Connect with us

Politics, Law & Military

၁၈ ကြိမ်မြောက် တရုတ် ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ အစည်းအဝေး ကို အောက်တိုဘာ ၂၆ ရက်နေ့တွင် စတင် ကျင်းပ သွားမည် ဖြစ်ပြီး အရေးပါသော စီးပွားရေး မူဝါဒ များချမှတ် သွားမည်

တရုတ် ကွန်မြူနစ်ပါတီ အဆောက်အဦး အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဗဟို နိုင်ငံရေး ဗျူရို မှ အောက်တိုဘာ ၁၂ ရက်နေ့ တွင် တရုတ် ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန် (နိုင်ငံတော် သမ္မတ) မှ သဘာပတိ အဖြစ် ဆောင်ရွက်သည့် အစည်းအဝေး ကျင်းပ ခဲ့သည်။

အစည်းအဝေး တွင် အမျိုးသား စီးပွားရေး နှင့် လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ၁၃ ခု မြောက် ၅ နှစ် စီမံကိန်း နှင့် ပတ်သက် သည့် အရေးပါသော ကိစ္စရပ် များကို ဆွေးနွေး ခဲ့ကြသည်။

အစည်းအဝေး မှ “တရုတ် ကွန်မြူနစ် ပါတီတွင်း စည်းကမ်း ထိန်းသိမ်းခြင်း ဆိုင်ရာ သတ်မှတ်ချက်” နှင့် “တရုတ် ကွန်မြူနစ် ပါတီ စည်းကမ်း ချိုးဖောက်မှု ဆိုင်ရာ အပြစ်ပေးခြင်း သတ်မှတ်ချက်” တို့ကို အတည်ပြု နိုင်ခဲ့ပြီး ၁၈ ကြိမ်မြောက် တရုတ် ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ အစည်းအဝေး အား အောက်တိုဘာ ၂၆ ရက်နေ့ မှ ၂၉ ရက်နေ့ အထိ ပေကျင်းမြို့တွင် ကျင်းပ သွားရန် ကိုလည်း ဆုံးဖြတ် ခဲ့ကြသည်။

တရုတ် နိုင်ငံ ဗဟို နိုင်ငံရေး ဗျူရို မှ တရုတ် နိုင်ငံ ဗဟို အစိုးရ ၏ အမျိုးသား စီးပွားရေး နှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ၁၃ ခု မြောက် ၅ နှစ် စီမံကိန်း နှင့် ပတ်သက်သော အကြံပြုချက် များကို ယခု အစည်းအဝေးတွင် ဆွေးနွေး တိုင်ပင် ခဲ့ကြပြီး ရရှိခဲ့သည့် အကြံပြုချက်များ ကို ထည့်သွင်း ပြင်ဆင်ကာ ၁၈ ကြိမ်မြောက် တရုတ် ကွန်မြူနစ် ပါတီ ဗဟို ကော်မတီ အစည်းအဝေး တွင် စစ်ဆေးရန် တင်ပြ သွားမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.