Politics, Law & Military
CPC ဗဟိုကော်မတီသစ်၏ ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေး ကျင်းပ

ပေကျင်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)
တရုတ် ကွန်မြူနစ်ပါတီ (CPC) ၁၉ ကြိမ်မြောက် ဗဟို ကော်မတီ၏ ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေးအား ယနေ့ (အောက်တိုဘာလ ၂၅ ရက်) နံနက်ပိုင်းတွင် ကျင်းပခဲ့ပြီး ရှီကျင့်ဖိန်အား ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူးအဖြစ် ရှီကျင့်ဖိန်အား ရွေးချယ်လိုက်ကြောင်း သိရသည်။
CPC ဗဟို ကော်မတီ အဖွဲ့ဝင် ၂၀၄ ဦးနှင့် အလှည့်ကျ အဖွဲ့ဝင် ၁၇၂ ဦး တက်ရောက်သည့် အစည်းအဝေးအား ရှီက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။
အဆိုပါ အစည်းအဝေး၌ CPC ဗဟို ကော်မတီ နိုင်ငံရေး ဗျူရို အဖွဲ့ဝင်များနှင့် အမြဲတမ်း ကော်မတီဝင်များအား ရွေးချယ်ခဲ့သည်။
နိုင်ငံရေး ကော်မတီ အမြဲတမ်း ကော်မတီ အမည်စာရင်း တင်သွင်းခြင်းအပေါ် အခြေခံ၍ CPC ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူးရုံး အဖွဲ့ဝင်များအား အတည်ပြုခဲ့သလို CPC ဗဟ်ု ကော်မတီ စစ်ဘက်ဆိုင်ရာ ကော်မရှင် အဖွဲ့ဝင်များအား ဆုံးဖြတ်ခဲ့သည်။
ထို့ပြင် အထွေထွေ အတွင်းရေးမှူး၊ ဒုတိယ အတွင်းရေးမှူးများနှင့် ၁၉ ကြိမ်မြောက် စည်းကမ်း စစ်ဆေးရေး ဗဟို ကော်မရှင် (CCDI) အမြဲတမ်း ကော်မတီ အဖွဲ့ဝင်များအား အတည်ပြုခဲ့ကြောင်း သိရသည်။ (Xinhua)