Connect with us

Politics, Law & Military

တရုတ်-အီးယူ ၊ တရုတ်-ယူကေ ဆက်ဆံရေး ကောင်းမွန်အောင် ဆက်လက် ထိန်းသိမ်းမည်ဟု တရုတ်ကတိပြု

New Champions 2016 အစည်းအဝေးပွဲ၌ မိန့်ခွန်း ပြောကြားနေသော တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် အားတွေ့ရစဉ် (ဆင်ဟွာ)

တန်ဂျင် ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က တရုတ်နိုင်ငံအနေဖြင့် တရုတ် – ဥရောပသမဂ္ဂ (အီးယူ) နှင့် တရုတ် – ယူကေ ဆက်ဆံရေးများ ကောင်းမွန်အောင် ဆက်လက် ထိန်းသိမ်းသွားမည်ဟု ဇွန်လ ၂၇ ရက်တွင် ကတိပြု ပြောကြားလိုက်သည်။

ဥရောပတိုက်သည် တရုတ်နိုင်ငံ အတွက် အရေးကြီးသော မိတ်ဖက် တစ်ခုဖြစ်ကြောင်း နှင့် ဥရောပတိုက်၏ စည်းလုံး ညီညွတ်ရေးသာမက တည်ငြိမ်ရေးကိုပါ တရုတ်နိုင်ငံက မျှော်လင့်ကြောင်း ၊ အင်္ဂလန်နိုင်ငံ၏ တည်ငြိမ်ရေး နှင့် အကျိုးစီးပွား ဖြစ်ထွန်းရေးကိုလည်း တရုတ်နိုင်ငံက မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံ မြောက်ပိုင်း တန်ဂျင် ဆိပ်ကမ်းမြို့၌ ပြုလုပ်သည့် Summer Davos Forum ဟု လူသိများသော New Champions 2016 အစည်းအဝေးပွဲ တွင် တရုတ် နိုင်ငံ ဝန်ကြီးချုပ်က ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲသို့ကမ္ဘာ့နိုင်ငံပေါင်း ၉ဝ မှ စီးပွားရေး ခေါင်းဆောင်များ ၊ နိုင်ငံရေးသမားများ နှင့် ပညာရှင်များ တက်ရောက်ခဲ့ကြပြီး ၊ အခမ်းအနားတွင် တရုတ်ဝန်ကြီးချုပ် လီက ကမ္ဘာ့စီးပွားရေးသည် လွန်ခဲ့သော ၈ နှစ်က ကြုံတွေ့ခဲ့ရသည့် စီးပွားရေး အကြပ်အတည်းလွန်ကာလ နောက်ပိုင်းတွင် မျှော်လင့်ထားသလောက် တိုးတက်လာခြင်းမရှိဘဲ နှေးကွေးနေဆဲ ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် အီးယူအဖွဲ့မှ အင်္ဂလန် နှုတ်ထွက်ခြင်းသည် ကမ္ဘာ့ငွေကြေးဈေးကွက်များကို ထိခိုက်မှုများ ရှိလာနိုင်ပြီး ကမ္ဘာ့စီးပွားရေးအခြေအနေသည် မသေချာမရေရာမှုများ တိုးပွားနိုင်ကြောင်း လီက ဆက်လက် ပြောကြားခဲ့သည်။
ကမ္ဘာ့စီးပွားရေး အသိုင်းအဝိုင်းကို ထည့်သွင်း ပြောဆိုခြင်းမပြုဘဲ မည်သည့်နိုင်ငံကမျှ ၎င်းတို့၏ စီးပွားရေးကို တစ်ဦးတည်း တိုးတက်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ကြောင်း ၊ စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို ညီညီညွတ်ညွတ်ဖြင့် စုပေါင်း ကိုင်တွယ်သွားမှသာ အောင်မြင်နိုင်မည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။
ကမ္ဘာ့စီးပွားရေး ပြန်လည် နာလန် ထူနိုင်ရန်အတွက် သက်ဆိုင်ရာ အစိုးရအနေဖြင့် စွမ်းဆောင်ရည် ပြည့်ဝရန် လိုအပ်ကြောင်း ၊ စက်မှုလုပ်ငန်း အဆင့်မြှင့်တင်ရန် လိုအပ်ကြောင်းနှင့် တည်ဆောက်ပုံ ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်သွားရန် လိုအပ်ကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ်က အဆိုပြု တိုက်တွန်း ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.