Connect with us

CHINA

တရုတ် နိုင်ငံ က မည်သည့်ချိန်မှ မိတ်ဆွေ ဒုက္ခရောက်နေသည်ကို လက်ပိုက်ကြည့် နေခြင်း မရှိခဲ့ဘဲ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား 

ရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က ဧပြီ ၃ ရက် ၌ အီးယူ နိုင်ငံခြားရေး နှင့် လုံခြုံရေး မူဝါဒ အဆင့်မြင့် ကိုယ်စားလှယ် Josep Borrell နှင့် ဖုန်းဖြင့် ဆက်သွယ်ပြောကြားရာ တွင် တရုတ် နိုင်ငံ အနေဖြင့် မည်သည့် အချိန်မှ မိတ်ဆွေ ဒုက္ခရောက်နေချိန်တွင် လက်ပိုက်ကြည့်နေခြင်း မရှိခဲ့ဘဲ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဖုန်းဖြင့် ဆက်သွယ်ပြောကြားရာတွင် ဝမ်ရိ က လက်ရှိချိန်တွင် COVID-19 ရောဂါကြောင့် ဥရောပ နိုင်ငံများ တွင် ဆိုးရွာစွာ အသက်ဆုံးရှုံးမှုများ ဖြစ်ပွား ခဲ့သဖြင့် တရုတ် နိုင်ငံ က ထပ်သူ ဝမ်းနည်း မိကြောင်း ၊ ကပ်ရောဂါ က လူသားမျိုးနွယ် တစ်ရပ်လုံး အတွက် ဆိုးရွားသည့် ခြိမ်းခြောက်မှု ဖြစ်ပွား စေခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက စည်းလုံးညီညွတ်မှသာ ကပ်ရောဂါ တိုက်ဖျက်ရေး စစ်ပွဲ တွင် အနိုင်ရရှိနိုင်မည် ဖြစ်ကြောင်း ၊ တရုတ်-ဥရောပ သည် ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး တည်ရှိပြီး အေးအတူပူအမျှ စိတ်ဓာတ်အား ဖော်ဆောင်ကာ အပြန်အလှန် ကူညီထောက်ပံ့သည့် အစဉ်အလာ ကို လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် အီးယူ အနေဖြင့် ဘက်ပေါင်းစုံ မှ စိန်ခေါ်မှုများ အား ရင်ဆိုင်နေရသဖြင့် တရုတ် နိုင်ငံ သည် ကပ်ရောဂါ နှင့် ရင်ဆိုင်နေရသော်လည်း အီးယူ အား ကူညီမှုများ ပြုလုပ်ပေးခဲ့ကြောင်း ၊ တရုတ်-အီးယူ အနေဖြင့် ကပ်ရောဂါ အား အတူတကွ လက်တွဲ တိုက်ဖျက်နေစဉ် အတွင်း အပြန်အလှန် ယုံကြည်မှု ပိုမို တိုးချဲ့လာနိုင်ပြီး ပူးပေါင်းဆောင်ရွက်မှု သည်လည်း ပိုမိုနက်ရှိုင်းလာနိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ၏ ဥရောပ နိုင်ငံ များ အပေါ် ကူညီထောက်ပံ့မှု နှင့် ပတ်သက်၍ သံသယ ရှိသည့် သဘောထားအမြင်များ နှင့် ပတ်သက်၍ ဝမ်ရိ က တရုတ် လူမျိုးများသည် လွန်စွာ ကျေးဇူးသိတတ် သည့် လူမျိုး ဖြစ်ပြီး ဥရောပ နိုင်ငံ ၏ လိုအပ်ချက်အပေါ် ကူညီထောက်ပံ့မှု ဆောင်ရွက်ပေးခြင်းသည် မိတ်ဆွေ အချင်းချင်း အပြန်အလှန် ကူညီထောက်ပံ့သည့် သဘောထား ဖြစ်ကြောင်း ၊ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခြင်းသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု စိတ်ဓာတ်ကြောင့် ဖြစ်ပြီး တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဖော်ဆောင် သည့် လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း အတွေးအမြင် အတွက် လည်း ဖြစ်ကြောင်း ၊ ယခုကဲ့သို့ သမိုင်းတစ်လျှောက် မရှိခဲ့ဖူးသည့် အန္တရာယ် နှင့် ကြုံတွေ့ရချိန်တွင် နိုင်ငံအသီးသီး အနေဖြင့် သဘောထားကွဲလွဲမှု ကို ဖယ်ရှားပြီး သံသယ အမျိုးမျိုး ကို ဖယ်ရှားကာ ကပ်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု ကို နိုင်ငံရေး အသွင် မဖြစ်အောင် ရှောင်ရှားရမည် ဖြစ်ကြောင်း ၊ မိမိ တို့ အနေဖြင့် နိုင်ငံများ က ကွဲပြားသော်လည်း အားလုံး က ကမ္ဘာပေါ်တွင် နေထိုင်သည့် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်းများ ဖြစ်ကြကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဥရောပ နိုင်ငံ များ နှင့် အတူတကွ ကျန်းမာရေး စနစ် အားနည်းသည့် နိုင်ငံ များ ကို ကူညီထောက်ပံ့မှုများ ဆောင်ရွက်သွားလိုပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ နှင့် အာဖရိက နိုင်ငံ များ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ကူညီထောက်ပံ့ပေးသွားလိုကြောင်း ပြောကြား ခဲ့သည်။

