Connect with us

Politics, Law & Military

ဟောင်ကောင် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမှုဆောင်အရာရှိချုပ် Lam Cheng Yuet-ngor က မြန်မာနိုင်ငံ လာမည်

ဟောင်ကောင် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမှုဆောင်အရာရှိချုပ် Lam Cheng Yuet-ngor အား တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဟောင်ကောင် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (HKSAR) အမှုဆောင်အရာရှိချုပ် Lam Cheng Yuet-ngor သည် ယနေ့ (စက်တင်ဘာလ ၁၄ ရက်) တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည် ဖြစ်ကြောင်း HKSAR အစိုးရ ပြန်ကြားရေးဋ္ဌာနက စက်တင်ဘာလ ၁၃ ရက်တွင် ကြေညာလိုက်သည်။

ဖိတ်ကြားချက်အရ Lam ၏ ခရီးစဉ်သည် အဓိကအားဖြင့် ရန်ကုန်တွင် စက်တင်ဘာလ ၁၆ ရက်တွင် ပြုလုပ်မည့် ၁၄ ကြိမ်မြောက် ကမ္ဘာ့ တရုတ် စီးပွားရေးလုပ်ငန်းရှင်များ ညီလာခံ (WCEC) တက်ရောက်ကာ မိန့်ခွန်းပြောကြားမည် ဖြစ်သည်။ Lam သည် စက်တင်ဘာလ ၁၇ ရက် အစောပိုင်းတွင် ဟောင်ကောင်သို့ ပြန်လည် ရောက်ရှိမည် ဖြစ်သည်။

၁၉၉၁ ခုနှစ်ကစတင်ကာ နှစ်နှစ်လျှင် တစ်ကြိမ် မြို့ပေါင်းများစွာတွင် WCEC အား ကျင်းပခဲ့ပြီး တရုတ် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကမ္ဘာတစ်ဝန်းမှ စီးပွားရေးနှင့် စက်မှုလုပ်ငန်းကဏ္ဍ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် သဘောတူညီမှု တိုးမြှင့်ရန် ပလက်ဖောင်း တစ်ခုအဖြစ် ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှု အဆုံးသတ် ဆွေးနွေးညှိနှိုင်းခြင်းနှင့် ဆက်စပ်သော ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်အား HKSAR နှင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) တို့က အစောပိုင်းတွင် ကြေညာခဲ့သည်။

HKSAR အမှုဆောင် အရာရှိချုပ် Lam သည် သြဂုတ်လ အစောပိုင်းက စင်ကာပူနှင့် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး ယခု မြန်မာနိုင်ငံ ခရီးစဉ်သည် Lam ၏ တတိယမြောက် အာဆီယံနိုင်ငံ ခရီးဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.