီးချုပ် လီခဲ့ချန်က တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရန် အလေးထားကြောင်း ၊ မိမိအနေဖြင့် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့်အတူ အပြန်အလှန်လေးစားမှု၊ တရားမျှတမှုကို အခြေခံ၍ နှစ်နိုင်ငံ နိုင်ငံရေးအပြန်အလှန် ယုံကြည်မှု နက်နဲအောင် ဆောင်ရွက်ခြင်း၊ ကဏ္ဍစုံ ပူးပေါင်းလက်တွဲ လက်တွေ့အကောင်အထည်ဖော်မှုများကို ကျယ်ပြန့်စွာ ဆောင်ရွက်ခြင်းဖြင့် တရုတ်-ဗြိတိန် ဆက်ဆံရေး၏ “ရွှေရောင်ခေတ်” ဦးတည်ချက်အတိုင်း တည်ငြိမ်စွာ ရှေ့ဆက်ဖွံ့ဖြိုး တိုးတက်အောင် အတူ တွန်းအားပေး ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း ၊နိုင်ငံပေါင်းစုံဘက်ပေါင်းစုံ ဝါဒကို ကာကွယ်ထိန်းသိမ်းကာ လွတ်လပ်သော ကုန်သွယ်ရေး၊ ပွင့်လင်းသည့် ကမ္ဘာ့စီးပွါးရေးကို တည်ဆောက်ရန် အကျိုးဆောင်လိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)