Josep Borrell က မိမိ အနေဖြင့် တရုတ် နိုင်ငံ ၏ သဘောထား အမြင်အား လုံးဝ ထောက်ခံပြီး တရုတ် နိုင်ငံ ၏ အားပေးမှု အပေါ် ကျေးဇူးတင်လိုကြောင်း ၊ လက်ရှိချိန်တွင် ဥရောပ နိုင်ငံ များ ၌ ကပ်ရောဂါ အခြေအနေ က လွန်စွာ ဆိုးရွားနေပြီး ဆက်လက်၍လည်း ပိုမိုဆိုးရွားလာကြောင်း ၊ ကပ်ရောဂါကြောင့် လူများသေဆုံးသည့် အပြင် စီးပွားရေး ကဏ္ဍ ကို လည်း ဆိုးရွားစွာ ထိခိုက်စေခဲ့ကြောင်း ၊ အီးယူ အနေဖြင့် တရုတ် နိုင်ငံ မှ အီးယူ အဖွဲ့ဝင် နိုင်ငံ များအပေါ် ကူညီထောက်ပံ့မှု နှင့် ပတ်သက်၍ ချီးမွမ်းလိုပြီး တရုတ် နိုင်ငံ ၏ ကမ္ဘာ့ကပ်ရောဂါ တိုက်ဖျက်ရေး တွင် အပြုသဘောဆောင်သည့် ဆောင်ရွက်မှုများ အပေါ် အပြည့်အဝ ထောက်ခံကြောင်း ၊ အခြားနိုင်ငံများ လိုအပ်မှု ရှိချိန်တွင် ကူညီထောက်ပံ့ပေးခြင်း သည် တရုတ် နိုင်ငံ ကောင်းမွန်သော ရိုးရာ အစဉ်အလာ ဖြစ်ပြီး ကပ်ရောဂါ နှင့် ရင်ဆိုင်ချိန်တွင် နိုင်ငံအားလုံး က ကံကြမ္မာအကျိုးတူ အသိုက်အဝန်းတစ်ခု ဖြစ်ကြောင်း ၊ နိုင်ငံတကာ အသိုင်းအဝိုင်း က ညှိနှိုင်းပူးပေါင်းဆောင်ရွက် မှသာ နောက်ဆုံးတွင် အောင်မြင်မှု ရရှိနိုင်မည် ဖြစ်ပြီး အီးယူ အနေဖြင့် တရုတ် နိုင်ငံ နှင့် လက်တွဲ၍ အခက်အခဲများ ကို ရင်ဆိုင်သွားလိုကြောင်း ပြောကြား ခဲ့သည်။  (Xinhua)