Connect with us

Politics, Law & Military

ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် အနက်အဓိပ္ပါယ်ဖွင့်ဆိုမှု၏ တရုတ်နိုင်ငံအတွေးအခေါ်

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ယန်ဖူစီးပွားရေးဇုန်တွင် ရိုက်ကူးသော ဟိုင်နန်လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်း တည်ဆောက်မှုဖြစ်သည့် ယန်ဖူနိုင်ငံတကာ ကွန်တိန်နာဆိပ်ကမ်းအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၃၀ ရက်(ဆင်ဟွာ)

လက်ရှိကမ္ဘာ၌ ကိုဗစ်-၁၉ ကပ်ရောဂါ၏မြူမှိုင်းများ ရှင်းလင်းသွားခြင်း မရှိသေးသည့် အခြေအနေတွင် ရုရှား-ယူကရိန်း ပဋိပက္ခ၏ စစ်မက်မီးလျှံ ထပ်မံတောက်လောင်နေရာ သမာရိုးကျနှင့်သမာရိုးကျမဟုတ်သော လုံခြုံရေးအန္တရာယ်ခြိမ်းခြောက်မှုများ အဆက်မပြတ် ဖြစ်ပေါ်လျက်ရှိသည်။ ကမ္ဘာ့အပြောင်းအလဲ၊ ခေတ်ကာလအပြောင်းအလဲ၊ သမိုင်း၏အပြောင်းအလဲသည် ယခင်က မဖြစ်ပွားမကြုံခဲ့ရဖူးသည် အခြေအနေများဖြင့် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဦးတည်မှုသည် ဆိုးဝါးသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေခြင်း ဖြစ်သည်။ ”ကမ္ဘာက ဘယ်လို လုံခြုံရေး အတွေးအခေါ်ခံယူချက်ကို လိုအပ်သလဲ၊ နိုင်ငံအသီးသီးက ဘုံလုံခြုံရေးကို ဘယ်လိုအကောင်အထည်ဖော်ရမလဲ” ဆိုသည်မှာ ခေတ်အခါ၏မဖြစ်မနေ မှန်ကန်စွာ အဖြေရှာရမည့် လိုအပ်ချက်ဖြစ်သည်။

ကမ္ဘာ့လုံခြုံရေး အဆိုပြုချက်ကို ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မကြာသေးမီ ကျင်းပခဲ့သော ၂၀၂၂ ခုနှစ် နှစ်ပတ်လည် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ်(BFA)တွင် အဆိုပြုခဲ့သည်။ ယင်းအရေးကြီးအဆိုပြုချက်သည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ အနာဂတ်ကံကြမ္မာ ခရီးနှင်ရာအတွက် ခေတ်ကာလ၏မေးခွန်းကို တိကျရှင်းလင်းစွာ ဖော်ပြထားရာ လူသားမျိုးနွယ် လုံခြုံရေးလိုအပ်ချက်ကို ဖြည့်ဆည်းရေးအတွက် တရုတ်နိုင်ငံ၏အတွေးအခေါ်ဉာဏ်ပညာဖြင့် အကျိုးဆောင်ခြင်း ဖြစ်သလို နိုင်ငံတကာလုံခြုံရေးစိန်ခေါ်မှုကို ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံ၏နည်းလမ်းကို ဖော်ပြခြင်းလည်း ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်စနစ်သည် အကြောင်းအရာကြွယ်ဝပြည့်စုံမှုရှိရာ အနောက်နိုင်ငံများ၏ ပထဝီနိုင်ငံရေး လုံခြုံမှုအတွေးအခေါ်၏ကန့်သတ်မှုကို ကျော်လွှားခြင်း ဖြစ်သည်။

