Connect with us

Politics, Law & Military

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားနေ့ ကျင်းပမှုများကို တိုက်ရိုက်ထုတ်လွှင့်မည်

ထျန်းအန်းမင်ရင်ပြင်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားများအား နိုင်ငံ၏ အဓိကနိုင်ငံပိုင် ရေဒီယိုများ၊ ရုပ်သံလိုင်းများနှင့် သတင်းဝက်ဘ်ဆိုက်များမှ အောက်တိုဘာလ ၁ ရက်တွင် တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားများတွင် ထျန်းအန်းမင်ရင်ပြင်၌ စုဝေးခြင်း၊ လူထုချီတက်ပွဲ၊ စစ်ရေးပြပွဲနှင့် လူထုအလှပြစီတန်းလှည့်လည်ပွဲတို့ ပါဝင်မည်ဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုအား အောက်တိုဘာလ ၁ ရက် နံနက်ပိုင်းတွင် China Media Group ၏ ရုပ်သံလိုင်းများ၊ ရေဒီယိုလိုင်းအချို့နှင့် Xinhuanet မှ ကြည့်ရှုနိုင်မည်ဖြစ်သည်။ အခြားသော အဓိက ရေဒီယိုနှင့် ရုပ်သံလိုင်းများ၊ သတင်းဝက်ဘ်ဆိုက်များနှင့် မီဒီယာသစ် ပလက်ဖောင်း (new media platform) များတွင်မူ အခမ်းအနားများအား ပြန်လည်ထုတ်လွှင့်သွားမည် ဖြစ်သည်။

ထို့ပြင် ထျန်းအန်းမင်ရင်ပြင်၌ ပွဲတော်တစ်ခုအား အောက်တိုဘာလ ၁ ရက် ညနေပိုင်းတွင် ပြုလုပ်မည် ဖြစ်သည်။ အဆိုပါ ပွဲအား ရုပ်သံလိုင်းများ၊ ရေဒီယိုလိုင်းများနှင့် Xinhuanet တို့က တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ပြီး အခြား အဓိက မီဒီယာဌာနများမှ ပြန်လည်ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.