Connect with us

Politics, Law & Military

ရှန့်စန်း ဖိုရမ်သို့ ကာကွယ်ရေး ဝန်ကြီး ၁၆ ဦး တက်ရောက်ရန်ရှိ

(၆) ကြိမ်မြောက် ရှန့်စန်း ဖိုရမ် အကြောင်း ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁ဝ ရက်နေ့ က ရှင်းလင်းပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကာကွယ်ရေး ဝန်ကြီးများသည် ပေကျင်းမြို့တွင် အောက်တိုဘာ ၁၆ ရက်မှ ၁၈ ရက်နေ့ အတွင်း ကျင်းပမည့် ခြောက်ကြိမ်မြောက် ရှန့်စန်း ဖိုရမ်သို့ တက်ရောက်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံ တပ်မတော် အရာရှိ တစ်ဦးက ယနေ့ပြောကြားခဲ့သည်။

မလေးရှား၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံများ အပါအဝင် ၁၆ နိုင်ငံ တက်ရောက်မည်ဟု ခြောက်ကြိမ်မြောက် ရှန့်စန်း ဖိုရမ် အတွင်းရေးမှူးရုံး၊ ဒုတိယ အတွင်းရေးမှူးချုပ်နှင့် ပြည်သူ့လွတ် မြောက်ရေး တပ်မတော် ဗိုလ်ချုပ် ဟွမ်ဘိုဖူက ပြောသည်။

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်စန်သည်လည်း ယင်းဖိုရမ်သို့ တက်ရောက် မိန့်ခွန်း ပြောကြား လိမ့်မည်ဖြစ် ကြောင်း ဟွမ်က ပြောသည်။

ယခုအထိ နိုင်ငံပေါင်း ၄၉ နိုင်ငံနှင့် နိုင်ငံအကာ အဖွဲ့အစည်း လေးခုက အဆိုပါ ဖိုရမ်သို့ တက်ရောက်မည် ဟု အတည်ပြုထားကြောင်း တရုတ်နိုင်ငံ စစ်ရေး သိပ္ပံအသင်းနှင့် အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာ လေ့လာမှု တရုတ် အဖွဲ့အစည်း တို့၏ ကြေညာချက်အရ သိရသည်။

ယင်းဖိုရမ်အား စတင်ခဲ့သည့် ၂၀၀၆ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း နှစ်နှစ်တစ်ကြိမ် ပုံမှန်ကျင်းပခဲ့သည်။ ယခုနှစ် မှစ၍ နှစ်စဉ် ကျင်းပသွားမည်ဖြစ်ကာ နိုင်ငံခြားမှ ကာကွယ်ရေးဆိုင်ရာ အရာရှိများ နှင့် ပညာရှင်များကိုလည်း ပိုမို ဖိတ်ကြား သွားမည်ဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117