Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဗြိတိန် နိုင်ငံ လည်ပတ်ရေး ခရီးတွင် အမေရိကန် ဒေါ်လာ ၆၀ ဘီလီယံ တန်ဖိုးရှိ စာချုပ်နှင့် သဘောတူညီမှု စသည့် အောင်မြင်မှု များစွာရရှိ

ဗြိတိန် နိုင်ငံ နှင့် တရုတ်နိုင်ငံတို့ နျူကလီးယား လျှပ်စစ် ဓာတ်အားပေး စက်ရုံ တည်ဆောက်ရေး သဘောတူညီမှု စာချုပ် ချုပ်ဆိုနေစဉ် (ဆင်ဟွာ)

လန်ဒန် ၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဗြိတိန် နိုင်ငံ လည်ပတ်ရေး ခရီးစဉ် အတွင်းတွင် တရုတ်-ဗြိတိန် နှစ်နိုင်ငံမှ အမေရိကန် ဒေါ်လာ ၆၀ ဘီလီယံ တန်ဖိုးရှိ စာချုပ် နှင့် သဘောတူညီမှု များကို ချုပ်ဆို နိုင်ခဲ့ပြီး ၎င်းအောင်မြင်မှု များမှာ အောက်ပါ အတိုင်းဖြစ်သည်။

တရုတ်-ဗြိတိန် နှစ်နိုင်ငံ အစိုးရ အချင်းချင်း နှင့် စီးပွားရေး ဆိုင်ရာ မဟုတ်သည့် သဘောတူညီမှု စာချုပ်များမှာ

(၁)တရုတ်-ဗြိတိန် နှစ်နိုင်ငံမှ အခြေခံ အဆောက်အအုံ ၊ အများပိုင် လုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာတိုးမြင့် နိုင်ရေး အတွက် အထူးလုပ်ငန်း လည်ပတ်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ
(၂)လုပ်ငန်းသစ် ထူထောင်မှု တိုးမြှင့်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ
(၃)အခွန်လုပ်ငန်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နှင့် အပြန်အလှန် အထောက်အကူ ပြုခြင်း ဆိုင်ရာ နားလည်မှု စာချွန်လွှာ
(၄)ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နှင့် ရေရှည် ဖွံ့ဖြိုး တိုးတက်ရေး အကောင် အထည် ဖော်နိုင်ရေး ဆိုင်ရာ မိတ်ဆွေ ဆက်ဆံရေး နားလည်မှု စာချွန်လွှာ
(၅)တရုတ်-ဗြိတိန် နှစ်နိုင်ငံ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ နားလည်မှု စာချွန်လွှာ
(၆) တရုတ်-ဗြိတိန် နှစ်နိုင်ငံ အရပ်ဘက်သုံး နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ပူးတွဲကြေညာ စာတမ်း
(၇)တရုတ်-ဗြိတိန် နှစ်နိုင်ငံ စွမ်းအင် သန့်စင်ရေး ဆိုင်ရာ မိတ်ဆွေ ဆက်ဆံရေး နားလည်မှု စာချွန်လွှာ
(၈) တရုတ်-ဗြိတိန် နှစ်နိုင်ငံ အသိပညာ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ
(၉)နှစ်နိုင်ငံ အပြန်အလှန် စည်းမျဉ်းစည်းကမ်း စောင့်ကြည့် ထိန်းသိမ်းမှု ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာ
