Connect with us

Politics, Law & Military

တရုတ်နိုင်ငံသည် အပြုသဘောဆောင်သည့် အကြံပေးချက်များကို ကြိုဆိုကြောင်း ရှီပြောကြား

ပြည်သူ့ခန်းမကြီးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တရုတ်သမ္မတရှီကျင့်ဖိန်အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

၁၉ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် က တရုတ်နိုင်ငံသည် ဓမ္မဓိဋ္ဌာန်ကျသော အစီရင်ခံစာများ နှင့် အပြုသဘောဆောင်သည့်အကြံပေးချက်များကို ကြိုဆိုပါကြောင်း အောက်တိုဘာ ၂၅ ရက်က ကမ္ဘာတစ်ဝန်းမှ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်သည် ၁၉ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီနိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီ အဖွဲ့ဝင်များကို ဦးဆောင်၍ ပြည်သူ့ခန်းမကြီး၌ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ရှီက “အခြားသူတွေထံက ချီးကျူးထောမနာပြုမှုတွေကို မလိုအပ်ဘူး။ သို့သော်လည်း ဓမ္မဓိဋ္ဌာန်ကျတဲ့ အစီရင်ခံစာတွေနဲ့ အပြုသဘောဆောင်တဲ့ အကြံပေးချက်တွေကိုတော့ လက်ခံကြိုဆိုသွားမှာဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

၎င်းက “တစ်ခါတွေ့မြင်ရခြင်းသည် အကြိမ်တစ်ရာကြားရခြင်းထက် ပိုကောင်း၏” ဟူသော တရုတ်စကားပုံတစ်ခုကိုကိုးကား၍ သတင်းစာရှင်းလင်းပွဲသို့တက်ရောက်သူများအား တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ပြီး တရုတ်နိုင်ငံအားလေ့လာရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်။

ရှီက ပါတီညီလာခံကြီးပြီးဆုံးသွားပြီးနောက် အဖွဲ့ဝင်များအနေဖြင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းနောက်သို့ ဆက်လက်လိုက်ပါပြီး တရုတ်နိုင်ငံအား ရှုထောင့်မျိုးစုံမှ ဆန်းစစ်လေ့လာသွားနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.