Connect with us

Politics, Law & Military

အာရှနိုင်ငံ များမှ နိုင်ငံရေး ပါတီများ ခေတ်သစ် ပိုးလမ်းမကြီး ဆိုင်ရာ အစည်းအဝေး တက်ရောက်မည်

ခေတ်သစ် ပိုးလမ်းမ ကုန်သွယ်ရေး လမ်းကြောင်း နှင့် ၂၁ ရာစု ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်း တို့ ပေါင်းစပ် ပါဝင်သည့် ခေတ်သစ် ပိုးလမ်းမကြီး မြေပုံ (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

တရုတ် ကွန်မြူနစ်ပါတီ (CPC) ၏ ဖိတ်ကြားချက် အရ နိုင်ငံပေါင်း (၃၀)ကျော် မှ နိုင်ငံရေး ပါတီများ နှင့် အဖွဲ့အစည်းများ၏ အဖွဲ့ဝင် ၅၀ ကျော် သည် လာမည့် ရက်သတ္တပတ် တွင် ပေကျင်း၌ ပြုလုပ်မည့် ခေတ်သစ် ပိုးလမ်းမကြီး ဆိုင်ရာ အထူး ညီလာခံ သို့ တက်ရောက်မည် ဖြစ်ကြောင်းသိရသည်။

အာရှ နိုင်ငံရေး ပါတီများ၏ ခေတ်သစ် ပိုးလမ်းမကြီး ဆိုင်ရာ အထူးညီလာခံ ကို အောက်တိုလာလ ၁၄ ရက် မှ ၁၆ ရက်နေ့ အထိ ကျင်းပ သွားမည်ဖြစ်ကြောင်း CPC ဗဟိုကော်မတီ ၏ နိုင်ငံတကာ ရေးရာဌာန မှ အောက်တိုဘာ ၉ ရက်တွင် ကြေညာ ခဲ့သည်။ ညီလာခံ ၏ဆောင်ပုဒ်မှာ “ပိုးလမ်းမကြီးဆိုင်ရာ အတွေးအမြင်သစ်၊ တူညီသော ဖွံ့ဖြိုးမှု အတွက် လုပ်ဆောင်ချက်များ” ဟူ၍ဖြစ်သည်။

အဆိုပါ အထူးညီလာခံသည် အာရှနိုင်ငံများ အကြား ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်းကို နားလည်မှု တိုးတက်စေပြီး အာရှနိုင်ငံများ နှင့် အခြားနိုင်ငံများ အကြား ခေတ်သစ် ပိုးလမ်းမကြီး တစ်လျှောက် ပူးပေါင်း ဆောင်ရွက် ပိုမိုတိုးတက် လာစေရန် ကူညီနိုင်ကြောင်း နိုင်ငံတကာ ရေးရာဌာနက ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ယခင် ရေကြောင်း နှင့် ကုန်ကြောင်း ကုန်သွယ်ရေး ပိုးလမ်းမကြီး ၏ ကုန်သွယ်မှုလမ်းများ တစ်လျောက် ဆက်သွယ်ရေး၊ ပူးပေါင်း ဆောင်ရွက်ရေး နှင့် တူညီသော ချမ်းသာကြွယ်ဝမှု တို့ကို မြှင့်တင်ပေးနိုင်ရန်အတွက် ခေတ်သစ် ပိုးလမ်းမကြီး နှင့် ၂၁ ရာစု ပင်လယ် ရေကြောင်း ပိုးလမ်းမကြီး စီမံကိန်းကို ကြေညာခဲ့သည်။

ခေတ်သစ် ပိုးလမ်းမကြီး သည် အာရှ၊ ဥရောပ နှင့် အာဖရိက တို့ကို ဖြတ်၍ တစ်ဖက်ရှိ တက်ကြွလှုပ်ရှားနေသည့် အရှေ့ အာရှ စီးပွားရေး ရပ်ဝန်း နှင့် အခြားတစ်ဖက် မှ ဖွံ့ဖြိုးပြီး ဥရောပ စီးပွားရေး ရပ်ဝန်းများ ကို ဆက်သွယ်ပေးပြီး နိုင်ငံများအား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာ ကောင်းများဖြင့် လွှမ်းခြုံပေးနိုင်မည်ဖြစ်ကြောင်း တရုတ်အစိုးရ ၏ တရားဝင် ထုတ်ပြန်မှုများအရ သိရသည်။

ညီလာခံပြင်ပ ၌ စီးပွားရေး ခေါင်းဆောင်များ နှင့် မီဒီယာ အဖွဲ့အစည်းများ တွေ့ဆုံပွဲ များ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)