(၁၀)တရုတ်-ဗြိတိန် နှစ်နိုင်ငံ နျူကလီးယား သုတေသန ပူူးပေါင်း ဆောင်ရွက်မှု နှင့် သုတေသန စင်တာသစ် တည်ထောင်ရေး ဆိုင်ရာ အဓိက အချက်များ သဘောတူညီမှု စာချုပ်
(၁၁)ယွမ်ငွေ/ ပေါင်စတာလင် အပြန်အလှန် လဲလှယ်မှု ဆိုင်ရာ သဘောတူညီမှု စာချုပ်
(၁၂)တီထွင် ဆန်းသစ်မှု ဖန်တီးသူ များ ပြုစု ပျိုးထောင်ခြင်း ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီမှု စာချုပ်
(၁၃)တရုတ်-ဗြိတိန် နှစ်နိုင်ငံ ယဉ်ကျေးမှု ဖေါင်ဒေးရှင်း နှင့် ကိန်းဘရစ်ချ် တက္ကသိုလ် တို့မှ ဦးဆောင်ဆောင်ရွက်သည့် “ဒုတိယ ကမ္ဘာစစ် အတွင်း တရုတ် နိုင်ငံ နှင့် ကမ္ဘာ” ဟူသော သုတေသန စာတမ်း
စီးပွားရေး လုပ်ငန်း ဆိုင်ရာ သဘောတူညီမှု စာချုပ် များမှာ
(၁)ဗြိတိန် နိုင်ငံ နျူကလီးယား လျှပ်စစ် ဓာတ်အားပေး စက်ရုံ တည်ဆောက်ရေး သဘောတူညီမှု စာချုပ်
(၂)ဇိမ်ခံ သင်္ဘောကြီး တည်ဆောက်မှု နှင့် လုပ်ငန်း လည်ပတ်မှု ဆိုင်ရာ စီမံကိန်း ပူူးပေါင်းဆောင်ရွက်မှု သဘောတူညီမှု စာချုပ်
(၃)သဘာဝ ဓာတ်ငွေ့ ရေရှည် ကုန်သွယ်ရေး ဆိုင်ရာ သဘောတူညီမှု စာချုပ်
(၄)မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု မူဘောင် သဘောတူညီမှု စာချုပ်
(၅)A330 လေယာဉ် ၄၂ စင်း ၏ အင်ဂျင် နှင့် ပြုပြင် ထိန်းသိမ်းရေး ဝန်ဆောင်မှု ဆိုင်ရာ ဝယ်ယူမှု စာရင်း သဘောတူညီမှု စာချုပ်
(၆)ဗြိတိန် တော်ဝင် Albert ဆိပ်ကမ်း စီမံကိန်း တည်ဆောက်မှု ကန်ထရိုက် သဘောတူညီမှု စာချုပ်
(၇)လန်ဒန် ငွေကြေး အိတ်ချိန်း စင်တာ အဖွဲ့ဝင် မတ်ဒစ် ကုမ္ပဏီ အား ဝယ်ယူမှု ဆိုင်ရာ သဘောတူညီမှု စာချုပ်
(၈)လန်ဒန် နှင့် ဟောင်ကောင် ဈေးကွက် နှစ်ခု အပြန်အလှန် ချိတ်ဆက် ဆောင်ရွက်မှု သဘောတူညီမှု စာချုပ်
(၉)ဗြိတိန် နိုင်ငံ MORAY ပင်လယ် အတွင်းရှိ လေအားလျှပ်စစ် ထုတ်လုပ်မှု ပူးပေါင်း ရင်းနှီးမြှုပ်နှံမှု သဘောတူညီမှု စာချုပ်
(၁၀)ရေနံတင် သင်္ဘော ငှားရမ်း အသုံးပြုခြင်း စီမံကိန်း နှင့် အသုံးပြုရန် ချေးငွေ ဆိုင်ရာ သဘောတူညီမှု စာချုပ်
(၁၁)ဗြိတိန် နိုင်ငံ အခြေခံ အဆောက်အအုံ နှင့် စွမ်းအင်အရင်းအမြစ် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ
(၁၂)အစိမ်းရောင် ငွေကြေး မဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ
