Connect with us

CHINA

ဗိုင်းရပ်စ်နှိမ်နင်းရေးနှင့် ကုန်စည်စီးဆင်းမှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများအား အထောက်အပံ့ဖြစ်စေရန် ICBC ဘဏ်က ယွမ်ငွေ ၄၀၀ ဘီလီယံကျော်ဖိုးငွေချေး စာချုပ်များအတွက် ဝန်ဆောင်မှုပေးခဲ့

တရုတ်နိုင်ငံ ICBC ဘဏ်အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၄ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံ ၏ အကြီးမားဆုံးသောငွေချေးလုပ်ငန်းလည်းဖြစ်သည့် တရုတ်နိုင်ငံစက်မှု နှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် (ICBC)သည်ဗိုင်းရပ်စ်နှိမ်နင်းရေးလုပ်ငန်းများတွင်ငွေကြေး ထောက်ပံ့ရန် နှင့် ကုန်စည်စီးဆင်းရေး နှင့်ဝန်ဆောင်မှုလုပ်ငန်းများကိုကျားကန် ပေးနိုင်ရန်အတွက်ငွေချေးစာချုပ်များအား  ရောင်းဝယ်ရေးတွင် ဝန်ဆောင်မှုပေးခြင်းဖြင့်  ရန်ပုံငွေမြှင့်တင်ခဲ့ကြောင်းသိရသည်။

အဆိုပါဘဏ်က ၂၀၂၀ ပြည့်နှစ် ၏ ပထမ ၃ လပတ်တွင် ကပ်ရောဂါ ဘေးနှင့်ဆက်စပ်နေသော ငွေချေးစာချုပ် ၄၀ နှင့်အတူ ယွမ် ၄၀၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၆ ဒသမ ၈၃ ဘီလီယံ)  တန်ဖိုးရှိ ငွေချေးစာချုပ်များ အတွက်  ဝန်ဆောင်မှုပေးခဲ့ပြီး ငွေချေးစာချုပ်ထုတ်ဝေသူများအတွက်  ယွမ်ငွေဘီလီယံ ၁၀၀ နီးပါး ရရှိစေခဲ့ကြောင်း သိရသည်။ 

ICBC ဘဏ် အနေဖြင့်ငွေချေးစာချုပ်များထုတ်ဝေမှုပိုမိုမြန်ဆန်စေရန် Green Passage စီမံချက်တစ်ခု ကို ဆောင်ရွက်ခဲ့ပြီး ကပ်ရောဂါအစောပိုင်းကအဆိုးရွားဆုံး ထိခိုက်ခဲ့သောဒေသဖြစ်သည့်ဟူပေပြည်နယ်အပါအ ဝင်ဒေသန္တရအစိုးရ ငွေချေးစာချုပ်များတွင်တက်ကြွစွာရင်းနှီးမြှုပ်နှံကာ  ကုမ္ပဏီများ၏ငွေရေးကြေးရေးလိုအပ်ချက်များနှင့် သက်မွေးမှု အစီအစဉ်များအားထောက်ပံ့ရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  (Xinhua)