“ဘုံ”အတူတကွ၊ ဘက်စုံ၊ ပူးပေါင်းဆောင်ရွက်မှုနှင့် စဉ်ဆက်မပြတ်သော လုံခြုံရေးအမြင်ကို ခိုင်မာစွာ လက်ကိုင်ထားခြင်း၊ နိုင်ငံအသီးသီး၏အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက်ကို လေးစားပြီး ကုလသမဂ္ဂပဋိညာဉ်စာတမ်းရည်ရွယ်ချက်နှင့်အခြေခံမူကို လေးစားလိုက်နာခြင်း၊ နိုင်ငံအသီးသီး၏သင့်လျော်မှုရှိသော လုံခြုံရေးဂရုပြုချက်ကို အလေးထားခြင်း၊ တွေ့ဆုံညှိနှိုင်းဆွေးနွေးမှု ငြိမ်းချမ်းရေးနည်းလမ်းဖြင့် နိုင်ငံများအကြား ကွဲလွဲမှုနှင့်အငြင်းပွားမှုများကို ဖြေရှင်းခြင်း၊ သမာရိုးကျနှင့်သမာရိုးကျမဟုတ်သော လုံခြုံရေးကဏ္ဍကာကွယ်ထိန်းသိမ်းရန် ပြင်ဆင်စီမံခန့်ခွဲခြင်း စသည့် အဓိက ကဏ္ဍ ၆ ရပ်သည် အပြန်အလှန်ချိတ်ဆက် သက်ရောက်မှု ရှိကြသည်။ ၎င်းမှာ ထိပ်တန်းဒီဇိုင်းရေးဆွဲမှု၏ ကျယ်ပြန့်သော အတွေးအခေါ်အမြင် ရှိသလို လက်တွေ့ပြဿနာရပ်များကို ဖြေရှင်းမည့် နည်းလမ်းလည်းရှိသော ပေါင်းစည်းမှုဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်သည် အခြေအနေ၊အခင်းအကျင်းအသစ်တွင် နိုင်ငံတကာအသိုက်အဝန်း အတူတကွ ဂရုပြုအလေးထားကြသည့် လုံခြုံရေးဖြစ်သည်။ ယင်းအဆိုပြုချက်၏အဓိကအနှစ်သာရမှာ လုံခြုံရေးအမြင်အသစ်ကို အတွေးအခေါ်ခံယူချက် လမ်းညွှန်မှုအဖြစ် ထားရှိခြင်း၊ အပြန်အလှန်လေးစားခြင်းကို အခြေခံလေးစားလိုက်နာမှုအဖြစ် ထားရှိခြင်း၊ လုံခြုံရေး ခွဲခြားမရမှုကို အရေးကြီးအခြေခံမူအဖြစ် ထားရှိခြင်း၊ လုံခြုံရေး အေးအတူ ပူအမျှအသိုက်ဝန်းတည်ဆောက်မှုကို ရေရှည်ရည်မှန်းချက်အဖြစ် ထားရှိခြင်း၊ ထိပ်တိုက်ရင်ဆိုင်မှုမဟုတ်သော တွေ့ဆုံဆွေးနွေးမှု၊ မဟာမိတ်ဖွဲ့ခြင်းမဟုတ်သည့် မိတ်ဖက်ဆက်ဆံမှု၊ သူနိုင်ကိုယ်နိုင် အကျိုးမဲ့ခြင်းမဟုတ်သည့် ဘုံအကျိုးဖော်ဆောင်မှုကို လုံခြုံရေးလမ်းစဉ်အသစ်အဖြစ် ထားရှိ လျှောက်လှမ်းခြင်း ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်သည် ကမ္ဘာ့ငြိမ်းချမ်းရေး နိုင်ငံတကာအသိုက်အဝန်း၏ ကာကွယ်ထိန်းသိမ်းမှုကို အချိန်မီတုန့်ပြန်ခြင်း၊ ပဋိပက္ခစစ်ပွဲဖြစ်ပွားမှုကို တားဆီးရေး လိုအပ်ချက်ကို တုန့်ပြန်ခြင်းနှင့် နိုင်ငံတကာ ပဋိပက္ခများ၏ အရင်းအမြစ်ကို ဖြေရှင်း၍ ကမ္ဘာ့ရေရှည် တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်ရန်အတွက် ဦးတည်ချက်သစ်ကို ပံ့ပိုးခြင်း ဖြစ်သည်။

ကမ္ဘောဒီးယား တော်ဝင် သိပ္ပံအကယ်ဒမီ တရုတ်နိုင်ငံလေ့လာရေး သုတေသနဌာန အကြီးအကဲ Ky Sereyvathက ကမ္ဘာတစ်ဝန်းလုံးတွင် ပြဿနာနှင့်စိန်ခေါ်မှုသစ်များ ကြုံတွေ့နေရချိန် သမ္မတရှီကျင့်ဖိန်၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်သည် အချိန်မီ အခါသင့် ဖြစ်ကြောင်း ဆိုသည်။

ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်သည် ကမ္ဘာ့နိုင်ငံအသီးသီး နိုင်ငံပေါင်းစုံဘက်ပေါင်စုံဝါဒ ခိုင်မာစွာ လက်ကိုင်ထားခြင်း၊ နိုင်ငံတကာအသိုက်အဝန်းစည်းလုံးညီညွတ်ရေး အတူကြိုးပမ်းမှုကို ထိန်းသိမ်းခြင်းနှင့် လျော်ညီပေသည်။ ယနေ့အခါ အချို့နိုင်ငံများက စစ်အေးခေတ်အတွေးအခေါ်ကို လက်ကိုင်ထား၍ အခြားသူအား ဖယ်ကျဉ်သော”အသိုက်အဝန်းငယ်”၊ အဖွဲ့ငယ်”ဖွဲ့ရန် အားသန်လျက်ရှိရာ ၎င်းမှာ နိုင်ငံတကာလုံခြုံရေးစနစ်ကို ဆိုးဝါးစွာ ပျက်စီးစေရာ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး စီမံခန့်ခွဲမှုလိုအပ်ချက်ကို ပို၍ ယိုယွင်းစေသည်။

စစ်မှန်သော နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒ ခံယူချက်အတွေးအခေါ်ကို အခြေပြုသည့် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး အဆိုပြုချက်သည် ကမ္ဘာ့နိုင်ငံအသီးသီး ကုလသမဂ္ဂပဋိညာဉ်စာတမ်းရည်ရွယ်ချက်နှင့်မူဝါဒကို လေးစား လိုက်နာ ပြီး သူနိုင်ကိုယ်နိုင် အကျိုးမဲ့အားပြိုင်ခြင်းနှင့် အုပ်စုဖွဲ့ထိပ်တိုက်ရင်ဆိုင်ရေး ခေတ်လွန် အတွေးအခေါ်များကို စွန့်လွှတ်ရန် နှိုးဆော်ခြင်း ဖြစ်သလို ရှုပ်ထွေးသည့်လုံခြုံရေးစိန်ခေါ်မှုကို ဘုံအကျိုးဖြစ်ထွန်းရေး အတွေးအခေါ်ဖြင့် ဖော်ဆောင်ရန်၊ စည်းလုံးညီညွတ်သော စိတ်ဓါတ်ဖြင့် နိုင်ငံတကာအခင်းအကျင်းနက်ရှိုင်းစွာ ချိန်ညှိရာတွင် သဟဇာတဖြစ်အောင် ဆောင်ရွက်ရန်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲရေး တစ်ဆင့်ကောင်းမွန်ပြည့်စုံဆောင်ရွက်ရာတွင် အတွေးလမ်းအသစ် ပံ့ပိုးပေးခြင်း ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ အာရှဖန်တီးရေးသုတေသနစင်တာ ဥက္ကဋ္ဌ Bambang Suryonoက တစ်ချို့အနောက်နိုင်ငံများ၏ တစ်ဖက်သတ် မိမိကိုယ်ကို လုံခြုံရေးကို ကြိုးပမ်းသော အတွေးအခေါ်နှင့် မတူညီသည်မှာ တရုတ်နိုင်ငံ အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် ကြိုးပမ်းမှုသည် ဘုံလုံခြုံရေးဖြစ်ကြောင်း၊ ငြိမ်းချမ်းမှုနှင်ပူးပေါင်းဆောင်ရွက်မှု လုံခြုံရေးအမြင်ကို အလေးထားခြင်း ဖြစ်ပြီး အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှရှိ၍ အပြန်အလှန်ယုံကြည်မှုရှိသည့် နိုင်ငံတကာစနစ် တည်ဆောက်ရေးအတွက် အကျိုးရှိစေရာ လူသားမျိုးနွယ်တို့၏ ထာဝရ ငြိမ်းချမ်းရေးနှင့်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရာ၌ လေးနက်သည့်အဓိပ္ပါယ်ရှိကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်သည် နိုင်ငံအသီးသီး ပြည်သူများ၏ အကျပ်အတည်းအချိန်ကာလကို ဖြတ်ကျော်ရန်နှင့် လက်တွဲညီညီ ကပ်ရောဂါအလွန်ကာလ သာယာလှပသောကမ္ဘာကို တည်ဆောက်ရေး အများဆန္ဒ၏ ပဲ့တင်သံဖြစ်သည်။

