Connect with us

Politics, Law & Military

တရုတ် နှင့် ဗြိတိန် အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံ စာချုပ်များ ချုပ်ဆိုပြီး နှစ်နိုင်ငံ ရွှေရောင်နေ့ရက်များ စတင်။

တရုတ်သမ္မတ ရှီကျင့်ဖိန်နှင့် ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်း တို့ လန်ဒန်မြို့၊ နံပါတ်(၁၀) ဒေါင်းနင်းလမ်း၌ ဆွေးနွေးပွဲအပြီး မီဒီယာများနှင့် အောက်တိုဘာလ (၂၂) ရက်ကတွေ့ဆုံနေစဉ် (ဆင်ဟွာ)

လန်ဒန်၊ အောက်တိုဘာ ၂၂ရက် (ဆင်ဟွာ)

တရုတ် နှင့် ဗြိတိန် တို့အကြား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအရှိန်ရလာစေမည့် သဘာတူညီချက် စာချုပ် များ အား အောက်တိုဘာလ ၂၁ရက်နေ့ ကချုပ်ဆိုနိုင်ခဲ့ခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေး အတွက် ရွှေရောင် နေ့ရက် များကို အစပျိုးနိုင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း ရှေ့မှောက်တွင် အတည်ပြု လက်မှတ်ထိုးခဲ့သော အမေရိကန်ဒေါ်လာ ၆၀ဘီလီယံ တန်ဖိုးရှိ စာချုပ်များသည် တရုတ်သမ္မတ ရှှီကျင့်ဖိန်၏ ဗြိတိန်နှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် လိုခြင်း သဘော ၏ ပြယုဂ်များပင် ဖြစ်ကြောင်းသိရသည်။

သမ္မတရှီ မှ တရုတ်နိုင်ငံ သည် ဗြိတိန်နိုင်ငံနှင့် ချိတ်ဆက်ပြီး ရှေ့လုပ်ငန်းစဉ်များ အား ကျယ်ကျယ်ပြန့်ပြန့် နှင့် ထိထိရောက်ရောက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ခရီးစဉ် မစတင်မီက ပြောကြားခဲ့သည်။

ရှီမှ နှစ်နိုင်ငံ ကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများသည် မကြာသေးမီ နှစ်များအတွင်း တိုးတက် လာ ကြောင်း ၊ တရုတ်၏ “ခေတ်သစ်ပိုးလမ်းမကြီး အစပျုးိမှု” နှင့် ဗြိတိန်၏ “Northen Powerhouse” စီမံကိန်း ကဲ့သို့ သော ဘဏ္ဍာရေးနှင့် အခြေခံအဆောက်အအုံ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို နက်ရှိုင်း လာကြောင်းသိရသည်။

လန်ဒန် ဘုရင့်ကောလိပ်မှ နိုင်ငံတကာ ဆက်ဆံရေး အကြီးတန်း ကထိက ရာမွန် ပါချီကို ပါဒို က တရုတ်-ဗြိတိန် ဆက်ဆံရေးအား မြှင့်တင်ရန်အချိန် တန်ပြီဖြစ်ကြောင်းနှင့် ဗြိတိန် မှ ကဏ္ဍပေါင်းစုံတွင် တရုတ်၏ ပူးပေါင်း ဆောင်ရွက်မှုများအား အသိအမှတ်ပြုပါကြောင်းပြောကြားခဲ့သည်။

ရှီ၏ ခရီးစဉ်အတွင်းချုပ်ဆိုခဲ့သည့် စာချုပ်များတွင် ဟင့်ကလေ ပွိုင့် စီ နျူးကလီးယား ဓါတ်အားထုတ်လုပ်ရေး စီမံကိန်းစာချုပ် ပါဝင်ပြီး ထို စီမံကိန်းသည် တရုတ်၊ဗြိတိန် နှင့် ပြင်သစ် သုံးနိုင်ငံပေါင်း ပူးပေါင်းဆောင်ရွက်မှု ဖြစ်ကြောင်းသိရသည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း၏ ပြောကြားချက်အရ အဆိုပါ ဓါတ်အားပေးစက်ရုံ သည် ဗြိတိန်ရှိ နေအိမ်ပေါင်း ၆သန်းကျော်အား လျှပ်စစ်ဓါတ်အား ဖြန့်ဝေပေးနိုင်မည်ဖြစ်ပြီး အလုပ်အကိုင်ပေါင်း ၂၅၀၀၀ ကျော် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။ဆန်းသစ်တီထွင်မှု လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-ဗြိတိန် ပူးပေါင်းလုပ်ဆောင်မှု အတွင်း ကဏ္ဍသစ်များထွက်ပေါ်လာစေကြောင်းသိရသည်။

ရှီမှ တရုတ်နှင့်ဗြိတိန်တို့သည် ယဉ်ကျေးမှုအင်အားကြီး နိုင်ငံများဖြစ်ကြောင်း ယဉ်ကျေးမှု ဖလှယ်မှုများအား တိုးမြှင့်ပြီး ယဉ်ကျေးမှုဆိုင်ရာ ထုတ်ကုန်များမှတစ်ဆင့် နှစ်နိုင်ငံ ပြည်သူအချင်းချင်း ရင်းနှီးနားလည်မှုပိုမို ရရှိလာနိုင်ကြောင်း ပြောကြားခဲ့သည်။
ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် သမ္မတရှီသည် Data Science Institute နှင့် လန်ဒန်မြို့ အင်ပရီရယ်ကောလိပ်ရှိ ဟန်မလင်း စင်တာ သို့သွားရောက်လည်ပတ်ခဲ့ပြီး ကျောင်းသားများအား နှစ်နိုင်ငံ ၏တူညီသော အကျုးိစီးပွားရေးအတွက် သိပ္ပံနှင့် နည်းပညာ ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများတွင် ကူညီထောက်ပံ့ပေးရန်တိုက်တွန်းခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.