(၁၃)ပေါက်လိ Group နှင့် ဗြိတိန် သံအမတ် ပြဇာတ်ရုံ Group တို့မှ ချုပ်ဆိုခဲ့သည့် ပြဇာတ်ရုံ စီမံခန့်ခွဲရေး ဆိုင်ရာ သဘောတူညီမှု စာချုပ်
(၁၄)တရုတ် နိုင်ငံ ဆောက်လုပ်ရေး Group နှင့် WELINK စွမ်းအင် ကုမ္ပဏီ တို့မှ ချုပ်ဆို ခဲ့သည့် ဗြိတိန် နေရောင်ခြည် လျှပ်စစ် ဓာတ်အားပေး စက်ရုံ နှင့် အမျိုးအစားသစ် အိမ်ရာ စီမံကိန်း ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီမှု စာချုပ်
(၁၅)ဗြိတိန် စက်ယန္တယား ဌားရမ်း အသုံးပြု ဝန်ဆောင်မှု ကုမ္ပဏီ နှင့် ချုပ်ဆို ခဲ့သည့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ သဘောတူညီမှု စာချုပ်
(၁၆)စိန့် မစ်ချယ် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ပူးပေါင်း ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ သဘောတူညီမှု စာချုပ်
(၁၇)တရုတ် နိုင်ငံ ဆောက်လုပ်ရေး ဘဏ် ၊ တရုတ် နိုင်ငံ ကျိုက်စိမ်း ဆေးဝါးလုပ်ငန်း အပြည်ပြည် ဆိုင်ရာ ကုမ္ပဏီ နှင့် Oxford တက္ကသိုလ် တို့မှ ချုပ်ဆိုခဲ့သည့် သုတေသန စင်တာ သဘောတူညီမှု စာချုပ်
(၁၈)တရုတ်-ဗြိတိန် နည်းပညာ လုပ်ငန်း စင်တာ နှင့် Glasgow တက္ကသိုလ် ရှိ တရုတ်-ဗြိတိန် တီထွင် ဆန်းသစ်မှု စင်တာ သဘောတူညီမှု စာချုပ်
(၁၉) ရှန်ဟိုင်း ဖူရှင်း အဆင့်မြင့် နည်းပညာ ကုမ္ပဏီ နှင့် Thomas Cook Group တို့မှ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး သဘောတူညီမှု စာချုပ်
(၂၀)လျှပ်စစ် ဓာတ်အားသုံး ဘတ်စ်ကားကြီးများ ထုတ်လုပ်မှု ဆိုင်ရာ သဘောတူညီမှု စာချုပ်
(၂၁)တရုတ် နိုင်ငံ ထိုက်ဖိန် အာမခံ Group နှင့် Lloyd’s of London ကုမ္ပဏီ တို့မှ ချုပ်ဆိုခဲ့သည့် ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာ
(၂၂)အာဖရိက ရင်းနှီးမြှုပ်နှံမှု နှင့် ကုန်ထုတ်လုပ်မှု တွန်းအား ပေးနိုင်ရန် အတွက် ပူးပေါင်း ဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ
(၂၃)ရိကျန့်ဖူ ကုမ္ပဏီ နှင့် Plurimi Group တို့မှ ချုပ်ဆိုခဲ့သည့် တရုတ်-ဗြိတိန် နိုင်ငံ ဖြတ်ကျော် စာရင်းရှင်း စနစ် သဘောတူညီမှု စာချုပ်
(၂၄)ရှန်ဟိုင်း မြို့တွင် တည်ဆောက်မည့် “Dream Garden” စီမံကိန်း ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု သဘောတူညီမှု စာချုပ်
(၂၅)ကမ္ဘာလုံးဆိုင်ရာ စွမ်းအင် အရင်းအမြစ် ပြောင်းလဲမှု နှင့် တရုတ် နိုင်ငံ စွမ်းအင် အရင်းအမြစ် ပြောင်းလဲရေး ဆိုင်ရာ ပူးပေါင်း သုတေသန သဘောတူညီမှု စာချုပ်
