Connect with us

Politics, Law & Military

နိုဝင်ဘာလ ၂၄ ရက်နေ့တွင် တရုတ်နိုင်ငံမှ လေးကြိမ်မြောက် China-CEE ထိပ်သီး ညီလာခံအား လက်ခံ ကျင်းပမည်

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် တတိယ အကြိမ်မြောက် China-CEE ထိပ်သီး ညီလာခံ ဖွင့်ပွဲ အခမ်းအနား တွင် မိန့်ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာလ ၁၇ ရက် (ဆင်ဟွာ)

လေးကြိမ်မြောက် တရုတ် နိုင်ငံ နှင့် ဥရောပ အလယ်ပိုင်း၊ အရှေ့ပိုင်း နိုင်ငံများမှ ခေါင်းဆောင်များ တွေဆုံပွဲကို တရုတ်နိုင်ငံ အရှေ့ပိုင်း ဆူးကျိုး မြို့တွင် နိုဝင်ဘာလ ၂၄ မှ ၂၅ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေး ဆိုခွင့်ရှိသူမှ နိုဝင်ဘာလ ၁၆ရက်နေ့တွင် ကြေငြာခဲ့ကြောင်း သိရသည်။

ဥရောပ အလယ်ပိုင်း နှင့် အရှေ့ပိုင်း နိုင်ငံ ၁၆ နိုင်ငံ မှ ခေါင်းဆောင်များ ပါဝင်မည်ဖြစ်ပြီး ယင်းနိုင်ငံများမှာ အယ်ဘေးနီးယား၊ ဘော့စနီးယား – ဟာဇီဂိုဗီးနား၊ ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ အက်စတိုးနီးယား၊ ဟန်ဂေရီ၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ မက်ဆီဒိုးနီးယား၊ မွန်တီနီဂရိုး၊ ပိုလန်၊ ရိုမေးနီးယား၊ ဆာဘီးယား၊ စလိုဗက်ကီးယား နှင့် စကိုဗေးနီးယား တို့ဖြစ်ပြီး ၎င်း တို့သည် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် ၏ ဖိတ်ကြားချက်အရ အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း ပြောရေး ဆိုခွင့်ရှိသူ ဟုန်လဲ့ မှ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တရုတ် နိုင်ငံ နှင့် နိုင်ငံပေါင်း ၁၆ နိုင်ငံသည် ပူးပေါင်း ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုး တိုးတက်မှုတို့ကို ပိုမို ကောင်းမွန်လာစေရန် ဆွေးနွေး သွားမည် ဖြစ်ကြောင်း နှင့် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်မှ နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ခေါင်းဆောင်များနှင့် ပေကျင်းတွင် တွေ့ဆုံမည် ဖြစ်ကြောင်း ဟုန်လဲ့ မှ ပြောကြားခဲ့သည်။ (Xinhua)