Connect with us

ASEAN

စင်ကာပူနိုင်ငံ၌ COVID-19 အတည်ပြုလူနာ ၁,၃၀၉ ဦး အထိ တိုးလာ 

စင်ကာပူနိုင်ငံ၏ မြို့မြင်ကွင်းအချို့အား ဧပြီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူ၊ ဧပြီ ၆ ရက်(ဆင်ဟွာ) စင်ကာပူနိုင်ငံတွင်  ဧပြီ ၅ ရက်က အသစ်ထပ်တိုး အတည်ပြုလူနာ ၁၂၀ ဦးရှိခဲ့ရာ ယခုအခါ စုစုပေါင်း အတည်ပြုလူနာ ၁,၃၀၉ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာန၏ ယင်းနေ့တွင် ထုတ်ပြန်သည် ကိန်းဂဏန်းများအရ သိရသည်။

အဆိုပါ ဧပြီ ၅ ရက်က အသစ်ထပ်တိုးလူနာအရေအတွက်သည် ယခင်ရက်က ဖြစ်ပွားခဲ့သော ထပ်တိုးနှုန်းကို ကျော်လွန်၍ စံချိန်ချိုးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ ထပ်တိုးလူနာ ၁၂၀ ဦးတွင် ၄ ဦးမှာ ပြည်ပမှာဝင်ရောက်ခြင်း ဖြစ်ပြီး ၁၁၆ ဦး မှာ နိုင်ငံအတွင်း ကူးစက်ခံရသူများဖြစ်ကြောင်း သိရသည်။ နိုင်ငံအတွင်းကူးစက်ခံရသူ ၁၁၆ ဦး အနက် အယောက် ၅ဝ မှာ ယခင် အတည်ပြုလူနာများနှင့် ထိတွေ့ ဆက်စပ်မှု ရှိကြောင်း သိရသည်။

စင်ကာပူနိုင်ငံ၏ မြို့မြင်ကွင်းအချို့အား ဧပြီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူနိုင်ငံ၏ မြို့မြင်ကွင်းအချို့အား ဧပြီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဧပြီ ၅ ရက် နေ့လည်ပိုင်းအချိန်အထိ စင်ကာပူနိုင်ငံတွင် အတည်ပြုလူနာ ၁,၃၀၉ ဦးရှိရာ ၎င်းတို့အနက် သေဆုံးသူ ၆ ဦး နှင့် ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ ၃၂၀ ဦး အသီးသီး ရှိကြောင်း သိရသည်။ (Xinhua)