Connect with us

Social, Education & Health

အကြံပေးအဖွဲ့များ၊ မီဒီယာသစ်တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆင်ဟွာ၊ အယ်လ်ဂျာဇီးယားတို့ သဘောတူ

ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ချိုင့်မင်ကျောက် (ယာ) နှင့် အယ်လ်ဂျာဇီးယား မီဒီယာကွန်ရက် ယာယီဒါရိုက်တာ Mostefa Souag တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ချိုင့်မင်ကျောက်သည် အယ်လ်ဂျာဇီးယား မီဒီယာကွန်ရက် (Al-Jazeera Media Network) ယာယီဒါရိုက်တာ Mostefa Souag နှင့် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးရန် ဒီဇင်ဘာလ ၆ ရက်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဆင်ဟွာအနေဖြင့် အယ်လ်ဂျာဇီးယားနှင့် ပူးပေါင်းဆောင်ရွက်မှုအား မြင့်မြင့်မားမား တန်ဖိုးထားပါကြောင်း၊ မီဒီယာနှစ်ခုလုံးအနေဖြင့် တစ်ဦးထံမှတစ်ဦး များစွာလေ့လာရမည်ဖြစ်ကြောင်း ချိုင့်က ဆိုသည်။

၂၀၁၆ ခုနှစ်က မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှုအား လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ယင်းတွင် ပုဂ္ဂိုလ်ရေးဆိုင်ရာဖလှယ်မှုများနှင့် သတင်း၊ ဗီဒီယို၊ ဓာတ်ပုံနှင့် အခြားနယ်ပယ်များ၌ သတင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အခြေခံမူများကို ထည့်သွင်းထားကြောင်း ချိုင့််က ဖြည့်စွက်ပြောကြားထားသည်။

အဆိုပါ သဘောတူညီမှုအပေါ် အခြေခံကာ ဆက်သွယ်ရေးနှင့် ဆွေးနွေးညှိနှိုင်းမှု မြှင့်တင်ရေး၊ အကြံပေးအဖွဲ့များ၊ မီဒီယာသစ်နှင့် အခြားသောနယ်ပယ်များ တိုးချဲ့ရေးအတွက် မျှော်လင့်ကြောင်း ချိုင့်က ဖော်ပြခဲ့သည်။

အယ်လ်ဂျာဇီးယားဘက်ကလည်း ဆင်ဟွာနှင့်အတူ ယင်းနယ်ပယ်များ၌ ဖလှယ်မှုများ တိုးမြှင့်ရေးအတွက် မျှော်လင့်ကြောင်း Souag က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.