Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်၏ မွန်ဂိုလီးယား ခရီးစဉ် အကျိုးအမြတ်များသည့် ခရီးစဉ် ဖြစ်ရန် မျှော်မှန်း

တရုတ် ဝန်ကြီးချုပ် လီခဲ့ချန် (ယာ) နှင့် မွန်ဂိုးလီးယား သမ္မတ Miyegombo Enkhbold (ဝဲ) တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်၏ မွန်ဂိုးလီးယားနိုင်ငံ ခရီးစဉ်သည် တရုတ် ခေတ်သစ် စီးပွားရေး ပိုးလမ်းမကြီးနှင့် မွန်ဂိုးလီးယား၏ Prairie Road program တို့ နီးကပ်စွာ ချိန်ညှိ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန အဆင့်မြင့် အရာရှိ တစ်ဦးက ပြောသည်။

ဝန်ကြီးချုပ် လီသည် ဇူလိုင်လ ၁၃ ရက်မှ ၁၄ ရက်အထိ မွန်ဂိုလီးယားနိုင်ငံသို့ သွားရောက်မည် ဖြစ်ပြီး ခြောက်နှစ်အတွင်း တရုတ်ဝန်ကြီးချုပ် တစ်ဦးအနေဖြင့် လည်းကောင်း၊ မကြာသေးမီက ဖွဲ့စည်းခဲ့သည့် မွန်ဂိုးလီးယား အစိုးရသစ် လက်ထက်၌ ပထမဆုံး တရုတ် ခေါင်းဆောင် တစ်ဦးအဖြစ်လည်းကောင်း သွားရောက်ခြင်းလည်း ဖြစ်သည်။
ယင်း ခရီးစဉ်အတွင်း လီသည် မွန်ဂိုးလီးယားနိုင်ငံ သမ္မတ Tsakhiagiin Elbegdorj နှင့် မွန်ဂိုးလီးယား လွှတ်တော် ဥက္ကဋ္ဌ Miyegombo Enkhbold နှင့်လည်းကောင်း၊ ဝန်ကြီးချုပ် Jargaltulga Erdenebat နှင့်လည်းကောင်း တွေ့ဆုံရန် ရှိသည်။
Erdenebat နှင့် လီ တွေ့ဆုံကာ နှစ်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်း၊ စွမ်းအင်၊ ငွေရေးကြေးရေး၊ စိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေး စသည့်ကဏ္ဍများ ဆွေးနွေးကြမည် ဖြစ်ပြီး ပူးတွဲ သတင်းစာ ရှင်းလင်းပွဲလည်း ပြုလုပ်မည်ဟု သိရသည်။
ခရီးစဉ်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေးနှင့် နှစ်နိုင်ငံ ပြည်သူများအကြား အကျိုးကျေးဇူးများ ရရှိနိုင်မည့် တွန်းအားသစ်များ ရရှိနိုင်ရန် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်များ ချုပ်ဆိုရန်လည်း ရှိကြောင်း သိရသည်။
ထို့ပြင် လီသည် မွန်ဂိုးလီးယားနိုင်ငံ မြို့တော် Ulan Bator ၌ ဇူလိုင်လ ၁၅ ရက်နှင့် ၁၆ ရက်တွင် ပြုလုပ်မည့် ၁၁ ကြိမ်မြောက် အာရှ- ဥရောပ ထိပ်သီးအစည်းအဝေး (ASEM) သို့ တက်ရောက်မည် ဖြစ်သည်။
ယခုနှစ်သည် ASEM တည်ထောင်ခြင်း နှစ် ၂၀ ပြည့်မြောက်သည့် နှစ်ဖြစ်ပြီး လက်ရှိတွင် အဖွဲ့ဝင် ၅၃ နိုင်ငံ ပါဝင်ကြောင်း သိရသည်။ ယင်း ထိပ်သီး အစည်းအဝေးတွင် ဝန်ကြီးချုပ် လီက မိန့်ခွန်း ပြောကြားမည် ဖြစ်သည်။
ASEM ၏ မူလအဖွဲ့ဝင် တစ်ဦးအဖြစ် တရုတ်နိုင်ငံသည် အခြေခံ အဆောက်အအုံ ချိတ်ဆက်ခြင်း၊ နည်းပညာ ဆန်းသစ်ခြင်း၊ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ခြင်းနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ မြို့ပြပုံစံ ပြောင်းလဲခြင်း ဆိုင်ရာ အဆိုပြုချက် ၂၈ ခုအား တင်ပြထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.