Connect with us

CHINA

ကမ္ဘာ့ဆေးပညာရှင်များနှင့် ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွေ့အကြုံ  တရုတ်နိုင်ငံဆေးရုံ  မျှဝေ 

ကျဲ့ကျန်းဆေးတက္ကသိုလ် (Zhejiang University School of Medicine) ၏ ပထမ တွဲဖက်ဆေးရုံမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊  ဧပြီ ၄ ရက် (ဆင်ဟွာ)  

တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်ရှိ ဆေးရုံတစ်ခု က ကမ္ဘာ့နိုင်ငံပေါင်း ၂၀ကျော်မှ ဆေးပညာရှင် ၅၀၀ ကျော်နှင့် ဗီဒီယိုဆွေးနွေးမှုမှတစ်ဆင့် COVID-19 တိုက်ဖျက်ရေး အတွေ့အကြုံများကို မကြာသေးမီက ဝေမျှခဲ့ကြောင်း သိရသည်။ 

Usher Institute of the University of Edinburgh ၏ဖိတ်ကြားချက်အရ ကျဲ့ကျန်းဆေးတက္ကသိုလ် (Zhejiang University School of Medicine) ၏ ပထမ တွဲဖက်ဆေးရုံမှ ကျွမ်းကျင်ပညာရှင်များက  အင်တာနက်မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပို့ချမှုများနှင့် COVID-19 လူနာများနှင့် အခြားလူနာများကို ကုသမှုအား မည်သို့ စီမံခန့်ခွဲရပုံ၊ CT စမ်းသပ်မှု မည်သို့ဆောင်ရွက်သင့်ပုံ၊  ဆိုသည့်မေးခွန်းများ အပါအဝင် ကြိုတင်ရယူစုဆောင်းထားသည့် မေးခွန်းများကို ဖြေကြားမှုများ ပြုလုပ်ခဲ့သည်။ 

သင်ကြားမှုများမှာ ဆေးရုံ၏အကြီးအကဲ လျန်တင်ပို (Liang Tingbo) မှ COVID-19 ကူးစက်ခံထားရသည့် သက်ကြီးလူနာကို အဆုတ်အစားထိုးကုသမှု၊ အသက် ၉၆ နှစ်အရွယ် လူနာကို ကုသမှုနှင့် ကိုယ်ဝန်ဆောင်တစ်ဦးအား ကလေးမွေးဖွားပေးမှုကဲ့သို့သော ကုသမှုများစွာကို ဝေမျှခဲ့ကြောင်း သိရသည်။

ဗြိတိန်၊ အမေရိကန်၊ ရုရှားနှင့် ချီလီ စသည့်နိုင်ငံများမှ ဆေးပညာရှင်များနှင့်  ကမ္ဘာ့ဘဏ်ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများကို မတ်လ ၁၂ရက်မှစတင်ကာ အတွေ့အကြုံများဝေမျှပေးရန်အတွက် ဟောပြောပို့ချမှုများစွာ ပြုလုပ်ပေးရန် အဆိုပါ ဆေးရုံကို ဖိတ်ကြားခြင်းခံခဲ့ရသည်။  

ကျဲ့ကျန်းဆေးတက္ကသိုလ် (Zhejiang University School of Medicine) ၏ ပထမ တွဲဖက်ဆေးရုံ၊ ဂျက်မာဖောင်ဒေးရှင်းနှင့် အလီဘာဘာဖောင်ဒေးရှင်းတို့မှ ဘာသာစကားပေါင်းစုံဖြင့် ရေးသားထားသော COVID-19 တားဆီး ကုသရေး လက်စွဲစာအုပ်ထုတ်ဝေခဲ့သည်။

ဧပြီ ၃ ရက်အထိ  အဆိုပါလက်စွဲစာအုပ်ကို ကမ္ဘာတစ်ဝန်း ဒေါင်းလုတ်ရယူသည့် အရေအတွက် ၅၄၁,၀၀၀ ရှိပြီး ဝင်ရောက်ကြည့်ရှုသည့် အရေအတွက်မှာ ၃.၂၉ သန်း ရှိခဲ့ကာ နိုင်ငံနှင့်ဒေသ ၂၂၉ ခုကို လွှမ်းခြုံနိုင်ခဲ့ပြီဖြစ်သည်ဟု လျန်၏အဆိုအရ သိရသည်။  (Xinhua)