လက်ရှိတွင် ကမ္ဘာစီးပွားရေးပြန်လည်ရှင်သန်းရေး အင်အားချိနဲ့နေခြင်း၊ ငွေကြေးဖောင်းပွမှုဖိအား အဆက်မပြတ် မြင့်တက်နေခြင်း၊ ဘဏ္ဍာရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်း၊ စားနပ်ရိက္ခာ၊ ထုတ်ကုန်လုပ်ငန်း ကွင်းဆက်၊ ထောက်ပို့ရေးလုပ်ငန်းကွင်းဆက်စသည့် အန္တရာယ်အကျပ်အတည်းအမျိုးမျိုးများ ဖြစ်ပွားလျက် ရှိသည်။ အနည်းစုသောနိုင်ငံများက တစ်ဖက်သတ်ပိတ်ဆို့အရေးယူခြင်း နှင့် ”လက်တံရှည်လှမ်းစီမံခန့်ခွဲခြင်း”၊ “ခြံဝန်းခတ် တံတိုင်းအမြင့်ကာ” “မျဉ်းယှဉ်ထားစနစ်”ကို တည်ဆောက်လိုခြင်း၊ အမျိုးသားလုံခြုံရေးသဘောတရားကို အကျယ်ချဲ့ခြင်း၊ အခြားနိုင်ငံ၏စီးပွားရေးသိပ္ပံနည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို ဖိနှိပ်ဟန့်ထားခြင်းတို့သည် ကမ္ဘာ့နိုင်ငံအသီးသီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပြည်သူ့ဘဝနေထိုင်မှုအခက်အခဲကို ပို၍ တစ်ဆင့်တိုး ဆိုးဝါးစေသည်။

ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်သည် ပြီးခဲ့သည့်နှစ် တရုတ်နိုင်ငံက အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်နှင့် အပြန်အလှန် လိုက်ဖက်တူညီ၊ဖေးမကူညီမှုရှိရာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဘုံအကျိုးဖော်ဆောင်ရေး ခေတ်ရေစီးကြောင်း၏ ပဲ့တင်သံဖြစ်သလို နိုင်ငံတကာအသိုက်အဝန် ကြိုးပမ်းရှာဖွေကြသည် မျှခြေနှင့်စက်ဝိုင်းဗဟိုချက်ဖြစ်ပြီး နိုင်ငံအသီးသီး ပြည်သူ့နေထိုင်မှုဘဝမြှင့်တင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအားထုတ်ကြိုးပမ်းမှု၏ ထောက်တိုင်အသစ် ဖြစ်သည်။

ဥရောပ နယူးမီဒီယာ အဖွဲ့ အယ်ဒီတာချုပ် ဖန်ရွှန်းက ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအဆိုပြုမှုသည် ကမ္ဘာ့ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် တရုတ်နိုင်ငံ၏တာဝန်ယူအကျိုးဆောင်မှုကို ထင်ဟပ်ခြင်းဖြစ်သလို မရေရာသည့်ကမ္ဘာအခြေအနေတွင် တည်ငြိမ်ရေးအတွက် အားသစ်လောင်းပေးခြင်း ဖြစ်သည်။

သမိုင်းလမ်းကြောင်းတွင် မှန်ကန်သောလမ်းကို ရှေးရှုလျှောက်လှမ်းကြမည်ဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး အဆိုပြုချက်ရှိလာပြီးနောက် နိုင်ငံတကာအသိုက်အဝန်း၏ တက်ကြွသည့် တုန့်ပြန်မှု၊ ကျယ်ပြန့်သော အပြုသဘောဆောင် ပြောကြားမှုများ ရရှိခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာပေါ်ရှိ ငြိမ်းချမ်းရေးချစ်မြတ်နိုးသူ အားလုံးနှင့်အတူ နိုင်ငံနှင့်ပြည်သူလူထုဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲ၍ အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအဆိုပြုချက် မူဘောင်အောက်တွင် ရှေ့သို့ လျှောက်လှမ်းကာ ရေရှည်ငြိမ်းချမ်းရေးနှင့်အများလုံခြုံရေးလမ်းစဉ်ကြီးကို အတူဖွင့်လှစ်၍ ခေတ်အဆက်ဆက် လက်ဆင့်ကမ်း ဖော်ဆောင်သွားမည် ဖြစ်သည်။ (Xinhua)

#China, #GlobalSecurityInitiative, #xinhua, #xinhuamyanmar, #တရုတ်, #ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအဆိုပြုချက်, #ဆင်ဟွာ
—————————–
(Chinese Version)

