Connect with us

Politics, Law & Military

ပြင်သစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန က အာဖဂန်နစ္စတန်နိုင်ငံတွင် သြစတြေးလျ စစ်သား ပြုမူခဲ့သည့် အကြမ်းဖက်မှုနှင့်ပတ်သက်၍ ပြောဆိုမှုအပေါ် ပြင်သစ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး တုံ့ပြန်ပြောကြား

သြစတြေးလျနိုင်ငံ ကာကွယ်ရေးတပ်ဖွဲ့ တပ်မှူး Angus Campbell က သြစတြေးလျ စစ်သားများ အာဖဂန်နစ္စတန်နိုင်ငံ အရပ်သားများအား သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ နိုဝင်ဘာ ၁၉ ရက် ၌ သတင်းစာရှင်းလင်းပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ပဲရစ် ၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး

တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း က ၎င်း၏ twitter လူမှုကွန်ရက်တွင် သြစတြေးလျနိုင်ငံစစ်သားက အာဖဂန်နစ္စတန် အရပ်သားအား သတ်ဖြတ်နေသည့် ပုံကို ထပ်ဆင့်ဖော်ပြခဲ့ခြင်းနှင့်ပတ်သက်၍ ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၃၀ ရက်တွင် ပြစ်တင်ဝေဖန်ခဲ့မှုအပေါ် ပြင်သစ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၁ ရက်တွင် တုံ့ပြန်ပြောကြားလိုက်သည်။

ပြင်သစ်နိုင်ငံဆိုင်ရာသံရုံး ပြောရေးဆိုခွင့်ရှိသူ က ကျောက်လိကျန်း အနေဖြင့် ဖြစ်ရပ်မှန်ကိုအခြေခံသော twitter ပိုစ့်တစ်ခုကို မျှဝေခဲ့ခြင်းသာဖြစ်ကြောင်း ၊ ၎င်းမျှဝေခဲ့သည့် ဓာတ်ပုံမှာလည်း တရုတ်နိုင်ငံ အရပ်ဘက် ပန်းချီပညာရှင်တစ်ဦးက ဖြစ်ရပ်မှန်ကို အခြေခံ၍ ဖန်တီးထားသော အပြုသဘောဆောင် သရော်သည့် ကွန်ပျူတာ ပန်းချီးကားတစ်ခုသာ ဖြစ်ကြောင်း ၊ ပြင်သစ်နိုင်ငံအနေဖြင့် အရပ်သားအား သတ်ဖြတ်သည့် စစ်ဘက်ဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်သူများကို သွားရောက်ဝေဖန်ခြင်းမပြုလုပ်ဘဲ ၊ ရာဇဝတ်မှုကျူးလွန်သူကို ဝေဖန်သောသူအား လက်ရောက်အပြစ်တင်နေခြင်းသည် တစ်ဖက်စောင်းနင်း ပြုရာရောက်ပြီး လွန်စွာစိတ်ပျက်ဖွယ်ရာကောင်းသလို စော်ကားရာရောက်သည့် သဘောအထိပင် ဖြစ်နေကြောင်းပြောကြားခဲ့သည်။

ထို့ပြင် သံရုံးပြောရေးဆိုခွင့်ရှိသူက ပြင်သစ်နိုင်ငံ၏ ယခုကဲ့သို့သော သဘောထား ထုတ်ဖော်ပြောကြားမှုသည် မနှစ်မြို့ဖွယ်ရာကောင်းပြီး ယင်းကဲ့သို့ပြောဆိုမှုသည် စစ်ရာဇဝတ်မှုကျူးလွန်သူများနှင့် အတူတကွ ရပ်တည်နေသည်လားဟုပင် ထင်မှတ်ယူဆမိကြကြောင်း ၊ သို့မဟုတ် ပြင်သစ်နိုင်ငံ က နိုင်ငံတကာ အမှန်တရား နှင့် လူသားတို့၏ကောင်းမွန်သော စိတ်ထားနှင့် အတူတကွ ရှိနေပါသေးလားဟု မေးခွန်းထုတ်ရမည်ဖြစ်ကြောင်း ၊ ကမ္ဘာပေါ်တွင် ကာတွန်းအခွင့်အရေး ကို ခိုင်မြဲစွာ စောင့်ထိန်းခဲ့သည့် ပြင်သစ်နိုင်ငံ က တရုတ်နိုင်ငံ လူငယ်ပန်းချီဆရာ တစ်ဦး ၏ ကာတွန်းကို အဘယ်ကြောင့် လက်မခံနိုင် ဖြစ်နေသနည်း ။ လွတ်လပ်စွာပြောဆိုခွင့်ဆိုသည်မှာအဘယ်နည်း ။ နောက်ဆုံးပြောရမည်ဆိုပါက စံချိန်စံညွှန်းနှစ်မျိုးသတ်မှတ်ထားပြီး ရပ်တည်မှုကိုသာကြည့်ကာ အမှားအမှန်မခွဲခြားဘဲ စိတ်ရင်းမှန်အတိုင်း မလိုက်နာဘဲဆောင်ရွက်နေကြခြင်းပင်ဖြစ်ကြောင်း ၎င်းက မေးခွန်းထုတ် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.