(၂၆)တရုတ် နိုင်ငံ ပို့ဆောင် ဆက်သွယ်ရေးဘဏ် နှင့် ဗြိတိန် နိုင်ငံ ကုန်သွယ်ရေး ရင်းနှီးမြှှုပ်နှံမှု ဗျူရို တို့မှ ချုပ်ဆိုခဲ့သည့် ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာ
(၂၇)တရုတ် နိုင်ငံ ရုပ်ရှင် နှင့် ဂီတ လုပ်ငန်း ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ နှင့် York တက္ကသိုလ် ရုပ်ရှင် နှင့် ဂီတ ဌာန တို့ချုပ်ဆိုခဲ့သည့် စီမံကိန်း သဘောတူညီမှု စာချုပ်
(၂၈)တရုတ်-ဗြိတိန် ရေရှည် မြို့ပြ ပုံစံ ပြောင်းလဲရေး သုတေသန လုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှု သဘောတူ စာချုပ်
အခြားရရှိခဲ့သည့် အောင်မြင်မှု များမှာ
(၁)၂၀၁၅ ခုနှစ်အတွင်း ဗြိတိန် နိုင်ငံ တွင် ၆ ကြိမ်မြောက် တရုတ်-ဗြိတိန် လုံခြုံရေး ဆိုင်ရာ မဟာဗျူဟာ ဆွေးနွေးပွဲ ကျင်းပ သွားမည် ဖြစ်ကြောင်း
(၂)၂၀၁၆ ခုနှစ်တွင် တရုတ်-ဗြိတိန် နှစ်နိုင်ငံ မှ ပူးပေါင်း၍ ချဲ့ကျောင်း ပြဇာတ် အား ကျင်းပ သွားမည် ဖြစ်ကြောင်း
(၃)တရုတ်-ဗြိတိန် နှစ်နိုင်ငံ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု စနစ် တည်ဆောက်ရန် ဆွေးနွေး သွားမည် ဖြစ်ကြောင်း
(၄)နင်းပေါ ရေကြောင်း ဝန်ဆောင်မှု ကုမ္ပဏီ နှင့် ဘောလ်တစ် ရေကြောင်း ဝန်ဆောင်မှု တို့မှ ရေကြောင်း ပိုးလမ်းမကြီး ကွန်တိန်နာ ညွှန်းကိန်း ကို ပူးတွဲ ထုတ်ပြန် ခဲ့ခြင်း
(၅)တရုတ် နိုင်ငံ အနေဖြင့် ဗြိတိန် နိုင်ငံ နှင့် အတူတကွ တရုတ်-ဗြိတိန် ဆန်းသစ်သည့် ပူးပေါင်း မိတ်ဆွေ ဆက်ဆံရေး ရရှိရန် ဆွေးနွေး သွားရန် မျှော်လင့်ကြောင်း ကြေညာ ခဲ့ခြင်း
(၆)၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့က လန်ဒန် မြို့တွင် ၄ ကြိမ်မြောက် တရုတ်-ဗြိတိန် စွမ်းအင် ဆိုင်ရာ ဆွေးနွေးပွဲအား ကျင်းပ နိုင်ခဲ့ခြင်း
(၇) ၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၂ ရက်နေ့တွင် လန်ဒန် မြို့တွင် ပထမ အကြိမ် တရုတ်-ဗြိတိန် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် နှင့် ပထမ အကြိမ် တရုတ်-ဗြိတိန် ပြုပြင်ပြောင်းလဲရေး နှင့် ဆန်းသစ် တီထွင်ရေး ဖိုရမ် ကို ကျင်းပ နိုင်ခဲ့ခြင်း
(၈) ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့က ဗြိတိန် နိုင်ငံ တွင် ၆ ကြိမ်မြောက် တရုတ်-ဗြိတိန် ဆိုက်လ်ဘာ ဆိုင်ရာ စားပွဲဝိုင်း ဆွေးနွေးပွဲ ကျင်းပ နိုင်ခဲ့ခြင်း
