Connect with us

Politics, Law & Military

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး နှင့် မလေးရှား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး တို့ တွေ့ဆုံ ဆွေးနွေး

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် မလေးရှား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Saifuddin Abdullah တို့က ဇူလိုင်လ ၃၁ ရက် ၌ တွေ့ဆုံစဉ်(ဆင်ဟွာ)

ကွာလာလမ်ပူ ၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် မလေးရှား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Saifuddin Abdullah တို့က ဇူလိုင်လ ၃၁ ရက် တွင် ကွာလာလမ်ပူ မြို့ ၌ တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့သည်။

တွေ့ဆုံ ဆွေးနွေးမှု အတွင်း ဝမ်ရိ က တရုတ် နိုင်ငံ နှင့် မလေးရှား နိုင်ငံ တို့သည် ဖွံ့ဖြိုးဆဲ နိုင်ငံ များ ဖြစ်ကြပြီး နှစ်နိုင်ငံ ဆက်ဆံရေး သည် ဘက်ပေါင်းစုံမှု တည်ရှိကာ မဟာဗျူဟာ အရ လွန်စွာ အရေးပါကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မလေးရှား နိုင်ငံ နှင့် ချစ်ကြည်ဆက်ဆံရေး မူဝါဒ ကို ခိုင်မြဲစွာ ဆောင်ရွက်သွားပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ကို ပိုမို နက်ရှိုင်းစေကာ ပြည်သူလူထု တို့အား အကျိုးဖြစ်ထွန်း အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ မလေးရှား နိုင်ငံ တွင် အစိုးရ သစ် ဖွဲ့စည်း နိုင်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး မှာလည်း စတင်မှတ် အသစ် တစ်ခု သို့ ရောက်ရှိလာကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မလေးရှား နိုင်ငံ နှင့် အဆင့်မြင့် အရာရှိ ကူးလူးဆက်ဆံရေး ကို ထားရှိပြီး နှစ်နိုင်ငံ အနာဂတ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် အစီအစဉ် များ ရေးဆွဲချမှတ် သွားလိုကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဝမ်ရိ က တရုတ် နိုင်ငံ အနေဖြင့် မလေးရှား နိုင်ငံ မှ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု အား တက်ကြွစွာ ထောက်ခံအားပေးသည့် အတွက် ချီးမွမ်းကြောင်း ၊ နှစ်နိုင်ငံ အတူတကွ ခေတ်သစ်ပိုးလမ်းမကြီး အား တည်ဆောက်ခြင်း သည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ကို ပိုမို တိုးချဲ့စေနိုင်မည်ဖြစ်ပြီး နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မလေးရှား နိုင်ငံ ၏ အာဆီယံ အဖွဲ့အစည်း နှင့် ဒေသတွင်း အပေါ် အရေးပါမှု ကို အလေးထားပြီး အနီးကပ် ညှိနှိုင်းဆောင်ရွက်မှု ထားရှိသွား လိုကြောင်း ပြောကြား ခဲ့သည်။

Saifuddin Abdullah က မလေးရှား-တရုတ် နှစ်နိုင်ငံ သည် ရှည်လျားသည့် ချစ်ကြည် ဆက်ဆံရေး တည်ရှိကြောင်း ၊ လတ်တလော နှစ်ပိုင်း တွင် နှစ်နိုင်ငံ ကဏ္ဍစုံ ဆက်ဆံရေးတွင် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိခဲ့ပြီး နှစ်နိုင်ငံ ပြည်သူလူထု ကို ကြီးမားသည့် အကျိုးကျေးဇူးများ ဖြစ်ထွန်း စေခဲ့ကြောင်း ၊ မလေးရှား နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ အား အရေးပါသည့် အိမ်နီးချင်း မိတ်ဖက် နိုင်ငံ အဖြစ် သဘောထားပြီး တရုတ် နိုင်ငံ နှင့် ဆက်ဆံရေး အား လွန်စွာ အလေးထားကြောင်း ၊ တရုတ် နိုင်ငံ နှင့် အတူတကွ မလေးရှား နိုင်ငံ ဝန်ကြီးချုပ် ၏ တရုတ် နိုင်ငံ သို့လည်ပတ်ရေး ခရီးအား အောင်မြင်မှု ရရှိအောင် ဆောင်ရွက်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး အား ဆက်လက်၍ ခိုင်မာမှု တည်ရှိအောင် ဆောင်ရွက်သွားလိုကြောင်း ၊ နှစ်နိုင်ငံ ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှု ကို ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး အား ပိုမို မြင့်မား သည့် အဆင့် သို့ ရောက်ရှိအောင် ဆောင်ရွက်သွားလိုကြောင်း ၊ မလေးရှား နိုင်ငံ အနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး အား အတူတကွ ပူးပေါင်းပါဝင် တည်ဆောက်သွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ သည် အာဆီယံ အဖွဲ့အစည်း ၏ အနီးကပ်ဆုံးသော ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး တရုတ် နိုင်ငံ မှ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက်၍ တွန်းအားပေး ဆောင်ရွက်သွားရန် မျှော်လင့်ကြိုဆိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.