(全球安全倡议)(新华国际时评)标本兼治的中国智慧——解读全球安全倡议系列评论之一
2022-05-29 09:49:15
新华社北京5月29日电题:标本兼治的中国智慧——解读全球安全倡议系列评论之一
新华社记者乔继红
当今世界,新冠疫情阴霾尚未散去,俄乌冲突硝烟又起,各种传统和非传统安全威胁层出不穷。世界之变、时代之变、历史之变正以前所未有的方式展开,和平与发展的时代主题面临严峻挑战。“世界需要什么样的安全理念、各国怎样实现共同安全”——时代之问迫切需要正确解答。
前不久,中国国家主席习近平在博鳌亚洲论坛2022年年会开幕式上发表主旨演讲,首次提出全球安全倡议。这一重大倡议从全人类的前途命运出发,明确回答时代课题,为弥补人类和平赤字贡献了中国智慧,为应对国际安全挑战提供了中国方案。
全球安全倡议体系完整,内容丰富,是对西方地缘政治安全理论的扬弃超越。坚持共同、综合、合作、可持续的安全观,坚持尊重各国主权、领土完整,坚持遵守联合国宪章宗旨和原则,坚持重视各国合理安全关切,坚持通过对话协商以和平方式解决国家间的分歧和争端,坚持统筹维护传统领域和非传统领域安全,核心要义的“六个坚持”彼此联系,相互呼应,既有顶层设计的宏观思维,又有解决实际问题的方法路径,是辩证统一的有机整体。
全球安全倡议回应新形势下国际社会共同的安全关切。这一倡议的精髓要义是,以新安全观为理念指引,以相互尊重为基本遵循,以安全不可分割为重要原则,以构建安全共同体为长远目标,走出一条对话而不对抗、结伴而不结盟、共赢而非零和的新型安全之路。全球安全倡议及时有效回应国际社会维护世界和平、防止冲突战争的迫切需要,为消弭国际冲突根源、实现世界长治久安提供了新方向。柬埔寨皇家科学院中国研究所所长基塞雷瓦特说,在全球面临许多新问题和新挑战时,习近平主席提出全球安全倡议非常及时。
全球安全倡议顺应世界各国坚持多边主义、维护国际团结的共同追求。如今,一些国家固守冷战思维,热衷于搞排他性“小圈子”“小集团”,挑动冲突对抗,严重破坏国际安全秩序,加剧全球安全治理赤字。全球安全倡议植根于真正的多边主义理念,呼吁世界各国遵守联合国宪章宗旨和原则,摒弃零和博弈、阵营对抗的过时观念,倡导以共赢思维应对复杂交织的安全挑战,以团结精神适应深刻调整的国际格局,为进一步完善全球安全治理提供了新思路。印度尼西亚亚洲创新研究中心主席班邦·苏尔约诺表示,不同于某些西方国家片面追求自身安全的思维,中国提出的全球安全倡议追求的是共同安全,是强调和平、合作的安全观,有利于建立相互尊重、平等互信的国际秩序,对人类实现持久和平与长远发展具有重要意义。
全球安全倡议响应各国人民共克时艰、携手开创疫后美好世界的普遍愿望。当前,全球经济复苏脆弱乏力,通胀压力持续上升,金融、贸易、能源、粮食、产业链供应链等各种危机接踵而至。少数国家大肆出台单边制裁和“长臂管辖”,执意打造“小院高墙”“平行体系”,泛化国家安全概念、打压遏制别国经济科技发展,进一步加重了世界各国特别是发展中国家的民生困难。全球安全倡议与中国去年提出的全球发展倡议相互呼应、相辅相成,呼应和平、发展、合作、共赢的时代潮流,统筹维护传统安全和非传统安全,在国际社会寻求最大公约数、画出最大同心圆,为各国促民生、谋发展提供了新支撑。欧洲新传媒集团总编辑范轩说,全球安全倡议的提出,体现了中国对促进世界和平稳定的贡献和担当,为不确定的世界注入了确定性。
乘历史大势而上,走人间正道致远。全球安全倡议自提出以来,在国际社会引起热烈反响,得到广泛积极评价。中国愿同世界上所有爱好和平、致力于发展的国家和人民携手努力,在全球安全倡议框架下相向而行,共同开辟迈向持久和平和普遍安全的康庄大道,让和平的薪火代代相传。(完)
图说1:这是2021年12月5日清晨在海南洋浦经济开发区拍摄的海南自贸港建设重要的集装箱航运枢纽——洋浦国际集装箱码头(无人机照片)。 新华社记者 蒲晓旭 摄