(၉)နှစ်နိုင်ငံ အနေဖြင့် ၂၀၁၆ ခုနှစ်တွင် တတိယ အကြိမ်မြောက် တရုတ်-ဗြိတိန် အသိပညာ မူပိုင်ခွင့် ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ ရန် သဘောတူညီ ခဲ့ခြင်း
(၁၀) ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့တွင် ဗြိတိန် နိုင်ငံ တွင် ပထမ ဆုံးအကြိမ် တရုတ်-ဗြိတိန် မီဒီယာ ဆိုင်ရာ စားပွဲဝိုင်း ဆွေးနွေးပွဲ ကျင်းပ နိုင်ခဲ့ခြင်း
(၁၁) ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက် မှ ၁၆ ရက်နေ့ အထိ လန်ဒန် မြို့တွင် တရုတ် ရုပ်ရှင်ပွဲတော် ကျင်းပ နိုင်ခဲ့ခြင်း နှင့် အောက်တိုဘာ ၁၉ ရက်နေ့တွင် Edinburgh တရုတ် ရုပ်ရှင် ပွဲတော် ကျင်းပ နိုင်ခဲ့ခြင်း
(၁၂)တရုတ် နိုင်ငံ CCTV မှ “ကွန်ဖြူးရှပ်” နိုင်ငံတကာ ဗာရှင်း မှတ်တမ်း ရုပ်ရှင် အား ဗြိတိန် နိုင်ငံတွင် စတင်ပြသသည့် ဖွင့်ပွဲ ပြုလုပ် နိုင်ခဲ့ခြင်း
(၁၃)တရုတ် နိုင်ငံ CCTV မှ ဥရောပ ဒေသ ဌာနခွဲ စီမံကိန်း ဆောင်ရွက် နိုင်ခဲ့ခြင်း
(၁၄) တရုတ် နိုင်ငံ CCTV နှင့် ဗြိတိန် နိုင်ငံ Silver Gate မီဒီယာ လုပ်ငန်း ကုမ္ပဏီ တို့မှ ပူးပေါင်း၍ ကာတွန်း ရုပ်သံ ဇာတ်လမ်း ပြုလုပ် နိုင်ခဲ့ခြင်း
(၁၅)တရုတ် နိုင်ငံတော် ဗဟိုဘဏ် မှ Standard Chartered ဘဏ် အား ငွေကြေးဆိုင်ရာ မဟုတ်သော ချေးငွေ Debt Financing instrument underwrtting License(ကြွေးမြီ ငွေကြေး ထောက်ပံ့မှု ဆိုင်ရာ လုပ်ငန်း လိုင်စင်) အား ခွင့်ပြု ပေးခဲ့ခြင်း
(၁၆)နိုင်ငံတော် ဖွံဖြိုး တိုးတက်ရေး ဘဏ် မှ ဗြိတိန် နိုင်ငံ တွင် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ နှင့် ယူရို သန်း ၅၀၀ တန်ဖိုးရှိ ငွေချေး စာချုပ် ကို ဖြန့်ဝေ ပေးခဲ့ခြင်း
(၁၇) နိုင်ငံတော် ဖွံဖြိုး တိုးတက်ရေး ဘဏ် မှ ဗြိတိန် ကိုယ်စားပြု နေရာတွင် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၂ ရက်နေ့တွင် လုပ်ငန်း စတင် လည်ပတ် နိုင်သည့် လိုင်စင် ကို ရရှိခဲ့ခြင်း
(၁၈)တရုတ် နိုင်ငံ ပြန်ကြားရေး ဌာနချုပ်နှင့် ဗြိတိန် နိုင်ငံ ရုပ်ရှင် အစည်းအရုံး တို့အကြားမှာ တရုတ်-ဗြိတိန် ရုပ်ရှင် ပူးပေါင်း ဆောင်ရွက်မှု နားလည်မှု စာချွန်လွှာအား ရေးထိုး နိုင်ခဲ့ခြင်း
စသည့် အထက်ဖော်ပြပါ နားလည်မှု စာ